Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့မှပြည်သူစစ်ခေါင်းဆောင်ပါအဖွဲ့ပစ်ခတ်ခံရပြီး​သေဆုံး

အရန်မီးသတ်တပ်ဖွဲ့ဝင်အဖြစ်မှပခုက္ကူမြို၏စစ်ကောင်စီလက်အောက်ခံမြို့မပြည်သူစစ်တပ်ဖွဲ့ခေါင်းဆောင်ဖြစ်လာသူ အပါအဝင် ‌လေးဦးကိုပခုက္ကူ ပကဖ နှင့် ပူးပေါင်းတပ်များကပစ်ခတ်ရှင်းလင်းလိုက်သည်။

ပျူများထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်း ။ဓါတ်ပုံ-ပခုက္ကူပကဖ

​တော်လှန်​ရေးအဖွဲ့များက လက်နက်ခဲယမ်းများရရှိ

​ဇွန်-၂၊၂၀၂၅။‌အိမ်သွင်/People’s Spring

အရန်မီးသတ်တပ်ဖွဲ့ဝင်အဖြစ်မှပခုက္ကူမြို၏စစ်ကောင်စီလက်အောက်ခံမြို့မပြည်သူစစ်တပ်ဖွဲ့ခေါင်းဆောင်ဖြစ်လာသူ အပါအဝင် ‌လေးဦးကိုပခုက္ကူ ပကဖ နှင့် ပူးပေါင်းတပ်များကပစ်ခတ်ရှင်းလင်းလိုက်သည်။

အမှတ်(၁၀၁)‌ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံမြို့မပြည်သူစစ်တပ်ဖွဲ့ခေါင်းဆောင် ကျော်စိုးနိုင်ပါသောအဖွဲ့ကဇွန်လ ၁ရက် နံနက်ပိုင်းတွင်ကားဖြင့်လာစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကျော်စိုးနိုင်က ပခုက္ကူမှာတော့စကစအတွက်တော်တော်အရေးပါတဲ့ကောင်။အရင်က ပခုက္ကူမြို့မဈေးအရံ မီးသတ်။အာဏာသိမ်းပြီးနောက်ပိုင်း ဒီကောင်တွေ ပြည်သူ့စစ်ဖြစ်လာပြီးတော်တော်အလုပ်လုပ်နေတဲ့ကောင်”ဟု ပခုက္ကူမြို့မှ ဒေသခံတစ်ဦးကပြောသည်။

ပခုက္ကူမြို့နယ်၊ဆင်မင်းကျေးရွာသို့တာဝန်ပြောင်းလဲရန်လာစဉ် ကားနှစ်စီးဖြင့်လာစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၄၅မိနစ်ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ပခုက္ကူမြို့နယ်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ထားသည်။

ပြည်သူ့စစ် ၄ ဦး သေဆုံးပြီး MA3 တစ်လက်၊ပစ္စတိုတစ်လက်၊ လက်နက်ခဲယမ်းများနှင့်ငွေသား (၃၁) သိန်း သိမ်းဆည်းခဲ့ကြောင်းအသိ​ပေးထားသည်။တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်သူ့ကာကွယ်ရေးအဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း(၁၆)၊ ဗိုလ်ကလယ်တပ်ပေါင်းစုတို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပခုက္ကူမြို့တွင် ဇွန်လ ၁ရက်နေ့ နံနက်အစောပိုင်းကလည်းခရိုင်မီးသတ်ရုံးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Pakokku – Special Task Force က သတင်းထုတ်ပြန်ထားသည်။

ပခုက္ကူမြို့နယ်အတွင်းယခုရက်ပိုင်း၌အမှတ်(၁၀၁)‌ခြေမြန်တပ်မဌာနချုပ်မှထွက်လာသည့် ကားအစီးရေ ၁၀၀ ကျော်ပါ စစ်ယာဉ်တန်းသည် ပေါက်၊ ကျောက်ထု၊ ထီးလင်းလမ်းတွင် ဦးတည်နေသည်။ ဒေသခံများ၏လုံခြုံရေးအတွက် ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook