Hi, what are you looking for?
သံမဏီနှင်းဆီနဲ့ သင်ကေတပြုထားတဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ရက်တွေဟာ တကယ်တော့ လူတစ်ဦးရဲ့မွေးနေ့ထက် အဓိပ္ပါယ်လေးနက်ပါတယ်။ လူထုခေါင်းဆောင်အပေါ် ပြည်သူတွေရဲ့ချစ်ခြင်းမေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထုခေါင်းဆောင်ရဲ့ ဒီမိုကရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကိုလျှောက်လှမ်းရပေမယ့် နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြမှုတွေလည်းဖြစ်ပါတယ် ။
မသီတာ-စမ်းချောင်းရေးသားသည် လွတ်မြောက်မှုတိုင်းဟာလွတ်လပ်မှုကိုအာမခံနိုင်တာမျိုး မဟုတ်ဘူးလို့ တချို့ဒေသတွေရဲ့ ဒေသခံတွေက သဘောပေါက်သထက် ပေါက်လာနေကြပါတယ်။ စကစလက်အောက်က လွတ်မြောက်တယ်လို့ ဆိုရာမှာ စကစရဲ့အမှုတော်ထမ်း လက်နက်ကိုင်တွေရဲ့ ရန်ကနေ လွတ်မြောက်သွားတာအထိပဲ အနက်အဓိပ္ပါယ်ဆောင်ပြီး ကျန်တဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ လွတ်လပ်မှုဆိုင်ရာ လူ့ရပိုင်ခွင့်တွေ ဆိတ်သုဉ်းနေဆဲ (ပိုပြီးဆိတ်သုဉ်းလာတာမျိုးထိ) ဖြစ်နေတာကို ကြားသိရမှာပါ။ စကစရဲ့...