Hi, what are you looking for?
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA)က စစ်ကြောင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)နဲ့ ပအိုဝ်းတော်လှန်ရေးအင်အားစုတွေ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ရှိမ်းမကားရဲစခန်းက စစ်သားတွေက ဧရာဝတီမြစ်အတွင်းသွားနေတဲ့ သံခွန်တစ်စီးကို ဆက်ကြေးတောင်းဖို့ သေနတ်နဲ့ပစ်ခတ်ပြီး ခြိမ်းခြောက်ခေါ်တာမှာ သံခွန်ဘေးက မောင်းလာတဲ့ မော်တော်ကိုထိမှန်ပြီး မော်တော်ပေါ်အမျိုးသားတဦးသေဆုံးကာ တဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံကပြောပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ ကျိုက်ထီးရိုးတောင်ခြေရှိ ကဒက်ချောင်း ရေတံခွန်၌ ဖမ်းဆီးခဲ့သည့် ပျူစောထီးများသည် ကျေးရွာများ မီးရှို့ခြင်း၊လူသတ်အလောင်းဖျောက်ခြင်းနှင့် လူငယ်များ စစ်မှုထမ်းရန် ဖမ်းဆီးမှုပြုလုပ်သူများဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဆင်ရေးနယ်မြေ(၁)၊ အမှတ် (၂၇)စစ်ဗျူဟာ တာဝန်ခံ ကိုအေးမင်းထွန်းက လူထုနွေဦးသို့ပြောသည်။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့်ကျောက်တော်မြို့ကို စစ်ကောင်စီက ယနေ့ (ဧပြီ၁၉ရက်) နံနက်အစောပိုင်းက ဂျက်ဖိုက်တာသုံးစီးဖြင့် ဗုံးကြဲရာ ဒေသခံတစ်ဦးသေဆုံးပြီ ၂၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။