Connect with us

Hi, what are you looking for?

သတင်း

ဆောင်းပြောင်းရွာစခန်းသိမ်းတိုက်ပွဲ၌ KNDF ရဲဘော်နှစ်ဦး ကျဆုံး

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့တပ်စွဲထားသည့် ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းရွာစခန်းသိမ်းတိုက်ပွဲ၌ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း-၂၉ က ယနေ့ အသိပေးသည်။

ကျဆုံးသွားခဲ့သော ရဲဘော်နှစ်ဦး၏ နာရေးပြုလုပ်နေစဥ်။ ဓာတ်ပုံ - KNDF-B29

ဇွန်-၂၊ ၂၀၂၅။ ရဲခေါင်/People’s Spring

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့တပ်စွဲထားသည့် ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းရွာစခန်းသိမ်းတိုက်ပွဲ၌ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း-၂၉ က ယနေ့ အသိပေးသည်။

တပ်ရင်း- ၂၉ ၏ တပ်ခွဲ ၁ စစ်ကြောင်းမှူး ရဲဘော် ဆလိုင်း ရဲနိုင်(ခ)ဂျော်ကာ နှင့် ဒုတပ်တပ်ခွဲမှူး မင်းထက်နိုင်(ခ)အရိုး တို့သည် ဆောင်းပြောင်းရှေ့တန်း စစ်မြေပြင် တိုက်ပွဲတွင် မေလ ၂၄ ရက်က ကျဆုံးခဲ့ရခြင်းဟု ဆိုသည်။

“ကျည်ကာပြားတွေနဲ့ ကျည်ကာဦးထုပ်တွေ ဒီ့ထက်ပို လုံလောက်ခဲ့ရမှာ။ မပြည့်စုံမှုတွေကြားထဲကနေ တိုက်ပွဲဝင်ခဲ့ကြတာ။ ဒါတွေသာပါခဲ့ရင် သူတို့ကိုဆုံးရှုံးခဲ့ရမှာမဟုတ်ဘူး”ဟု တပ်ရင်း-၂၉ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အာဏာရှင်စနစ်ကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်လာရေးအတွက် ယခုလိုအသက်ပေးလှူပြီး တိုက်ပွဲဝင်ခဲ့သော ရဲဘော် ရဲနိုင်(ခ)ဂျော်ကာ နှင့် ရဲဘော် မင်းထက်နိုင်(ခ)အရိုး တို့အတွက် ဂုဏ်ယူဝမ်းနည်းမိကြောင်း KNDF တပ်ရင်းအမှတ်-၂၉ ကထုတ်ပြန်သည်။

မြင့်မြတ်စွာ အသက်ပေးလှူသွားသည့် ရဲဘော်များအားလုံးကို ရည်ရွယ်၍ တော်လှန်ရေးပန်းတိုင်ဆီသို့ ပိုမိုကြိုးစားပြီး အရောက်သွားမည်ဖြစ်ကြောင်းလည်း ကတိပြုသည်။

ဆောင်းပြောင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် စခန်းများကို တိုက်ခိုက်ရာ စစ်သုံးပန်းများနှင့်လက်နက်ခဲယမ်းများရရှိကြောင်း ဖယ်ခုံ PDFက မေလ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။

မေလ ၁၇ ရက်မှ ၂၆ ရက်နေ့အထိ ဆယ်ရက်တာ တိုက်ပွဲ၌ ဆောင်းပြောင်းကျေးရွာမှ စစ်ကောင်စီစခန်းများကို ဖယ်ခုံPDF၁၀၀၂ တပ်ရင်းနှင့် မဟာမိတ်တပ်ပေါင်းစုများ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

တိုက်ပွဲသည် ရက်တိုင်းနီးပါး ပြင်းထန်ခဲ့ပြီး စခန်းကုန်းမကျရေး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဆက်တိုက်ပစ်ကူသော်လည်း စခန်းကုန်း အများစုကို မဟာမိတ်တပ်ပေါင်းစုက သိမ်းပိုက်ရရှိခဲ့ကြောင်း အသိပေးသည်။

ဆောင်းပြောင်းရွာတိုက်ပွဲသည် နောက်ဆက်တွဲစစ်ရေးအခြေအနေကြောင့် ကာကွယ်ရေးတပ်များ၏ သီးခြား ဖြေကြားမှုကို မရသေးပေ။

ဆောင်းပြောင်းရွာတိုက်ပွဲတွင် PNO ပြည်သူ့စစ်၏ ဗိုလ်မှူးအချို့အပါအဝင် အဓမ္မစစ်သားစုဆောင်းခံရသည့် ပအိုဝ်းလူငယ် ဆယ်နှင့်ချီသေဆုံးခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောဆိုထားသည်။

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၄ မတ်လ ၁၈ ရက်‌တွင် သိမ်းပိုက်ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

Facebook