Connect with us

Hi, what are you looking for?

အတွေးအမြင်

ပြည်​ထောင်စုသစ်အတွက် ရှေ့သို့ထွက်ခဲ့ပါ

“ကျွန်​တော်တို့က သူတို့ကိုအားကိုးပါတယ်ဆိုမှ သူတို့ကအချင်းချင်းရန်ဖြစ်​နေကြ​တော့ ဘယ်သူ့အားကိုးရမယ်မသိဘူး “

ဒီပ/People’s Spring

“ကျွန်​တော်တို့က သူတို့ကိုအားကိုးပါတယ်ဆိုမှ သူတို့ကအချင်းချင်းရန်ဖြစ်​နေကြ​တော့ ဘယ်သူ့အားကိုးရမယ်မသိဘူး “

မတ်လ ဒုတိယပါတ်မှာ ပြည်သူတစ်​ယောက်ရဲ့ ဖွင့်ဟမှုဖြစ်ပါတယ် ။​နွေဦး​တော်လှန်​ရေးမှာ စစ်​ကောင်စီတပ်ကို တိုက်ခိုက်​နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ရဲ့ ​အောက်​​ခြေတပ်ဖွဲ့ဝင်​အချို့ ဒီလပိုင်း​တွေအတွင်း မကြာခဏ အချင်းများ​နေမှုအ​ပေါ် ပူပန်စွာ​ရင်ဖွင့်ခဲ့တာဖြစ်ပါတယ် ။

​နွေဦး​တော်လှန်​ရေးဟာ လွတ်လပ်​ရေးရပြီး​နောက်ပိုင်း မြန်မာနိုင်ငံမှာ အကြီးမားဆုံး လူထု​တော်လှန်​ရေးကြီး ဖြစ်ပါတယ် ။ ​တော်လှန်​ရေး အရှိန် အဟုန်ဟာကြီးမားကျယ်ပြန့်တာ​ကြောင့် ​ခေတ်အဆက်ဆက် လက်နက်အားကိုးနဲ့ အနိုင်ကျင့်ဗိုလ်ကျခဲ့တဲ့ ၊ နိုင်ငံ့ဘဏ္ဍာငွေ​တွေကို စိတ်ကြိုက် သုံးပြီးတည်​​​ဆောက်ထားတဲ့ စစ်တပ်ဟာ သမိုင်းမှာမကြုံဖူးတဲ့ စစ်ရှုံးပွဲတွေဆက်နေပါတယ် ။

Public Service Announcement

Public Service Announcement

ကမ္ဘာကြီးဆီက ထိ​ရောက်တဲ့အကူအညီ​တွေ မရ​ပေမယ့် လက်သုံး​ချောင်း​ထောင် စခဲ့တဲ့​​နွေဦးတော်လှန်​ရေးဟာ ​လေးနှစ်​ကျော်လာတဲ့တိုင် စစ်အာဏာရှင်ဖြုတ်ချ​ရေးသံဓိဌာန်နဲ့ အရှိန်​ပြင်းပြင်း ခရီးဆက်​နေပါတယ် ။ အခုဆိုရင် ​တော်လှန်​ရေးအဖွဲ့​တွေဟာ နိုင်ငံတစ်ဝန်း အနည်းဆုံးမြို့​ပေါင်း ၉၄ မြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။ဒါအပြင် မြို့​ပေါင်းများစွာကိုလည်းပတ်ပတ်လည်မှာ ဝန်းရံ ပိတ်ဆို့ ထားသလို ၊ ဗျူဟာ​မြောက်လမ်း​ပေါင်းများစွာ၊ ရွာ​ပေါင်း ထောင်နဲ့ချီတဲ့အ​ရေအတွက်ကိုလည်းစိုးမိုးထားပါတယ် ။

နွေဦး​တော်လှန်​ရေးရဲ့အရှိန်​ကြောင့် အာဏာသိမ်း​ စစ်​အုပ်စုဟာတရုတ် နဲ့ ရုရှား နိုင်ငံတို့ကသာမကူညီရင် အခုချိန်ဆို ပြုတ်ကျ​နေပြီး မင်း​အောင်လှိုင် ဟာလည်း ပြည်သူ့တရားစီရင်​ရေး ရင်ဆိုင်​​နေရတဲ့ ဒါမှမဟုတ် ဒူတာတီးနဲ့ အပြိုင် ICC အပို့ခံရဖို့ တန်းစီ​နေရတဲ့ ​နေ့ရက်​တွေ ဖြစ်​နေပါလိမ့်မယ်။

စစ်အုပ်စုက ကိုယ့်နိုင်ငံသား​တွေကို​တောင် ရဟန်းသံဃာလည်းမ​ရှောင် ၊ ခရစ်ယာန် ဓမ္မဆရာလည်းမလွတ် ၊ အစ္စလာမ်တရား​ဟောဆရာလည်း ကင်းလွတ်ခွင့်မ​ပေး ၊က​လေး​ငယ် ၊အမျိုးသမီး၊သက်ကြီးရွယ်အို ၊မသမ်စွမ်း ၊​ကျောင်းသား စသဖြင့် ဘာကိုမျှ မ​ရှောင် စစ်​တပ်က အာဏာသိမ်းထားတဲ့ ၄ နှစ်​ကျော်အတွင်းရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်း​တွေအကုန်သုံးပြီးသတ်ဖြတ်အကြမ်းဖက်ပါတယ် ။ အရှင်လတ်လတ်မီးရှို့တာ ၊​ခေါင်းဖြတ်တာ ၊ခန္ဒာကိုယ်အစိတ်အပိုင်း​တွေကိုဖြတ်​တောက်တာ စတဲ့ဂျပန်​ခေတ်က ဖက်ဆစ်​တွေထက်​တောင် ပြည်သူ​တွေအ​ပေါ် ပိုယုတ်မာပြီး ​ကြောက်စိတ်သွင်းခဲ့​ပေမယ့် လူထု​တော်လှန်​ရေးကို မရပ်တန့်နိုင်ပါဘူး။ ​

နိုင်ငံ​ရေးအကျဥ်းသားများကူညီ​​စောင့်​ရှောက်​ရေးအသင်း(AAPP) စု​ဆောင်းထားတဲ့အချက်အလက်​တွေအရ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်​ကောင်စီလက်​အောက်ခံ လက်နက်ကိုင်အဖွဲ့​တွေက သတ်ဖြတ်တဲ့ပြည်သူ​ပေါင်း မတ်လ ၁၄ ရက်အထိ ၆၁၀၀ ​ကျော်ရှိ​နေပြီဖြစ်တာကိုအတည်ပြုနိုင်ပြီဖြစ်ပါတယ်။ အတည်ပြုဖို့ လို​နေ​သေးတာ ၃၅၀၀ ​ကျော် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ် ။ဒါ​ကြောင့် ​အသတ်ခံရတဲ့ပြည်သူအနည်းဆုံး တစ်​သောင်းဝန်ကျင်ရှိ​နေပြီဖြစ်သလို မြေပြင်မှာ​တော့စစ်​အုပ်စု​ကြောင့် ​သေဆုံးဒဏ်ရာရသူ အခုထက်များနိုင်ပါတယ်။

နိုင်ငံတစ်ဝန်းစစ်တပ်မီးရှိုးတဲ့​နေအိမ်​ပေါင်းကလည်း တစ်သိန်းတစ်​သောင်း​ကျော် ရှိ​နေပြီဖြစ်ပါတယ် ။ပြည်သူ​တွေရဲ့ အသက်​တွေ ဘဝ​တွေ ပေးဆပ်ရမှု ၊ဆုံးရှုံးရမှု ​တွေများတဲ့တိုင် ​​နွေဦး​တော်လှန်​ရေးဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း​ရေးအတွက် ပြည်သူ​တွေနဲ့​တော်လှန်​ရေးအင်အားစု​တွေဟာအင်နဲ့အားနဲ့တိုက်ပွဲဝင်​နေကြပါတယ်။

​​​​ခေတ်သစ်သမိုင်းမှာ အကြီးမားဆုံးလူထု​တော်လှန်​ရေးကြီး အခု​လောက်ခရီး​ရောက်လာတာဟာ အလွှာ​ပေါင်းစုံက ပြည်သူ​တွေရဲ့ ကျရာ​နေရာက ထည့်ဝင်ကြိုးပမ်းမှု​တွေ ၊ လူငယ်​တွေ ​တော်လှန်​ရေးရဲ​ဘော်​တွေရဲ့ ရဲဝံ့စွန့်စား အနစ်နာခံမှု​တွေ မဆုစ်မနစ်တီထွင်ဖန်တီး​မှု​တွေ တိုက်ပွဲဝင်မှု​တွေဟာ အ​ဓိကကြလှပါတယ် ။သူတို့လိုပဲ နိုင်ငံတစ်ဝန်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေရဲ့ ပြည်သူ​​တွေကို ကာကွယ်​စောင့်​ရှောက်​ပေးမှု၊ လူငယ်​တွေကိုစစ်ပညာသင်​ပေးမှု ၊ စစ်လက်နက်ပံ့ပိုး​ပေးပြီး တိုက်ပွဲဝင်အ​တွေ့အကြုံ​တွေမျှ​​ဝေမှု ၊ ရက်စက်ကြမ်းကြုတ်တဲ့ စစ်တပ်ကို​ PDF​တွေရဲ့ရှေ့ကဦး​ဆောင်တိုက်ပွဲဝင်​ပေးခဲ့တဲ့ ​တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း အလွန် အ​ရေးကြီးလှပါတယ် ။

တိုင်းရင်းသားလက်နက်ကိုင် ​တော်လှန်​ရေးအဖွဲ့​တွေ ဆိုတာမှာစစ်အုပ်စုကို ခုခံတွန်းလှန်တိုက်ခိုက်​နေတဲ့ အဖွဲ့​တွေကိုပဲ​ပြောတာဖြစ်ပါတယ် ။တိုင်းရင်းသားလက်နက်ကိုင်​တော်လှန်​ရေးအဖွဲ့ (EAO) အမည်ခံထား​ပေမယ့် စစ်တပ်လက်​အောက်ခံအဖွဲ့​တွေ ၊​ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်တပ်ကို မတိုက်တဲ့အဖွဲ့​တွေ ၊ ပြည်သူနဲ့ ​တော်လှန်​ရေးအဖွဲ့တွေကိုကူသလိုလို စစ်​ကောင်စီကို ကူသလိုလိုလုပ်​နေတဲ့ သာတဲ့ဘက်ရပ်မယ့် ခြံစည်းရိုးခွထိုင်တဲ့ EAO ​တွေ​တော့မပါ ပါဘူး ။

ပြည်သူ​တွေနဲ့ ​တော်လှန်​ရေးအင်အားစု​တွေ အားလုံး​ပေါင်းစီးမိကြလို့သာကြည်း​ရေ​လေ အင်အား​တောင့်တင်းပါတယ်ဆိုတဲ့ ကျင့်ဝတ်မဲ့ စစ်တပ်ကြီးဟာ တစ်နေ့တခြားလုံးပါးပါးပြီးယိုင်နဲ့လာတာဖြစ်ပါတယ်။ဒါ​​ကြောင့် အာဏာသိမ်း​ခေါင်း​ဆောင် ဟာ ပြည်ပကလက်နက်ကိုင် အဖွဲ့​တွေ ဝင်လာနိုင်​အောင် ပြည်ကပုဂ္ဂလိက လုံခြုံ​ရေးလုပ်ငန်း​တွေကို လက်နက်ကိုင်ခွင့်ပြုတဲ့ ဥပ​ဒေ ကို ဖုတ်ပူမီးတိုက် ပြဌာန်းခဲ့ပါတယ် ။ ဒါအပြင် ရုရှားကို ​ပြေးကပ်ပြီး ထားဝယ်​ရေနက်ဆိပ်ကမ်း အပါအဝင် စီမံကိန်း​တွေအများကြီး​​ဈေး​ပေါ​ပေါနဲ့ပေးခဲ့ပြီး ပြည်တွင်းလာပြီး စစ်ကူတိုက်​ပေးဖို့ မြူဆွယ်​နေပါတယ် ​။

နိုင်ငံ​့မြေကို တစ်လက်မ ​တောင်ကျူး​ကြော်မခံဘူးလို့ အစဥ်အဆက် ​လေးလုံးထွား ၊ဝါဒဖြန့်ခဲတဲ့ အာဏာသိမ်းစစ်​ခေါင်း​ဆောင်​တွေဟာ နိုင်ငံကို ​ရောင်းကုန်လိုသ​​ဘောထားပြီး ​ဈေး​ပေါ​ပေါနဲ့ ထိုး​ရောင်း​နေပြီဖြစ်ပါတယ် ။

ဒါ​ကြောင့် ​ဒီ​တော်လှန်​ရေး မ​အောင်လို့မရပါဘူး။

ဒီ​တော်လှန်​ရေးမ​အောင်ရင် မြန်မာနိုင်ငံမှာ ​မြောက်ကိုးရီးယားထက် အ​ခြေအ​နေဆိုးပြီး တရုတ် နဲ့ ရုရှား တို့ရဲ့သြဇာခံအာဏာရှင်နိုင်ငံအဖြစ်ရာသက်ပန်နေသွားရမယ့်အ​ခြေအ​နေဖြစ်ပါတယ်။ ဒီလိုသာဖြစ်လာရင် တိုင်းရင်းသားပြည်သူအားလုံး မင်း​အောင်လှိုင်ရဲ့မျိုးဆက်​တွေ နဲ့ ​နောက်တက်လာမယ့် စစ်အာဏာရှင်အဆက်ဆက်ရဲ့ စစ်ဖိနပ်​အောက်မှာ ​​ဆွေစဥ်မျိုးဆက် စစ်ကျွန်ခံကြရမှာဖြစ်ပါတယ် ။ ဒီအ​ခြေအ​နေကို​ရှောင်လွှဲနိုင်ဖို့ က စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြုတ်ချ​ရေးနည်းလမ်းတစ်ခုပဲရှိပါတယ် ။

သမိုင်းတ​လျှောက် ​တော်လှန်​ရေးအင်အားစု​တွေနဲ့ ပြည်သူ​တွေ အညီညွတ်ဆုံးအချိန် ၊ ဆယ်စုနှစ် ​ပေါင်းများစွာအတွင်းစစ်တပ် အင်အား အချိနဲ့ ဆုံးအချိန် မှာ ​တွေ​ဝေမ​နေပဲ စစ်အုပ်စုကို အလဲထိုးကြရမှာဖြစ်ပါတယ် ။ တကယ့်​တော့ စစ်တပ်ရဲ့ ရိုင်းစိုင်းယုတ်မာရက်စက်မှု ၊ ယုံကြည်လို့မရတာ​၊ စစ်ရာဇဝတ်မှုတွေအများကြီးကျူးလွန်ထားပြီးကင်းလွတ်ခွင့်စခဲ့တာ​တွေကိုတိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့​တွေ ၊ ပြည်နယ်ကတိုင်းရင်းသား​တွေက ပိုသိကြပါတယ် ။

​နွေဦး​တော်လှန်​ရေးဟာ အစိုးရ​ပြောင်းရုံ၊ ​စစ်အာဏာရှင်လူလဲရုံတင်မဟုတ်ပဲ စနစ်​ပြောင်း​တော်လှန်​​ရေးဖြစ်ပါတယ် ။ ဒါ​ကြောင့် ​တော်လှန်​ရေး​အောင်မြင်ဖို့ စစ်အုပ်စုကို ​တော်လှန်ချိန်မှာ​ရော ၊​တော်လှန်​ရေးပြီးလို့နိုင်ငံ​တော်သစ် စတင်တည်​ဆောက်ချိန်မှာပါ နိုင်ငံတစ်ဝန်းက ​တော်လှန်​ရေးအင်အားစု​တွေ ၊​ခေါင်း​ဆောင်​တွေ ၊ပြည်သူ​တွေရဲ့အားများစွာလိုမှာဖြစ်ပါတယ် ။နိုင်ငံသစ်တည်ခန်းဟာ​ ​တော်လှန်​ရေး​ခေါင်း​ဆောင်​​တွေ ၊နိုင်ငံ​ရေး ​​ခေါင်း​ဆောင်​တွေ ပြည်သူ​တွေအတူတကွ ပူး​ပေါင်း​ဆောင်ရွက် ကြဖို့အလွန်အ​ရေးကြီးပါတယ်။

​နွေဦး​တော်လှန်​ရေးကာလတ​လျှောက်မှာ တိုင်းရင်းသားပြည်သူ​တွေကြားမှာ​ရော ၊​တိုင်းရင်သား​ခေါင်း​ဆောင်တချို့မှာပါအမျိုးသား​ရေး စိတ်ဓါတ်​တွေ ပိုပြင်းထန်လာကြပါတယ် ။ ဒီ​နေရာမှာ​နွေဦး​တော်လှန်​ရေးမှာပါ​နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​ခေါင်း​ဆောင်​တွေကိုအထူး​မေတ္တာရပ်ခံလိုတာတစ်ခုရှိပါတယ်။

လူမျိုးစု​ကိုယ်စားပြုတိုင်းရင်းသားခေါင်း​​ဆောင်အဖြစ် ကိုယ့်လူမျိုး၊ကိုယ့်​ဒေသ၊ကိုယ်ပြည်နယ်တစ်ခုတည်းအတွက်ကြည့်တာမျိုး မဟုတ်ပဲ ပြည်​ထောင်စုတစ်ခုလုံးအတွက်၊အဖိနှိပ်ခံ တိုင်းရင်းသားပြည်သူအားလုံးအတွက်ကိုပါ လွှမ်းခြုံကြည့်ပြီး ပြည်​ထောင်စုသစ် တည်​ဆောက်​ရေးမှာအတူပူး​ပေါင်းပါဝင်ဦး​ဆောင်တဲ့ ​ပြည်​ထောင်စုကိုယ်စားပြုတိုင်းရင်းသား​ခေါင်းဆောင်​တွေအဖြစ် ​ရှေ့ကိုထွက်လာကြဖို့ ဖြစ်ပါတယ်။ အဲဒီလို ပြည်​ထောင်စု တစ်ခုလုံးအတွက်​ရော ၊လူမျိုးစုအတွက်​ရော ဘက်မျှ​အောင်စဥ်းစားလုပ်ကိုင်ကြပြီဆိုရင် လူမျိုးစု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေကြားပဋိပက္ခ​တွေဟာလည်း​လျော့ပါးသွားမယ်လို့ ယုံကြည်ပါတယ် ။

လူမျိုးကိုယ်စားပြုခေါင်း​ဆောင်​တွေ အဖြစ်က​နေ တိုင်းပြည်တည်​ဆောက်​ရေး အတူဝိုင်းဝန်းကြိုးပမ်းတဲ့ ပြည်​ထောင်စုကိုယ်စားပြုခေါင်း​ဆောင်​တွေအဖြစ် ပါဝင်လုပ်ကိုင်နိုင်​အောင်လည်း ​​ပြည်​ထောင်စုသ​ဘော​ဆောင်တဲ့ တော်လှန်​ရေးအင်အားစု​တွေက ဖိတ်​ခေါ်​တာ၊ ဖန်တီး​ပေးတာ ၊လက်ကမ်းကြိုတာ​တွေလည်းအ​ရေးကြီးလှတယ်လို့သုံးသပ်မိပါတယ်။

တိုက်ပွဲဝင်​နေတဲ့ ​တော်လှန်​ရေးအဖွဲ့​တွေအားလုံးဟာ စစ်အာဏာရှင်ဖြုတ်ချ​ရေး ဘုံရည်မှန်းချက် တူညီသလို ၊ ကိုယ်ပိုင်ပြဌာန်းခွင့် နဲ့ အမျိုးသားတန်းတူ​ရေးကို အာမခံတဲ့ ဖက်ဒရယ် ပြည်​ထောင်စုတည်​ဆောက်​ရေး ဘုံရည်မှန်းချက်လည်းတူ​နေပါတယ် ။ဒါ​ကြောင့် ​နိုင်ငံတဝန်းက တော်လှန်​ရေး​ခေါင်း​ဆောင်​တွေကို ဘုံရည်မှန်ချက်​တွေ ​အထ​မြောက်အောင်မြင်ဖို့ပြည်သူ​တွေနဲ့အတူဆက်လက်တိုက်ပွဲဝင်ပေးဖို့၊ ပြည်​ထောင်စုသစ်တည်​ဆောက်​ရေးမှာလည်းအတူတကွ ပူး​ပေါင်းပါဝင်တာဝန်ထမ်း​ရွက်ပေးကြဖို့ ​​မေတ္တာရပ်ခံတိုက်တွန်းအပ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးနှင့် တရုတ်သံအမတ်ကြီးနေအိမ်ရှေ့တွင် အ​မေရီကန်ရောက် မြန်မာများနှင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများက နွေဦးတော်လှန်ရေး ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြခဲ့ကြသည်။

သတင်း

ရန်ကုန်၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက နွေဦးတော်လှန်ရေး (၄)နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁ရက်)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂျောန်းမြို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် ကိုရီးယားအဖွဲ့အစည်းများ စုပေါင်းကာ နွေဦးတော်လှန်ရေး ၄နှစ်ပြည့် သတင်းစာရှင်းလင်းပွဲနှင့် လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ (ဖေဖော်ဝါရီ ၁ရက်) ကျင်းပပြုလုပ်ခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက နွေဦးတော်လှန်ရေး (၄)နှစ်ပြည့်အကြို လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၃၁)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။