Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူ ၁၀၁ ယောက်နဲ့ ခွေး ၁ ကောင် ယှဉ်ပြိုင်ကြမယ့် တိုရွန်တို မြို့တော်ဝန် ရွေးကောက်ပွဲ

အသက် ၆ နှစ်သား ဝံပုလွေစပ် ဟက်စကီမျိုးစိတ် ခွေးမလေး မော်လီနဲ့ သူ့ရဲ့ ပိုင်ရှင် တိုဘီဟိပ်စ်တို့ဟာ မြို့တော်ဝန် ရွေးကောက်ပွဲဝင်မယ့် စာရင်းမှာ နာမည် ထည့်သွင်းထားကြပါတယ်။ သူတို့ရဲ့ ရွေးကောက်ပွဲကြို အဓိက မဲဆွယ်မှု ဆောင်ပုဒ်ကတော့ ဆားကြမ်းတွေကို ရပ်တန့်ရေး ဆိုတာပါပဲ။

လူ ၁၀၁ ယောက်နဲ့ ခွေး ၁ ကောင် ယှဉ်ပြိုင်ကြမယ့် တိုရွန်တို မြို့တော်ဝန် ရွေးကောက်ပွဲ
လူ ၁၀၁ ယောက်နဲ့ ခွေး ၁ ကောင် ယှဉ်ပြိုင်ကြမယ့် တိုရွန်တို မြို့တော်ဝန် ရွေးကောက်ပွဲ

ကနေဒါ နိုင်ငံက တိုရွန်တိုမြို့အတွက် မြို့တော်ဝန်အဖြစ် ယှဉ်ပြိုင်မယ့်သူ အရေအတွက်ဟာ အခုနှစ်မှာ စံချိန်တင် ၁၀၂ ဦးထိ များပြားခဲ့ပါတယ်။ ထူးခြားချက် တစ်ခုကတော့ အဲဒီထဲက ၁၀၁ ဦးသာ လူသားတွေဖြစ်ပြီး ကျန်တဲ့ မြို့တော်ဝန်လောင်းကတော့ ခွေးလေးတစ်ကောင် ဖြစ်နေခြင်းပါပဲ။

အသက် ၆ နှစ်သား ဝံပုလွေစပ် ဟက်စကီမျိုးစိတ် ခွေးမလေး မော်လီနဲ့ သူ့ရဲ့ ပိုင်ရှင် တိုဘီဟိပ်စ်တို့ဟာ မြို့တော်ဝန် ရွေးကောက်ပွဲဝင်မယ့် စာရင်းမှာ နာမည် ထည့်သွင်းထားကြပါတယ်။ သူတို့ရဲ့ ရွေးကောက်ပွဲကြို အဓိက မဲဆွယ်မှု ဆောင်ပုဒ်ကတော့ ဆားကြမ်းတွေကို ရပ်တန့်ရေး ဆိုတာပါပဲ။

ကနေဒါက ဆောင်းရာသီတွေမှာ လမ်းတွေပေါ် ဆီးနှင်းရေခဲတွေ ဖုံးလွှမ်းတာကို လျှော့ချဖို့ ဆားကြမ်းတွေ အလွန်အကျွံ ပက်ဖြန်းခြင်းက မော်လီလိုမျိုး ခွေးလေးတွေရဲ့ ခြေဖဝါး၊ လက်ဖဝါးတွေကို ထိခိုက်နာကျင်စေတယ်လို့ ဟိပ်စ်က ပြောပါတယ်။ သူက မော်လီကိုပါ မြို့တော်ဝန်လောင်းအဖြစ် နာမည် စာရင်းသွင်းထားခြင်းက လူအများရဲ့ အာရုံကို ပိုမို ဆွဲဆောင်နိုင်ပြီး တိရစ္ဆာန် အခွင့်အရေး တောင်းဆိုမှု ရည်ရွယ်ချက်ကို ပိုမို ထင်ဟပ်စေကြောင်း ပြောပါတယ်။

ဟိပ်စ်ရဲ့ မြို့တော်ဝန် ရည်မှန်းချက်တွေထဲမှာ အိမ်ခြံမြေ စျေးနှုန်းတွေ မြင့်တက်နေတာကို ပြင်ဆင်ဖို့၊ ဘီလီယံဒေါ်လာနဲ့ချီ တန်ဖိုးရှိတဲ့ လုပ်ငန်းတွေအတွက် အခွန်စည်းကြပ်မှုကို တိုးမြှင့်ဖို့၊ အသစ်ဆောက်လုပ်မယ့် နေအိမ် အဆောက်အအုံတွေမှာ ရုပ်ကြွင်းလောင်စာသုံး အပူပေး စနစ်တွေကို တပ်ဆင်ခွင့် ပိတ်ပင်ဖို့ ဆိုတာတွေ ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လို့ သူသာ အနိုင်ရခဲ့မယ်ဆိုရင် မော်လီကိုလည်း မြို့တော်သမိုင်းမှာ ခွေးတွေအတွက် ပထမဆုံး ဂုဏ်ထူးဆောင် မြို့တော်ဝန်အဖြစ် ခန့်အပ်ပေးမယ်လို့ ဟိပ်စ်က ကတိပြုထားပါတယ်။ သူဟာ ပြုပြင်ပြောင်းလဲရေးတွေကို ပီပီပြင်ပြင် လုပ်ဆောင်လိုသူ တစ်ဦး ဖြစ်တာကြောင့် အခုရွေးကောက်ပွဲဟာ ရည်မှန်းချက်တွေ အကောင်အထည် ဖော်နိုင်မယ့် အခွင့်အလမ်း တစ်ခုလို့ ယူဆပြီး လက်လွတ်မခံကြောင်းလည်း ဟိပ်စ်က ဆိုပါတယ်။

လေ့လာသူတွေကတော့ ဟိပ်စ်နဲ့ မော်လီတို့ဟာ လူစိတ်ဝင်စားတာ ခံရတဲ့ ရွေးကောက်ပွဲဝင် နာမည်တွေ ဖြစ်လာတဲ့တိုင်အောင် လက်တွေ့ အနိုင်ရနိုင်ခြေကတော့ နည်းပါးလွန်းတယ်လို့ သုံးသပ်ကြပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်တာအတွင်း တိုရွန်တို မြို့တော်ဝန် တာဝန်ယူထားခဲ့သူ ဂျွန်တိုရီ နုတ်ထွက်မှု အပြီးမှာ လစ်လပ်သွားတဲ့ ရာထူးအတွက် လူပေါင်း ၁၀၀ ကျော်က ယှဉ်ပြိုင်ဖို့ အားခဲနေကြတာပါ။ တိုရန်တို မြို့တော်ဝန် ရာထူးအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ဇွန် ၂၆ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်လာတဲ့နောက် ကနေဒါရဲ့ ပို့ကုန်အမျိုးအစား တချို့ကို အမေရိကန်က တင်သွင်းခွင့် ပိတ်ပစ်လိုက်ပါတယ်။

Facebook