Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့ကို တကျော့ပြန်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွား

ရှမ်းနှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကို တကျော့ပြန်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်သည် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ရှမ်းတောင် စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာက ထုတ်ပြန်သည်။

မိုးဗြဲ PDF တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-MBPDF
မိုးဗြဲ PDF တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-MBPDF

ဧပြီ ၁၉၊ ၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းနှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကို တကျော့ပြန်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်သည် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ရှမ်းတောင် စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာက ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၁၉ရက်) နံနက် ၅နာရီခန့်တွင် စစ်ကောင်စီတပ်သည်အင်အား ၁၀၀ကျော်ဖြင့် ဒရုန်း၊လက်နက်ကြီးတို့ဖြင့် မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်ရန်အတွက် ထိုးစစ်ဆင်လာသည်ဟု ဆိုသည်။

ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်ထိတွေ့မှုဖြစ်ရာ စစ်ကောင်စီတပ်မှ ၁၅ဦးထက်မနည်းပြင်းထန်စွာ ဒဏ်ရာရရှိပြီး ထိခိုက်မှုများသောကြောင့် ခမရ(၄၂၂)တပ်ရင်းသို့ ပြန်လည်ဆုတ် ခွာသွားကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

မြေပြင်စစ်ကြောင်းမှူး၏အချက်အလက်အရ ၂နာရီခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်ဘက်မှ ရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရပြီး တိုက်ခိုက်ရေးဒရုန်းကြီးတစ်စင်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဖော်ပြသည်။

“သေနတ် နှစ်လက်ရတယ်။အလောင်းတွေတော့ ဒီကောင်တွေ ပြန်ဆွဲသွားတယ်”ဟု မိုးဗြဲမြို့ရှေ့တန်းစစ်မြေပြင်ရှိ ရဲဘော်တစ်ဦးက ယနေ့ နေ့လည် ၂ နာရီ ခွဲခန့်တွင် လူထုနွေဦးသို့​ ပြောသည်။

အထိနာသည့် စစ်ကောင်စီတပ်သည် လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ပျက်စီးဆုံးရှူံးခဲ့ရသော အမှတ်(၁)ဗျူဟာ၏ ဒရုန်းအား အမြန်ဆုံးပြန်လည်ဝယ်ယူနိုင်ရန်အတွက် ပြည်တွင်း၊ပြည်ပမှပြည်သူများအနေဖြင့် ကူညီကြရန်လည်း မေတ္တာရပ်ခံထားသည်။

လက်ရှိတွင် တိုက်ပွဲမှာ အချိန်မရွေးထပ်မံဖြစ်ပွားနိုင်၍ ပြည်သူများအနေဖြင့် မိုးဗြဲမြို့ကို ဖြတ်သန်းသွားလာလိုပါက သတိပြုရန်လည်း ရှမ်းတောင်ဗျူဟာ အမှတ်(၁)က သတိပေးထားသည်။

မိုးဗြဲမြို့ကို ထိုးစစ်ဆင်တော့မည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်သူများက လူမှုကွန်ရက်တွင် ဧပြီ ၁၈ရက်ကတည်းက ဖြန့်ဝေနေသည်။

ယခုနှစ် ဇန်နဝါရီမှစ၍ စစ်ကောင်စီတပ်များသည် လွိုင်ကော်နှင့် မိုးဗြဲမြို့ဆက်ထားသည့် လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုကို ကရင်နီပြည်ရှိတပ်ပေါင်းစုံက ခုခံကာကွယ်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဧပြီ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါခုခံမှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ရပြီး ကရင်နီတပ်ပေါင်းစုံက စစ်ကောင်စီတပ်သား ၆၀ကျော် ကိချေမှုန်းနိုင်ခဲ့ကာ လက်နက်ကြီး၊ငယ်အစုံ ၁၆လက် သိမ်းရထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း - ကရင်နီပြည်နယ်စပ် မိုးဗြဲမြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်တို့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-MBPDF က ဒီကနေ့ မေလ ၂၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းတောင်နဲ့ ကရင်နီပြည်နယ်စပ်က မိုးဗြဲမြို့အနီးကို စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်နေတယ်လို့ ရှမ်းတောင်(ကရင်နီ)တိုင်းစစ်ဌာန တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆို၊ ဘောလခဲနဲ့ မိုးဗြဲမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်နဲ့ ရဲဘော်အချို့က ပြောပါတယ်။