Connect with us

Hi, what are you looking for?

သတင်း

စစ်သား​တွေကပစ်ခတ်လို့ ဧရာဝတီမြစ်အတွင်း​မော်​တော်ပေါ်မှ ပြည်သူ ၁ ဦး​သေ၊ ၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ရှိမ်းမကားရဲစခန်းက စစ်သား​တွေက ဧရာဝတီမြစ်အတွင်းသွားနေတဲ့ သံခွန်တစ်စီးကို ဆက်​ကြေး​တောင်းဖို့ သေနတ်နဲ့ပစ်ခတ်ပြီး ခြိမ်း​ခြောက်ခေါ်တာမှာ သံခွန်ဘေးက မောင်းလာတဲ့ မော်တော်ကိုထိမှန်ပြီး ​မော်​တော်​ပေါ်အမျိုးသားတဦးသေဆုံးကာ တဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက​ပြောပါတယ်။

စစ်တပ်က ​သေနတ်နဲ့ပစ်လို့ ကျည်ထိမှန်​သေဆုံးခဲ့တဲ့ အသက် ၃၁ နှစ်အရွယ်ကိုသန်းမြတ်စိုးနဲ့ ဒဏ်ရာရခဲ့တဲ့အသက် ၂၇ နှစ်အရွယ်ကိုဇင်ဝေဖြိုးတို့ကို အခြားပြည်သူများကကူညီ​ပေး​နေစဥ်။ ဓါတ်ပုံ-​ပေးပို့

ဧပြီ-၁၉၊၂၀၂၅။ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ရှိမ်းမကားရဲစခန်းက စစ်သား​တွေက ဧရာဝတီမြစ်အတွင်းသွားနေတဲ့ သံခွန်တစ်စီးကို ဆက်​ကြေး​တောင်းဖို့ သေနတ်နဲ့ပစ်ခတ်ပြီး ခြိမ်း​ခြောက်ခေါ်တာမှာ သံခွန်ဘေးက မောင်းလာတဲ့ မော်တော်ကိုထိမှန်ပြီး ​မော်​တော်​ပေါ်အမျိုးသားတဦးသေဆုံးကာ တဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက​ပြောပါတယ်။

ဧပြီလ၁၈ရက်‌​နေ့ ည​နေ ၃နာရီကျော်မှာ ဝက်လက်မြို့နယ်၊ရှိမ်းမကားရွာထဲကစစ်သားတွေဟာ ရွာရဲ့အရှေ့ဘက်က ဧရာဝတီမြစ် ကြောင်းအတွင်း သွားလာ နေတဲ့ သံခွန်တစီးကို ဆက်​ကြေး​တောင်းဖို့သေနတ်ပစ် ခေါ်ခဲ့တာဖြစ်ပါတယ်။

သံခွန်ဘေးကပ်ပါလာတဲ့ မတ္တရာမြို့နယ် ရှင်လှကျေးရွာက ကိုသန်းမြတ်စိုး နဲ့ ကိုဇင် ဝေဖြိုးတို့စီးနင်းလာတဲ့ မော်တော်ကိုမှန်ပြီး အသက် ၃၁ နှစ်အရွယ်ကိုသန်းမြတ်စိုး သေဆုံးခဲ့ပြီး အသက် ၂၇ နှစ်အရွယ်ရှိတဲ့ ကိုဇင်ဝေဖြိုး ဒဏ်ရာရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကိုသန်းမြတ်စိုးဟာ ဘယ်ဘက်ရင်အုံနား နဲ့​ပေါင်မှာကျည်ထိမှန်ခဲ့ပြီး​တော့ ကိုဇင်​ဝေဖြိုးက ​ခြေ​ထောင်မှာ ကျည်ထိမှန်ဒဏ်ရာရခဲ့တာကို People’s Spring ရရှိတဲ့ဓါတ်ပုံမှတ်တမ်းမှာ​တွေ့ရပါတယ် ။သူတို့ ၂ ဦးစလုံးဟာ အရပ်သား​တွေဖြစ်ကြပါတယ် ။

ရှိမ်းမကားရွာရဲစခန်းနဲ့ ရွာမှာတပ်စွဲထားတဲ့ စစ်

သား​တွေဟာအရှေ့ဘက်က ဧရာဝတီမြစ် ကြောင်းအတွင်းသွားလာနေတဲ့ သင်္ဘောတွေကို သေနတ်ပစ်ဖောက်ခေါ်ပြီး ဆက်ကြေးတောင်းယူ လေ့ရှိတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆောင်းပါး

စစ်ကိုင်း၊ မင်းကွန်းကို ဧရာဝတီမြစ်ရေကြောင်းကနေသွားခဲ့ရင်ကျွန်းပေါ်ရွာကလေးတစ်ရွာကို မြင်ဖူးကြလိမ့်မယ်။ရွာကလေးက အမည်ကလေး လှပါတယ်။ နန်းတော်ကျွန်းတဲ့။ မတ္တရာမြို့နယ်ထဲပါတဲ့၊ အင်မတန်လှတဲ့ ရွာကလေးပါ။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။