Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဟောင်ကောင်မှာ ခရီးသည်တင်လေယာဉ်ကနေ အရေးပေါ်လျှောနဲ့ ဆင်းသက်ရင်း တစ်ဒါဇင်နီးပါး ဒဏ်ရာရ

ဇွန်လ ၂၄ ရက် မနက်ပိုင်းက Cathay Pacific လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် CX880 လေယာဉ်ဟာ ဟောင်ကောင် နိုင်ငံတကာ လေဆိပ်ကနေ ပျံတက်ဖို့ ပြင်ဆင်ခဲ့ပေမယ့် နည်းပညာပိုင်း ချွတ်ချော်မှု တစ်ခု ဖြစ်နေမှန်း ထောက်လှမ်းမိခဲ့တဲ့နောက် လေယာဉ်မှူးက ခရီးစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဟောင်ကောင်မှာ ခရီးသည်တင်လေယာဉ်ကနေ အရေးပေါ်လျှောနဲ့ ဆင်းသက်ရင်း တစ်ဒါဇင်နီးပါး ဒဏ်ရာရ
ဟောင်ကောင်မှာ ခရီးသည်တင်လေယာဉ်ကနေ အရေးပေါ်လျှောနဲ့ ဆင်းသက်ရင်း တစ်ဒါဇင်နီးပါး ဒဏ်ရာရ

ဟောင်ကောင်မှာ ခရီးသည်တင် လေယာဉ်တစ်စီး ပျံတက်မယ့် အချိန်မှာ ချွတ်ချော် မှားယွင်းမှု ကြုံခဲ့တာကြောင့် လူပေါင်း တစ်ဒါဇင်နီးပါး ထိခိုက် ဒဏ်ရာရသွားခဲ့ပါတယ်။

ဇွန်လ ၂၄ ရက် မနက်ပိုင်းက Cathay Pacific လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် CX880 လေယာဉ်ဟာ ဟောင်ကောင် နိုင်ငံတကာ လေဆိပ်ကနေ ပျံတက်ဖို့ ပြင်ဆင်ခဲ့ပေမယ့် နည်းပညာပိုင်း ချွတ်ချော်မှု တစ်ခု ဖြစ်နေမှန်း ထောက်လှမ်းမိခဲ့တဲ့နောက် လေယာဉ်မှူးက ခရီးစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လေယာဉ်မှူးက ပျံတက်မယ့် ဆုံးဖြတ်ချက်ကို အရေးပေါ် ပြင်ဆင်ပြီး သတ်မှတ် လမ်းညွှန်ချက်တွေနဲ့အညီ တုံ့ပြန် ဆောင်ရွက်ချိန်မှာ ခရီးသည် ၁၁ ဦးလောက် ဒဏ်ရာတွေ ရခဲ့တယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။ လေယာဉ်ပေါ်မှာ အမှုထမ်း ၁၇ ဦးနဲ့ ခရီးသည် ၂၉၃ ဦး လိုက်ပါလာပြီး ဟောင်ကောင်ကနေ လော့စ်အန်ဂျလိစ်ကို ပျံသန်းဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ရဲ့ တံခါးပေါက်တွေကို ဖွင့်ပြီး အရေးပေါ် လျှောတွေကနေတဆင့် ခရီးသည်တွေ ဆင်းသက်ကြရချိန်မှာ အခုလို ဒဏ်ရာတွေ ရခဲ့တာပါ။ ဒဏ်ရာရ ခရီးသည်တွေထဲက ၉ ဦးက ခဏအကြာမှာပဲ ဆေးရုံက ပြန်ခွင့်ရခဲ့ပြီး နောက်ထပ် ဆေးရုံဆက်တက်နေသူ ၂ ဦးအပြင် သူတို့ရဲ့ မိသားစုတွေကိုပါ လိုအပ်သမျှ ကူညီ ဖြည့်ဆည်းပေးသွားမယ်လို့ လေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

လေဆိပ် ရဲတပ်ဖွဲ့ရဲ့ အဆိုကို ကိုးကားပြီး RTHK သတင်းဌာနကတော့ လေယာဉ်ရဲ့ တာယာတစ်လုံး ပေါက်ကွဲသွားလို့ ခရီးစဉ် ရွှေ့ဆိုင်းလိုက်ရတာလို့ ဖော်ပြထားပေမယ့် လေကြောင်းလိုင်းကတော့ အသေးစိတ် မပြောသေးပါဘူး။ အဲဒီအစား ခရီးသည်တွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ ကြုံသွားရတာကိုပဲ လေကြောင်းလိုင်းက တောင်းပန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဒီဟာ ၂၀၂၂ မှာ အစ္စရေး လွှတ်တော်ထဲ ရွေးကောက်ခံရပြီး အဓိက အတိုက်အခံခေါင်းဆောင် ဘန်နီဂန့်ဇ်ရဲ့ အမျိုးသား ညီညွတ်ရေးပါတီ (NUP)မှာ ပါဝင်ခဲ့ပေမယ့် စစ်ပွဲကာလ အစိုးရထဲကို ဝန်ကြီးချုပ် နေတန်ညာဟုက အားကိုးတကြီး ခေါ်ယူခန့်အပ် ခံခဲ့ရတာ ဖြစ်ပါတယ်။

သတင်း

AAက ဖွဲ့စည်းထားသည့် အရေးပေါ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ကော်မတီကလည်း ဇူလိုင် ၁၄ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ မိုခါမုန်တိုင်းကြောင့် အမိုးအကာအောက် မရောက်သေးသူများအားလုံး အမြန်ဆုံးရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည်ဟု အသိပေးသည်။

နိုင်ငံတကာ

အမေရိကန် အထက်လွှတ်တော်အမတ် ဘရိုင်ယန် ရှက်ဇ်က မီးလောင်ပြင် နေရာတချို့ကို သွားရောက်ခဲ့ပြီး လေက အခုရက်ပိုင်းမှာ နည်းနည်း ပြန်ငြိမ်သွားပေမယ့် နောက်ထပ် အသေအပျောက်ဦးရေ တိုးလာနိုင်ခြေတွေ ရှိနေသေးကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

နိုင်ငံတကာ

မီးလောင်မှုမှာ ထိခိုက်ခဲ့တဲ့ လေယာဉ်ကို လတ်တလောမှာ ပျံသန်း ပြေးဆွဲမှု ရပ်ဆိုင်းထားပြီး ပြင်ဆင် မွမ်းမံမှုတွေ လုပ်ဆောင်သွားမယ်လို့ ကနေဒါ လေကြောင်းလိုင်းက ကြေညာထားပါတယ်။