Connect with us

Hi, what are you looking for?

သတင်း

ကဒက်ချောင်းရေတံခွန်၌ ဖမ်းဆီးခဲ့သည့် ပျူစောထီးများသည် ပြစ်မှုကြီးကျူးလွန်ခဲ့သူမျာဟု PDF ပြော

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ ကျိုက်ထီးရိုးတောင်ခြေရှိ ကဒက်ချောင်း ရေတံခွန်၌ ဖမ်းဆီးခဲ့သည့် ပျူစောထီးများသည် ကျေးရွာများ မီးရှို့ခြင်း၊လူသတ်အလောင်းဖျောက်ခြင်းနှင့် လူငယ်များ စစ်မှုထမ်းရန် ဖမ်းဆီးမှုပြုလုပ်သူများဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဆင်ရေးနယ်မြေ(၁)၊ အမှတ် (၂၇)စစ်ဗျူဟာ တာဝန်ခံ ကိုအေးမင်းထွန်းက လူထုနွေဦးသို့ပြောသည်။

ဖမ်းဆီးခဲ့သည့် ညောင်လေးပင်မြို့နယ်ပျူစောထီးခေါင်းဆောင် လှိုင်မင်း။ ဓာတ်ပုံ − ပေးပို့

ဧပြီ ၁၉၊ ၂၀၂၅။ရဲခေါင်/People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ ကျိုက်ထီးရိုးတောင်ခြေရှိ ကဒက်ချောင်း ရေတံခွန်၌ ဖမ်းဆီးခဲ့သည့် ပျူစောထီးများသည် ကျေးရွာများ မီးရှို့ခြင်း၊လူသတ်အလောင်းဖျောက်ခြင်းနှင့် လူငယ်များ စစ်မှုထမ်းရန် ဖမ်းဆီးမှုပြုလုပ်သူများဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဆင်ရေးနယ်မြေ(၁)၊ အမှတ် (၂၇)စစ်ဗျူဟာ တာဝန်ခံ ကိုအေးမင်းထွန်းက လူထုနွေဦးသို့ပြောသည်။

ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်မှ ပျူစောထီးခေါင်ဆောင်နှင့် အဖွဲ့ဝင်များသည် ၎င်းတို့ မိသားစုဝင်များ နှင့်အတူ ကဒက်ချောင်းရေတံခွန်၌ ရေကစားနေသည်ကို သတင်းအတိအကျရ၍ ဧပြီ ၁၅ရက်က သွားရောက်ဖမ်းဆီးခဲ့ခြင်းဟု ဆိုသည်။

“သူတို့က ညောင်လေးပင်ကနေ ခွင့်ယူပြီး အပျော်ခရီးထွက်လာကြတဲ့ ပျူစောထီးမိသားစုတွေပါ။ သတင်းအရ ကင်မွန်းချောင်းကျေးရွာ ကဒတ်ချောင်းမှာ သောက်စားမူးယစ်နေတဲ့အချိန် ကျနော်တို့တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သွားရောက်ဖမ်းဆီးတာဖြစ်ပါတယ် ။ ခေါင်းဆောင်ကတော့ လှိုင်မင်းပါ သူနဲ့အတူ ပျူအဖွဲ့ဝင်(၄)ယောက်ပါတယ် ။ သူနဲ့ဆို(၅)ယောက်ပေါ့။ ကြီးမားတဲ့ပြစ်မှုတွေကိုအများကြီးကျူးလွန်ထားကြပါတယ်”ဟု ကိုအေးမင်းထွန်းက ဖမ်းဆီးခဲ့ရသည့် ဖြစ်စဥ်ကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခဲ့ပြီးနောက် ကောင်းမွန်စွာစောင့်ရှောက်ခဲ့ပြီးနောက် ယမန်နေ့(ဧပြီ ၁၈ရက်)တွင် ပျူစောထီး မိသားစုဝင်များအား ပြန်လွှတ်ပေးခဲ့ကြောင်း အသိပေးသည်။

“စစ်ကောင်စီထောက်ခံ လော်ဘီသတင်းတွေက ဝါဒဖြန့်သလိုမျိုး ဘုရားဖူးပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီတာမျိုးမလုပ်ပါဘူး။ အဲဒီလိုအလုပ်တွေက သူတို့ပဲလုပ်ကြတာပါ။ ကျနော်တို့က မတိကျမသေချာပဲ ဘာမှမလုပ်ဘူး။ သူတို့သောက်စားမူးယစ်ပြီး ရေကူးနေကြတဲ့အချိန်မှာ ဖမ်းတာပါ ဘုရားဖူးတဲ့အချိန်ဖမ်းတာမဟုတ်ပါဘူး။အဓိက ဖမ်းတာကတော့ (၅)ယောက်ပေါ့။ ဒါပေမယ့်မိသားစုတွေရောပါလာတော့ သူတို့မိသားစုတွေရဲ့လုံခြုံရေးကိုလဲ စိုးရိမ်ပြီး အားလုံးကို လတ်တလောခေါ်သွားတာပါ။ အခုတော့ သူတို့မိသားစုကို ပြန်လွတ်ပေးလိုက်ပါပြီ”ဟု အမှတ် (၂၇)စစ်ဗျူဟာတာဝန်ခံက ပြောသည်။

လက်ရှိ ဖမ်းဆီးထားသူများသည် ညောင်လေးပင်မြို့နယ်ပျူစောထီးခေါင်းဆောင် လှိုင်မင်းနှင့် ပျုအဖွဲ့ဝင်များ ဖြစ်သည့် မဲကြီး၊မင်းမော်ဦး(လှိုင်မင်း၏ သား)၊ကျော်ကျော်ဦး၊ သိန်းဌေးနှင့် လှိုင်မင်း၏ ဇနီးဖြစ်သူ ယမင်းတို့ ဖြစ်သည်။

ကနဦးထွက်ဆိုချင်များအရ ၎င်းတို့သည် ကျေးရွာများအား စစ်ကောင်စီ၏ ခမရ(၂၀)တပ်ရင်းမှ တပ်သားများနှင့် ပူးပေါင်း ပြီး မီးရှို့ခြင်း၊ ပြည်သူများ ရက်ရက်စက်စက်သတ်ဖြတ်ကာ အလောင်းဖျောက်ခြင်းနှင့် ပြည်သူများ၏ ပစ္စည်းများကို ရောင်းစားကာ ခမရ(၂၀)တပ်ရင်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထွက်ဆိုထားသည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီ၏ ညောင်လေးပင်မြို့နယ် စီမံကောင်စီ ဗိုလ်မှူးနေလင်းဆိုသူနှင့်ပေါင်း၍ လူငယ်များအား စောင့်ဖမ်းပြီး ခမရ(၄၄၀)တပ်ရင်းသို့ စစ်မှုထမ်းခိုင်းရန် ချက်ချင်းပို့ဆောင်ခြင်းများ နှင့် ပါလာသည့် ဆိုင်ကယ်များရောင်းကာ ဗိုလ်မှူးနေလင်းနှင့် ခွဲဝေယူခဲ့ကြသည်ဟု ထွက်ဆိုသည်။

ထပ်မံ၍ စစ်ဆေးပေါ်ပေါက်ချက်တွေအပေါ်မူတည်ပြီး ထိရောက်သည့် ပြစ်ဒဏ်ရရှိအောင် ဆောင်ရွက်မည်ဟုလည်း အမှတ်(၂၇)စစ်ဗျူဟာ တာဝန်ခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့