Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘော ပျက်စီးသွားကြောင်းနဲ့ လိုက်ပါသွားသူ ၅ ဦးလုံး သေဆုံးကြောင်း အမေရိကန် ကမ်းခြေစောင့်တပ် ကြေညာ

လူ ၅ ဦး စီးနင်း လိုက်ပါသွားတဲ့ Titan ရေငုပ်သင်္ဘောလေးရဲ့ အပျက်အစီး အစိတ်အပိုင်းတွေကို မြောက်ပိုင်း အတ္တလန္တိတ် သမုဒ္ဒရာ ရေအောက်ကြမ်းပြင်မှာရှိတဲ့ ကမ္ဘာကျော် Titanic သင်္ဘောပျက်ကြီးနဲ့ မီတာ ၁၆၀၀ လောက် အကွာမှာ တွေ့ရှိခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘော ပျက်စီးသွားကြောင်းနဲ့ လိုက်ပါသွားသူ ၅ ဦးလုံး သေဆုံးကြောင်း အမေရိကန် ကမ်းခြေစောင့်တပ် ကြေညာ
ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘော ပျက်စီးသွားကြောင်းနဲ့ လိုက်ပါသွားသူ ၅ ဦးလုံး သေဆုံးကြောင်း အမေရိကန် ကမ်းခြေစောင့်တပ် ကြေညာ

Titanic သင်္ဘောပျက်ကြီးကို သွားရောက် လေ့လာရင်း ပျောက်ဆုံးသွားတဲ့ ရေငုပ်သင်္ဘောကို အပူတပြင်း ဖြန့်ကျက် ရှာဖွေနေတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို သတင်းဆိုးနဲ့အတူ အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။

လူ ၅ ဦး စီးနင်း လိုက်ပါသွားတဲ့ Titan ရေငုပ်သင်္ဘောလေးရဲ့ အပျက်အစီး အစိတ်အပိုင်းတွေကို မြောက်ပိုင်း အတ္တလန္တိတ် သမုဒ္ဒရာ ရေအောက်ကြမ်းပြင်မှာရှိတဲ့ ကမ္ဘာကျော် Titanic သင်္ဘောပျက်ကြီးနဲ့ မီတာ ၁၆၀၀ လောက် အကွာမှာ တွေ့ရှိခဲ့ပါတယ်။

Titan ရေငုပ်သင်္ဘောဟာ မိခင် ရေယာဉ်ကနေ ခွာပြီး ရေအောက် စတင် ငုပ်လျှိုးသွားခဲ့တဲ့နောက် နာရီပိုင်းလောက် အကြာတုန်းက အဲဒီနေရာ တဝိုက်မှာ မူမှန်မဟုတ်တဲ့ ဆူညံသံ တခုကို အမေရိကန် ရေတပ်က ဖမ်းယူ ရရှိခဲ့ပါတယ်။ အဲဒီ အသံဟာ ရေဖိအားကြောင့် ရေငုပ်သင်္ဘောကိုယ်ထည် ပေါက်ကွဲ ပျက်စီးသွားခဲ့တဲ့ အသံလို့ ယုံကြည်ရပြီး ရေငုပ်သင်္ဘောရဲ့ ကျိုးပဲ့ ပျက်စီးနေတဲ့ အမြီးပိုင်း အစိတ်အပိုင်းကလည်း ဒီအယူအဆကို သက်သေခံနေတယ်လို့ ဆိုပါတယ်။

ပင်လယ်ရေမျက်နှာပြင်အောက် ပေပေါင်း ၁၂၅၀၀ လောက်မှာ ပျက်စီးသွားတဲ့ ရေငုပ်သင်္ဘောထဲက လူ ၅ ဦးဟာ ဘယ်လိုမှ အသက်ရှင်နိုင်ခြေ မရှိတော့ဘူးလို့ အမေရိကန် ကမ်းခြေစောင့်တပ်က အတည်ပြု ကြေညာပါတယ်။ သေဆုံးသွားသူတွေထဲမှာ ဗြိတိန်က စီးပွားရေး လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီးနဲ့ လူစွန့်စား တစ်ဦးလို့ လူသိများသူ အသက် ၅၈ နှစ်အရွယ် ဟာမစ်ရှ် ဟာဒင်လည်း ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

Titan ရေငုပ်သင်္ဘောလေးနဲ့ အဆက်အသွယ် ပြတ်တောက်သွားကြောင်း မိခင်ကုမ္ပဏီက OceanGateက ဆက်သွယ်ပြီး အရေးပေါ် အကူအညီ တောင်းခံလာတဲ့နောက် အမေရိကန်နဲ့ ကနေဒါ ကမ်းခြေစောင့် တပ်တွေဟာ ရေယာဉ်၊ လေယာဉ်၊ ရေငုပ်ဒရုန်းတွေကို အသုံးပြုပြီး Titanကို အစွမ်းကုန် ဖြန့်ကျက် ရှာဖွေခဲ့ကြပါတယ်။

မူလက Titanရဲ့ ကိုယ်ထည် ပေါက်ကွဲပျက်စီးသွားတယ် ဆိုတာမျိုး မယူဆသေးဘဲ ရေငုပ်သင်္ဘောငယ်လေးထဲမှာ အောက်စီဂျင် လက်ကျန် ရှိနိုင်မယ့် အချိန်တိုအတွင်း ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ဖို့ အဓိက ကြိုးစားခဲ့ကြပါတယ်။ ဇွန်လ ၂၂ ရက်မှာတော့ ရေငုပ်သင်္ဘောပျက်ရဲ့ အမြီးအစိတ်အပိုင်းကို ရေအောက်ဒရုန်း တစ်စီးက ထောက်လှမ်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရှာတွေ့ခဲ့တဲ့ အပျက်အစီး အစိတ်အပိုင်းဟာ ရေငုပ်သင်္ဘော အနေနဲ့ ဖိအားကြောင့် ပေါက်ကွဲထွက်သွားတယ်ဆိုတဲ့ ကောက်ချက်နဲ့ အံဝင်ခွင်ကျ ကိုက်ညီနေတယ်လို့ အမေရိကန် ကမ်းခြေစောင့်တပ်ရဲ့ နောက်တန်း သေနာပတိ ဂျွန်မော်ဂါက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

Titanဟာ ရေအောက်ကို ငုပ်လျှိုးသွားပြီး ဘယ်လောက်အကြာ၊ တနည်းအားဖြင့် ရေအနက် ဘယ်လောက်အရောက်မှာ ပေါက်ကွဲထွက်သွားသလဲ ဆိုတာကို တိတိကျကျ ပြောဖို့တော့ စောလွန်းသေးတယ်လို့ သူက မှတ်ချက် ပေးခဲ့ပါတယ်။

၂၂ ပေ ရှည်လျားတဲ့ ရေငုပ်သင်္ဘောငယ်လေးရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်လို့ အရင်ကလည်း စိုးရိမ်တကြီး ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့ဖူးကြောင်း သတင်းတွေက ဖော်ပြပါတယ်။ Titanကို ပိုင်ဆိုင်တဲ့ OceanGate ကုမ္ပဏီက သူတို့ရဲ့ လေ့လာရေး ခရီးစဉ်ဟာ ကြေကွဲဝမ်းနည်းစရာ ဆုံးရှုံးမှုမျိုးနဲ့ အဆုံးသတ်ခဲ့ရကြောင်း ဇွန်လ ၂၂ ရက်မှာ အတည်ပြု ထုတ်ပြန်သွားခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ ဟာဒင်အပြင် ပါကစ္စတန် စီးပွားရေး လုပ်ငန်းရှင် ရှာဇာဒါ ဒါဝုဒ်နဲ့ သားဖြစ်သူ ဆူလီမန် ဒါဝုဒ်၊ ပြင်သစ် ရေအောက် စူးစမ်းရှာဖွေရေး ပညာရှင်နဲ့ Titanic သင်္ဘောဆိုင်ရာ ကျွမ်းကျင်သူ ပေါလ်ဟင်နရီ နာဂျီယိုလတ်တို့လည်း ပါဝင်ပါတယ်။

အခုအခါမှာတော့ အခင်းဖြစ်ရာ ရေပြင်တဝိုက်က ကယ်ဆယ်ရေး အဖွဲ့သားတွေ စတင် ထွက်ခွာကုန်ပြီဖြစ်ပြီး စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်တွေကို ရှေ့ဆက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။