Connect with us

Hi, what are you looking for?

အတွေးအမြင်

“ပထမဆု”

မြန်မာက ကမ္ဘာမှာဗိုလ်စွဲပါပြီ။ ဘိတ်ချီးနေရာကိုထာဝရ ကန်ထရိုက်စွဲထားခဲ့တဲ့နိုင်ငံ၊ ဘယ်သွားသွား မျက်နှာအောက်ချရတဲ့နိုင်ငံ၊ တစ်ဦးချင်းဝင်ငွေကြည့်လည်းအောက်ဆုံးကနိုင်ငံ၊ ကျန်းမာရေး အခြေအနေကြည့်လည်း အောက်ဆုံးကနိုင်ငံ အခုတော့နံပါတ်တစ် နေရာကိုပိုင်ပိုင်နိုင်နိုင်ကြီးရသွား ပါပြီ။

သစ်ရွက်​ရေးသားသည်

မြန်မာက ကမ္ဘာမှာဗိုလ်စွဲပါပြီ။ ဘိတ်ချီးနေရာကိုထာဝရ ကန်ထရိုက်စွဲထားခဲ့တဲ့နိုင်ငံ၊ ဘယ်သွားသွား မျက်နှာအောက်ချရတဲ့နိုင်ငံ၊ တစ်ဦးချင်းဝင်ငွေကြည့်လည်းအောက်ဆုံးကနိုင်ငံ၊ ကျန်းမာရေး အခြေအနေကြည့်လည်း အောက်ဆုံးကနိုင်ငံ အခုတော့နံပါတ်တစ် နေရာကိုပိုင်ပိုင်နိုင်နိုင်ကြီးရသွား ပါပြီ။

“မြန်မာနိုင်ပြီ၊ ဒို့မြန်မာနိုင်ပြီ”ဆိုတဲ့သီချင်းကို ဖွင့်ပြီးမှ အသာပြန်ပိတ်ခဲ့ရတဲ့ နှစ်တွေကိုနာကျည်းစွာနဲ့ အခုတော့ ဟစ်ကြွေးခွင့်ရပြီမဟုတ်လား။ မြန်မာပတ်စ်ပို့စာအုပ်အနီကို ဝင့်ဝင့်ကြွားကြွားကိုင်ပြီး နိုင်ငံတကာ လေဆိပ်တွေမှာ ဝင်ထွက်ကြပါတော့။ မြန်မာဆိုတာနဲ့ ကြောက်ရွံ့သွားမယ့်လူတွေကို ရှုစားပါတော့။

ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိင်ငံက ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ “စနစ်တကျ ကျူးလွန်တဲ့ ရာဇဝတ်မှု”(Global Organized Crime Index) ဇယားထဲက Criminality စာရင်းမှာနံပါတ်တစ်ချိတ်စွဲ ထားလို့ပါပဲ။ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃နိုင်ငံမှာ နံပါတ်တစ်ချိတ်ပါတယ်၊ အာရှတိုက်ရဲ့ချန်ပီယံလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့မှာအခြေစိုက်တဲ့ Global Initiative Against Transnational Organized Crime – GI-TOC)က၂၀၂၃မှာထုတ်ပြန်တဲ့ အစီရင်ခံစာဖြစ်ပါတယ်။ မြန်မာက ၈.၁၅မှတ်နဲ့ အဆင့်တစ် ရတာပါ။

တချိန်က ကမ္ဘာကိုကိုင်လှုပ်ခဲ့တဲ့ ကုက္ကင်းရာဇာကြီး အက်စ်ကိုဘာရဲ့ ကိုလံဘီယာဟာမြန်မာနဲ့ ယှဉ်တော့ နံပါတ်နှစ်သာချိတ်ရှာပါတော့တယ်။

နံပါတ်၃ကတော့ မူးယစ် Cartel ဂိုဏ်ကြီးတွေ မင်းမူတဲ့ မက္ကဆီကိုပဲဖြစ်ပါတယ်။ စနစ်တကျကျူးလွန်တဲ့ ရာဇဝတ်မှု (Organized Crime) ဆိုတာက ရုတ်တရက်၊ပျံကျ တစ်စုံတစ်ယောက်ကကျူးလွန်တဲ့ ရာဇဝတ်မှုမျိုးမဟုတ်ပါဘူး။

အစုနဲ့အဖွဲ့နဲ့သေသေချာချာပြင်ဆင်ပြီး ကျူးလွန်တဲ့ ရာဇဝတ်မှုကြီးတွေဖြစ်ပါတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (United Nations Office on Drungs and Crime – UNODC) ကဆိုပါတယ်။

မြန်မာရဲ့ရာဇဝတ်မှုကြီးတွေကတော့ အများသူငါ ရင်သပ်ရှုမောဖြစ်ကြရတဲ့ကျားဖြန့်အပြင် လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနဲ့ အခြားဂုဏ်ယူစရာလုပ်ရပ်များစွာဖြစ်ကြောင်းပါ။

ကိုဗစ် – ၁၉နဲ့ ၂၀၂၁ အာဏာသိမ်းမှုတွေကလည်းမြန်မာကို ကမ္ဘာ့ချန်ပီယံဖြစ်ဖို့တွန်းပို့ခဲ့ကြတာပါ။ လူပေါင်းများစွာကို လူကုန်ကူးအဖွဲ့တွေလက်ထဲကိုဆိုက်ရောက်စေခဲ့ပါတယ်။အစိုးရအဖွဲ့အစည်းတွေနဲ့ဝန်ထမ်းတွေရဲ့ စံပြအမူအကျင့်တွေဖြစ်တဲ့ လာဘ်စားမှုကလည်း မီးလောင်ရာလေပင့်ရုံမက ဓါတ်ဆီပါလောင်းပေးကြတာဖြစ်တယ်လို့ အစီရင်ခံစာကဆိုပါတယ်။

လူကုန်ကူးမှုနဲ့ပက်သက်ရင် မြန်မာဟာ အရှေ့တောင်အာရှနဲ့ မဲခေါင်ရပ်ဝန်းရဲ့ အဓိက ရင်းမြစ်နိုင်ငံ (Source Country) ဖြစ်ပါသတဲ့။’လက်နက်မှောင်ခိုကူးမှု’ (Arms Trafficking) မှာ‌တော့မြန်မာဟာ ဝယ်သူဖြစ်သလို ရောင်းသူလည်း ဖြစ်ပါတယ်။ အတော်အလုပ်ကြိုးစားကြရှာတာပါ။ ပြည်ပကတင်သွင်းသလိုပြည်တွင်းမှာလည်း ထုတ်လုပ်ကြပါတယ်။ ‘ကုန်ပစ္စည်းအတု’ ထုတ်လုပ်ရာမှာလည်း မာမာချာချာရှိလှပါတယ်။

မြန်မာထဲကိုလည်းအတုတွေဝင်နေကြပါတယ်။ အိန္ဒိယကဝင်တဲ့ ကိုဗစ်ကာကွယ်ဆေးအတုတွေကစလို့ တရုတ်ကဝင်တဲ့ အခြားဆေးအတုတွေနဲ့ စီးကရက်နဲ့အခြားကုန်ပစ္စည်းများအထိဖြစ်ပါတယ်။

သစ်တောထွက်ကုန်ပစ္စည်းတွေမှောင်ခိုရောင်းချရာမှာလည်း မြန်မာကဆရာကျပြန်ပါတယ်။ တရားမဝင်ကျွန်းသစ်ရောင်းချမှုကတော့ ကမ္ဘာ့ထိပ်သီးပါပဲ။ တပ်မတော်ကြီးက အမြင်မတော်လို့ အာဏာသိမ်းအပြီးမှာတော့ “ဘာပြောကောင်းမလဲ” အဆင့်ကိုရောက်သွားပါတော့တယ်။ အိမ်နီးချင်း ကောင်းတွေဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယတို့က အကြီးမားဆုံးဖေါက်သည်တွေပါ။

ရှမ်းပြည်နယ်အရှေ့ပိုင်း’မုန်းလား’ကတော့ ကျားကစလို့ သင်းခွေချပ်အထိရောင်းချတဲ့ တောရိုင်းတိရိစ္ဆာန်ဈေးကွက် ဖြစ်ပါတယ်။ မြန်မာဟာဒီဈေးကွက်မှာအိမ်ရှင်နိုင်ငံ (Host Country) ဖြစ်သလို အကူးအပြောင်း (Transit) နိုင်ငံလည်းဖြစ်ပါတယ်။ တိရိစ္ဆာန်အရှင်တွေတင်မကပဲ သူတို့အစိတ်အပိုင်းတွေကိုပါရောင်းချနေကြတာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း စားဝတ်နေရေး ပိုမိုကျပ်တည်းလာမှုက တောနယ်တွေမှာနေထိုင်တဲ့ပြည်သူတွေကို ဒီလုပ်ငန်းထဲကိုတွန်းပို့ခဲ့ပါတယ်။

မြန်မာက ကျောက်မျက်မှောင်ခိုရောင်းဝယ်မှုမှာလည်း ဈေးသည်ကြီးဆန်နီပါတဲ့။ ဒီလုပ်ငန်းဟာ တပ်မတော်ကြီးရဲ့အဓိကဝင်ငွေထဲကတစ်ခုပါလို့ အစီရင်ခံစာကမှတ်ချက်ပြုပါတယ်။ ပြည်သူ့စစ်တွေ ကလည်းဒီဝင်ငွေကိုပဲမှီခိုကြတာဖြစ်ပြီး၊ အဖွဲ့တွေကြားထဲမှာ အကျိုးစီးပွားအခြေခံတဲ့ သစ္စာခံနိုင်ငံရေးကို ပိုအရှိန်ကောင်းစေတာပါ။

အာဏာသိမ်းအပြီးမှာ ‘မြေရှား’ထုတ်လုပ်မှုကလည်း ပိုမြင့်တက်လာနေပါတယ်။ အားလုံးရဲ့ဂိတ်ဆုံးမှတ်တိုင်ကတော့ တရုတ်ပဲဖြစ်ပါတယ်။

မူးယစ်ဆေးမှာတော့ မြန်မာက ကမ္ဘာ့ဖလားကိုနှစ်စဉ်ကန်ထရိုက်ဆွဲထားတာပါ။ မက်သာဖီတာမင်းနဲ့ ဘိန်းထုတ်လုပ်မှုက ချန်ပီယန်ခါးပတ်ကိုမဖြုတ်တမ်းရစေခဲ့ပါတယ်။ အိမ်နီးချင်းတွေမှာ မြန်မာက အလုံးအရင်းနဲ့ရှယ်ပို့တဲ့ အရှိန်ကြောင့် ဆေးပြားတွေဈေးတောင်ကျတယ်လို့ဆိုပါတယ်။အာဏာသိမ်း ပြီးနောက်မှာတော့ ‘သဘောရှိကလောဟိ’ ဖြစ်သွားခဲ့ပါပြီ။

ဒီနှစ်ပိုင်းဟိုးလေးတကျော်အဖြစ်ဆုံးကတော့ ဆိုက်ဘာရာဇဝတ်မှုတွေပါပဲ။ အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်မှုတွေကို မြို့ကြီးတွေတည်ဆောက်ပြီးဗြောင်ကျကျ လုပ်ကြတာပါ။ အကျိုးစီးပွါးတွေ ဘယ်လောက်ပါဝင်ကြတယ်ဆိုတာ ခန့်မှန်းကြည့်ရင်သိနိုင်တဲ့အရာပါ။

စစ်တပ်က အာဏာသိမ်းအပြီးမှာ အရပ်ဖက်လူ့အဖွဲအစည်းတွေကို နှိပ်ကွပ်လို့ စောင့်ကြည့်မှုအားနည်းပြီး ထောက်ပြနိုင်တဲ့ အသံတိုးတိတ်လာတဲ့ ဒဏ်ကို လူ့အဖွဲ့အစည်းကခံရတာပဲဖြစ်ပါတယ်။ သတင်းစာဆရာတွေကို ဖမ်းဆီးအရေးယူတာတွေကလည်း မကောင်းမှုတွေကို ကျူးလွန်ကြဖို့ အချက်ပေးခြင်းဖြစ်ပါတယ်။

အခုတော့ မြန်မာကပထမဆုကြီးကို လက်ဝယ်ပိုင်ပိုင်ရရှိသွားပါပြီ။ အဆိုတော်ဇော်ဝင်းထွဠ်အသံနဲ့ “ပထမဆုရယူဖို့ဟေ့”လို့ကြွေးကြော်နိုင်ပါပြီ။

ပတ်စ်ပို့စာအုပ်အနီကိုတွေ့ရင် သူများနိုင်ငံသားတွေ ဖြုံကြမှာပါ၊ အနည်းဆုံးတော့ ပိုက်ဆံအိတ်တို့၊နာရီတို့ကို ကသောကမျော သိမ်းဆည်းကြမယ်ထင်ပါရဲ့။ ။

ဆက်စပ်သတင်းများ

သတင်း

မီးတောက်မီးလျှံတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ် အစွမ်းပြရင်း ဖျော်ဖြေလေ့ရှိတဲ့ ထိုင်ဝမ်နိုင်ငံသား မီးတောက် ကချေသည် အမျိုးသား တစ်ဦးဟာ မြန်မာနိုင်ငံကို လူကုန်ကူး ခံခဲ့ရတဲ့နောက် အခုအခါ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

နိုင်ငံတကာ

ရာဇဝတ်မှု ကျူးလွန်ကြောင်း စွပ်စွဲခံရသူတွေရဲ့ နေအိမ်တွေကို အာဏာပိုင်တွေက ဖြိုချခွင့် မရှိဘူးလို အိန္ဒိယ တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။

သတင်း

24 Hour Group၊ KT Group ၊ ထူးကုမ္ပဏီအုပ်စု ၊ IGG တို့အပါအဝင်ATR​လေယာဥ်အုပ်ကိုပံ့ပိုး​ပေး​နေ​သောကုမ္ပဏီများကို နိုင်ငံတကာကဒဏ်ခပ်အ​ရေးယူရန် တိုက်တွန်း

သတင်း

ဒေါ်အောင်ဆန်းစုကြည်ဟာ အရင် စစ်အစိုးရ လက်ထက်ကလည်း နေအိမ် အကျယ်ချုပ် ဘဝမှာ ၁၅ နှစ်လောက် နေထိုင်ခဲ့ရပြီး သားနှစ်ဦးဖြစ်တဲ့ အလက်ဇန္ဒားနဲ့ ကင်မ်တို့ကတော့ မိခင်နဲ့ဝေးရာ ဗြိတိန်နိုင်ငံမှာ ကြီးပြင်းခဲ့ကြပါတယ်။