Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်း ရေထွက်ရွာကို စစ်ကောင်စီထပ်မံလေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၁၀ဦးထက်မနည်း သေဆုံး၊ ၁၅ဦးထက်မနည်း ဒဏ်ရာရ

ရေထွက်ရွာကို စစ်ကောင်စီက နှစ်ရက်ဆက် လေကြောင်းတိုက်မှု ပြည်သူ၂၀ကျာ်သေဆုံး

သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၁၉၊၂၀၂၅။ ရှိုင်း၊ဟန်နွေ/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ရေထွက် ကျေးရွာကို စစ်ကောင်စီက နှစ်ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁၀ဦးထက်မနည်းသေဆုံးပြီး ၁၅ဦးကျော် ဒ‌ဏ်ရာရခဲ့တယ်လို့ ကနဦး သတင်းရပါတယ်။

သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို ဒီကနေ့ ဧပြီ ၁၉ရက် နေ့လည်၁နာရီကျော်မှာ ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုဟာ ရေထွက်ကျေးရွာက ဓာတ်ဆီဆိုင်တွေကို ဗုံးကြဲသွားတာဖြစ်ပြီး ကလေးငယ်တွေအပါအဝင် ၁၀ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၅ဦးကျော်ဒဏ်ရာရထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/972903648381823

“အလောင်းတွေ ကောက်နေတုန်းပါ။အထိခိုက်သေဆုံးရော၊ပြင်းထန်ဒဏ်ရာရ သူတွေရောများပါတယ်”လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

“အများကြီးပဲ။အလောင်းကမရေနိုင်ဘူး။တော်တော်များမယ်။ဆယ်ချီမယ်။အခုသွားတာ။လေယာဉ်ထပ်လာတယ်ဆိုလို့ပြန်လာခဲ့ရတယ်”လို့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီက ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပြီး ဧပြီ ၁၈ရက်နေ့ မနေ့က မနက်၁၀နာရီကျော်မှာလည်း လိပ်ကျကျေးရွာလယ်ခေါင်ကို ပေါင်၃၀၀ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁၃ဦး သေဆုံးခဲ့သလိုစိုးရိမ်ရသူ သုံးဦးလည်း ရှိပါသေးတယ်။

ဒီနေ့နဲ့ဆို နှစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့်သပိတ်ကျင်းမြို့နယ်မှာ ဒေသခံပြည်သူ ၂၀ကျော် သေဆုံးထားပါတယ်။

ဒါ့အပြင် မနေ့က ညနေ ၄နာရီ‌‌ခွဲလောက်မှာလည်း ရေထွက်ကျေးရွာလမ်းခွဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ ငလျင်ဘေးကြောင့် ယာယီအပစ်ရပ်မယ်လို့ ကြေညာထားပေမယ့် ငလျင်ဘေးသင့်ခဲ့တဲ့ ပြင်ဦးလွင်ခရိုင်ရှိ သပိတ်ကျင်း၊ စဉ့် ကူး၊ မတ္တရာ၊ မိုးကုတ် မြို့နယ်တွေကို အခု ဧပြီအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ကျော်ပြုလုပ်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“အကြမ်းဖက်စစ်တပ်က ဒီကောင်တွေက ဘယ်တော့မှ ပြောတာနဲ့လုပ်တာနဲ့ ဘယ်တော့မှ မညီဘူး။ ပြည်သူတွေကို ပိုပြီး သေစေချင်တယ် ပိုသတ်နေတယ်။ ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ ကူညီရမယ့် အနေအထား တခုမှာ လုံး၀ မကူညီဘဲနဲ့ လေကြောင်း ကြဲတယ်။ ငလျင်ကြောင့် တော်တော် ဒုက္ခရောက် အဆင်မပြေနေတဲ့ ပြည်သူတွေကို အကုန်ဒုက္ခရောက်အောင်လုပ် တာ”ဟု ပြင်ဦးလွင်ခရိုင် ပကဖ တာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ဝေးရာမှာ နေထိုင်ကြဖို့၊ လေကြောင်းရန် ကာကွယ် နိုင်ရေး ဗုံးခိုကျင်းတွေ တူးထားကြဖို့ ခရိုင်ပကဖက နှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် သီးကုန်းရွာနဲ့ ပေါက်တပင်ကြားကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာမို့ စစ်ဘေးရှောင်ပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ခင်ဦးမြို့နယ်အစပ်က ဧရာဝတီမြစ်ဘေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မိုးကုတ်မြို့ဘက်ကိုဦးတည်ပြီး စစ်ကြောင်းထိုးနေတယ်လို့ အဲဒီဒေသက တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

နမ္မတူမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။