Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ် ပျူစောထီးရွာ၌ အစားအသောက်ပြတ်လပ်၍ ပြည်သူနှင့် သံဃာအချို့ ထွက်ပြေးလာ

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးရွာ ကန်နီကျေးရွာမှ ထွက်ပြေးလာသည့် ပြည်သူနှင့် သံဃာများကို ကယ်ထုတ်ပေးခဲ့ကြောင်း ပခုက္ကူခရိုင်အမှတ်(၁၅)တပ်ရင်းတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ကန်နီပျူစောထီးရွာမှ ကယ်ထုတ်ခဲ့သည့် သံဃာနှင့်ပြည်သူများကို တွေ့ရစဥ်။ ဓာတ်ပုံ-ပခုက္ကူခရိုင်တပ်ရင်း ၁၅

ဇွန်-၂၊ ၂၀၂၅။ ရဲခေါင်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးရွာ ကန်နီကျေးရွာမှ ထွက်ပြေးလာသည့် ပြည်သူနှင့် သံဃာများကို ကယ်ထုတ်ပေးခဲ့ကြောင်း ပခုက္ကူခရိုင်အမှတ်(၁၅)တပ်ရင်းတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ကန်နီရွာတွင် အစားအသောက်ပြတ်လပ်၍ ပြည်သူအများစု ထွက်ပြေးရန်စီစဥ်နေကြသော်လည်း ထိုရွာ၏ ပျူစောထီးခေါင်းဆောင် ကျော်ဆန်းဝင်းနှင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့က ခြိမ်းခြောက်မှုများရှိနေသည်ဟု သိရသည်။

“အနေအထိုင် အစားအသောက် အဆင်မပြေမူတွေကြောင့် ထွက်ခွာလာခဲ့တာလို့ ပြောပါတယ်။ သံဃာတွေမှာလည်း မလုံခြုံမူတွေ။ ရိက္ခာ အခက်အခဲကြောင့် ထွက်လာတာလို့ သိရပါတယ်။ မေလ ၃၀ ရက်က ချိတ်ဆက်လာတာ။ အရင်ကလည်း ဒီလိုကယ်ထုတ်တာရှိခဲ့ဖူးတယ်”ဟု ပခုက္ကူခရိုင်အမှတ်(၁၅)တပ်ရင်းတာဝန်ရှိသူက ထွက်ပြေးလာရသူများ၏အခြေအနေကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ဆက်လက်၍ “အစားအသောက်တွေ ပြတ်နေပါတယ်။ အဲဒါ အပြင် အထက်က ချပေးထားတဲ့ ရိက္ခာတွေကို ကန်နီ ပျူစောထီးခေါင်ဆောင် ကျော်ဆန်းဝင်းနဲ့ တာဝန်ကျ စစ်ဗိုလ်တို့က ပြည်သူတွေကို ခွဲဝေ မပေးဘဲ ဆန်တစ်ပြည်ကို ၈,၀၀၀ ကျပ်နှုန်းနဲ့ ရောင်းစားနေပြီး တစ်ရက်ကို လူတစ်ယောက် ဆန်နှစ်ဗူးနှုန်းရောင်းစားနေတယ်လို့ သတင်းရထားတယ်”ဟု ၎င်းက ပြောသည်။

ရွာတွင်း ဗိုလ်ကျမူများကြောင့် ပျူစောထီများအကြား ပုန်ကန်မူအချို့ရှိနေကြောင်းလည်း ထွက်ပြေးလာသူများက အသိပေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်အတွင်း ကန်နီရွာကို ပျူစောထီးရွာဖွဲ့စည်းခဲ့ပြီးနောက် လက်ရှိလူဦးရေစာရင်းအရ ၄၅၀ ဝန်းကျင်ရှိကြောင်း သိရသည်။

ကန်နီပျူစောထီးရွာသည် မြိုင်မြို့ပေါ် နှင့် ခြောက်မိုင်ခန့်ကွာဝေးပြီး မြို့၏ အရှေ့ဘက်ခြမ်းတွင်ရှိကာ ကျေးရွာအုပ်ချုပ်ရေးမှူး ကျော်ဆန်းဝင်းက ပျူစောထီးခေါင်းဆောင်အဖြစ်တာဝန်ယူထားသည်။

မြိုင်မြို့နယ်တော်လှန်ရေးအင်အားစုများသည် ဒေသတွင်းရှိ စစ်ကောင်စီတပ်စွဲထားရာ ပျူစောထီးရွာ ၅ ရွာ၊ တိုက်နယ်ရဲစခန်း ၃ ခု၊ မြို့မရဲစခန်း နှင့် စက်မှု ၂ စခန်းများအနက် ဝက်ပုတ်ပျူရွာ၊ သရက်ကွပျူရွာနှင့် ကိုင်းတောမရဲစခန်းကို သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ စစ်ရှောင်ပြည်သူတွေနဲ့ လက်ပံတောင်းတောင် ပင်မသပိတ်တို့ ပူးပေါင်းပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်ရှိရေး ထောက်ခံပွဲ ဒီကနေ့ (စက်တင်ဘာ ၇) က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ ပြည်သူ ၁၂ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook