Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောင်ကောင်မှာ ခရီးသည်တင်လေယာဉ်ကနေ အရေးပေါ်လျှောနဲ့ ဆင်းသက်ရင်း တစ်ဒါဇင်နီးပါး ဒဏ်ရာရ

ဇွန်လ ၂၄ ရက် မနက်ပိုင်းက Cathay Pacific လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် CX880 လေယာဉ်ဟာ ဟောင်ကောင် နိုင်ငံတကာ လေဆိပ်ကနေ ပျံတက်ဖို့ ပြင်ဆင်ခဲ့ပေမယ့် နည်းပညာပိုင်း ချွတ်ချော်မှု တစ်ခု ဖြစ်နေမှန်း ထောက်လှမ်းမိခဲ့တဲ့နောက် လေယာဉ်မှူးက ခရီးစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဟောင်ကောင်မှာ ခရီးသည်တင်လေယာဉ်ကနေ အရေးပေါ်လျှောနဲ့ ဆင်းသက်ရင်း တစ်ဒါဇင်နီးပါး ဒဏ်ရာရ
ဟောင်ကောင်မှာ ခရီးသည်တင်လေယာဉ်ကနေ အရေးပေါ်လျှောနဲ့ ဆင်းသက်ရင်း တစ်ဒါဇင်နီးပါး ဒဏ်ရာရ

ဟောင်ကောင်မှာ ခရီးသည်တင် လေယာဉ်တစ်စီး ပျံတက်မယ့် အချိန်မှာ ချွတ်ချော် မှားယွင်းမှု ကြုံခဲ့တာကြောင့် လူပေါင်း တစ်ဒါဇင်နီးပါး ထိခိုက် ဒဏ်ရာရသွားခဲ့ပါတယ်။

ဇွန်လ ၂၄ ရက် မနက်ပိုင်းက Cathay Pacific လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် CX880 လေယာဉ်ဟာ ဟောင်ကောင် နိုင်ငံတကာ လေဆိပ်ကနေ ပျံတက်ဖို့ ပြင်ဆင်ခဲ့ပေမယ့် နည်းပညာပိုင်း ချွတ်ချော်မှု တစ်ခု ဖြစ်နေမှန်း ထောက်လှမ်းမိခဲ့တဲ့နောက် လေယာဉ်မှူးက ခရီးစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လေယာဉ်မှူးက ပျံတက်မယ့် ဆုံးဖြတ်ချက်ကို အရေးပေါ် ပြင်ဆင်ပြီး သတ်မှတ် လမ်းညွှန်ချက်တွေနဲ့အညီ တုံ့ပြန် ဆောင်ရွက်ချိန်မှာ ခရီးသည် ၁၁ ဦးလောက် ဒဏ်ရာတွေ ရခဲ့တယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။ လေယာဉ်ပေါ်မှာ အမှုထမ်း ၁၇ ဦးနဲ့ ခရီးသည် ၂၉၃ ဦး လိုက်ပါလာပြီး ဟောင်ကောင်ကနေ လော့စ်အန်ဂျလိစ်ကို ပျံသန်းဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ရဲ့ တံခါးပေါက်တွေကို ဖွင့်ပြီး အရေးပေါ် လျှောတွေကနေတဆင့် ခရီးသည်တွေ ဆင်းသက်ကြရချိန်မှာ အခုလို ဒဏ်ရာတွေ ရခဲ့တာပါ။ ဒဏ်ရာရ ခရီးသည်တွေထဲက ၉ ဦးက ခဏအကြာမှာပဲ ဆေးရုံက ပြန်ခွင့်ရခဲ့ပြီး နောက်ထပ် ဆေးရုံဆက်တက်နေသူ ၂ ဦးအပြင် သူတို့ရဲ့ မိသားစုတွေကိုပါ လိုအပ်သမျှ ကူညီ ဖြည့်ဆည်းပေးသွားမယ်လို့ လေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

လေဆိပ် ရဲတပ်ဖွဲ့ရဲ့ အဆိုကို ကိုးကားပြီး RTHK သတင်းဌာနကတော့ လေယာဉ်ရဲ့ တာယာတစ်လုံး ပေါက်ကွဲသွားလို့ ခရီးစဉ် ရွှေ့ဆိုင်းလိုက်ရတာလို့ ဖော်ပြထားပေမယ့် လေကြောင်းလိုင်းကတော့ အသေးစိတ် မပြောသေးပါဘူး။ အဲဒီအစား ခရီးသည်တွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ ကြုံသွားရတာကိုပဲ လေကြောင်းလိုင်းက တောင်းပန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျာမနီနိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စီး ရပ်နားထားရင်း ရုတ်တရက် ဘီးဝင်ရိုး ကျိုးကျမှု ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောင်ကောင်ရဲ့ ထင်ရှားတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ မီဒီယာ လုပ်ငန်းရှင် သူဌေးကြီး ဂျင်မီလိုင်ကို ထောင်ဒဏ် နှစ် ၂၀ စီရင် ချမှတ်လိုက်ပါတယ်။

သတင်း

အိမ်ရာ မီးလောင်မှုကြီးတစ်ခုနဲ့ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့တဲ့နောက် ဟောင်ကောင်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်အားလုံး ငြမ်းဆင်ရာမှာ အသုံးပြုတဲ့ အစိမ်းရောင်ပိုက်တွေကို ဖယ်ရှားဖို့ ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

လူပေါင်း ၁၅၀ ကျော် သေဆုံးစေခဲ့တဲ့ အိမ်ရာ မီးလောင်မှုကြီးအပြီး ဟောင်ကောင် အာဏာပိုင်တွေဟာ လူ ၁၃ ဦးကို ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။