Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Titan ရေငုပ်သင်္ဘောရဲ့ မိခင်ရေယာဉ်ပေါ်မှာ စုံစမ်းစစ်ဆေးမှုတွေ စတင်

ရေဖိအားကြောင့် ကိုယ်ထည် ပေါက်ထွက်ပြီး ပျက်စီးကြေမွသွားခဲ့တဲ့ Titan ရေငုပ်သင်္ဘောရဲ့ မိခင်ရေယာဉ် Polar Princeဟာ အခုသီတင်းပတ်ကုန်မှာတော့ ကနေဒါနိုင်ငံ၊ နယူးဖောင်လန်ကျွန်းက စိန့်ဂျွန်း ဆိပ်ကမ်းနားမှာ ဆိုက်ကပ်ထားပါတယ်။

Titan ရေငုပ်သင်္ဘောရဲ့ မိခင်ရေယာဉ်ပေါ်မှာ စုံစမ်းစစ်ဆေးမှုတွေ စတင်
Titan ရေငုပ်သင်္ဘောရဲ့ မိခင်ရေယာဉ်ပေါ်မှာ စုံစမ်းစစ်ဆေးမှုတွေ စတင်

ကမ္ဘာကျော် Titanic သင်္ဘောပျက်ကို ငုပ်လျှိုး ကြည့်ရှုရင်း လူ ၅ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ Titan ရေငုပ်သင်္ဘောရဲ့ မိခင် ရေယာဉ်ပေါ်မှာ စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ရေဖိအားကြောင့် ကိုယ်ထည် ပေါက်ထွက်ပြီး ပျက်စီးကြေမွသွားခဲ့တဲ့ Titan ရေငုပ်သင်္ဘောရဲ့ မိခင်ရေယာဉ် Polar Princeဟာ အခုသီတင်းပတ်ကုန်မှာတော့ ကနေဒါနိုင်ငံ၊ နယူးဖောင်လန်ကျွန်းက စိန့်ဂျွန်း ဆိပ်ကမ်းနားမှာ ဆိုက်ကပ်ထားပါတယ်။

ဇွန် ၂၄ ရက်ကစပြီး အဲဒီ ရေယာဉ်ပေါ်မှာ ကနေဒါ စုံစမ်းထောက်လှမ်းရေး အရာရှိတွေ တက်ရောက်ပြီး အချက်အလက်တွေ၊ အထောက်အထားတွေ ရယူနေခဲ့ကြောင်း မျက်မြင်တွေက ဆိုပါတယ်။ Polar Prince ရေခဲခွဲ သင်္ဘောကနေ Titanကို ရေအောက် ငုပ်လျှိုးနိုင်အောင် စီစဉ်ပေးတဲ့ ပလက်ဖောင်းကိုလည်း တခြားရေယာဉ် တစီးက ဆိပ်ကမ်းထိ ဆွဲယူလာခဲ့ပါတယ်။

Titanic သင်္ဘောပျက်ကို သွားရောက်ကြည့်ရှုရင်း ပျောက်ဆုံးသွားတဲ့ Titan ရေငုပ်သင်္ဘော အကြောင်းဟာ အခုသီတင်းပတ်ထဲမှာ လူပြောအများဆုံး သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ရှာဖွေရေး လုပ်ငန်းစဉ်တွေ စတင်အပြီး ၅ ရက် အကြာမှာ ရေငုပ်သင်္ဘောငယ်လေးရဲ့ အပျက်အစီး အစိတ်အပိုင်းတွေကို ရေအနက် ပေပေါင်း ၁၂၀၀၀ ကျော် ပင်လယ်ကြမ်းပြင်အောက်မှာ ရှာတွေ့ခဲ့ပြီး Titanနဲ့အတူ စီးနင်းလိုက်ပါသွားသူ ၅ ဦးရဲ့ အဆိုးဆုံး ကံကြမ္မာကို အတည်ပြုနိုင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Titanရေငုပ်သင်္ဘောဟာ တည်ဆောက်ပုံနဲ့ ဒီဇိုင်းပိုင်းမှာ လုံခြုံရေး အားနည်းချက်တွေ ရှိနိုင်ကြောင်း သတင်းတွေကိုတော့ Titanနဲ့ Polar Princeတို့ရဲ့ မိခင် ကုမ္ပဏီဖြစ်တဲ့ OceanGateက ငြင်းဆိုထားပါတယ်။

Polar Princeဟာ ရှာဖွေရေး မစ်ရှင်တွေ ပြီးဆုံးသွားတဲ့နောက် မိုင် ၄၀၀ လောက် ကွာဝေးတဲ့ စိန့်ဂျွမ်းဆိပ်ကမ်းဆီ ပြန်ရောက်လာတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ကနေဒါ ကမ်းခြေစောင့်တပ်တွေ ပူးပေါင်းပြီး ရှာဖွေရေး လုပ်ငန်းတွေ ဆောင်ရွက်နေချိန်မှာ Polar Princeကို ယာယီ ဌာနချုပ်အဖြစ် အသုံးပြုခဲ့ပါတယ်။

Titanရဲ့ အပျက်အစီးတွေ ရှာတွေ့ပြီး နောက်တစ်နေ့မှာပဲ ကနေဒါ အစိုးရက ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လုံခြုံရေး အစီအမံတွေ အားနည်းချက် ရှိခဲ့သလား ဆိုတာကို စုံစမ်း စစ်ဆေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ တခြားနိုင်ငံ တချို့ရဲ့ အေဂျင်စီတွေ ပူးပေါင်း ပါဝင်လာဖွယ် ရှိနေပြီး ဘယ်အစုအဖွဲ့က ဦးဆောင်မလဲ ဆိုတာကိုတော့ တိတိကျကျ မထုတ်ပြန်သေးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူသားမျိုးနွယ်အပေါ် မြန်မာစစ်တပ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သတ်မှု၊ ဒဏ်ခတ်ပိတ်‌ဆို့မှု‌တွေကို ချိုးဖောက်မှုနဲ့ တယ်လီနော ASA ကို စွဲချက်တင်တဲ့အပေါ် Justice For Myanmar(JFM) နဲ့ ICJ Norway က ကြိုဆိုကြောင်း အသိပေးထားပါတယ်။

နိုင်ငံတကာ

သီရိလင်္ကာ ကမ်းလွန် ပင်လယ်ပြင်မှာ အီရန် စစ်သင်္ဘောတစ်စီး နစ်မြုပ်မှုဟာ အမေရိကန် လက်ချက်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

သီရိလင်္ကာ ကမ်းလွန်မှာ အီရန် စစ်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ပြီးအသေအပျောက်တွေလည်းရှိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ဟာ ပြည်တွင်းဖြစ် ရေငုပ်သင်္ဘော တစ်စီးကို ပထမဆုံးအကြိမ် ပင်လယ်ပြင် လက်တွေ့ စမ်းသပ်မှု အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။

Facebook