Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အကျဉ်းကျ အိန္ဒိယ လွှတ်တော်အမတ်ဟောင်း ရဲတွေရှေ့မှာတင် ပစ်ခတ်လုပ်ကြံခံရ

ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက သေနတ်သမား သုံးဦးဟာ ဂျာနယ်လစ်တွေလို ဟန်ဆောင်ပြီး မော်တော်ဆိုင်ကယ်တွေနဲ့ ရောက်လာတာ ဖြစ်သလို ကင်မရာ အစိတ်အပိုင်းတွေကိုလည်း ဟန်ပြအဖြစ် သယ်ယူလာခဲ့ကြတယ်လို့ ပြောပါတယ်။

အကျဉ်းကျ အိန္ဒိယ လွှတ်တော် အမတ်ဟောင်း ရဲတွေရှေ့မှာတင် ပစ်ခတ်လုပ်ကြံခံရ
အကျဉ်းကျ အိန္ဒိယ လွှတ်တော် အမတ်ဟောင်း ရဲတွေရှေ့မှာတင် ပစ်ခတ်လုပ်ကြံခံရ

ရာဇဝတ်မှု စွဲချက်တွေအတွက် အဖမ်းခံထားရတဲ့ အိန္ဒိယ လွှတ်တော် အမတ်ဟောင်း တစ်ဦးဟာ ရဲအစောင့်အရှောက်နဲ့ ရှိနေတဲ့အချိန် သေနတ်နဲ့ ပစ်ခတ် လုပ်ကြံ ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

လွှတ်တော် အမတ်ဟောင်း အာတစ် အာမက်ကို ပစ်ခတ် လုပ်ကြံမှုဟာ သတင်း မီဒီယာတွေရဲ့ ဗီဒီယို ရိုက်ကူးမှုမှာပါ မှတ်တမ်း ဝင်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ယူတာပရာဒက်ရှ် ပြည်နယ်မှာရှိတဲ့ ပယာရာရက်ဂျ်မြို့က ဆေးရုံတစ်ခုကနေ ရဲအစောင့်အရှောက်နဲ့အတူ ပြန်ထွက်လာတဲ့ အာမက်ကို သတင်းထောက်တွေက မေးခွန်းတွေ ဝိုင်းထုတ်ခဲ့ကြပါတယ်။

အဲဒီအချိန်မှာ သေနတ်ကိုင်ထားသူ သုံးဦးက အာမက်ကို ကျည်ဆန်နဲ့ အချက် ၂၀ ကျော် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အာမက်အပြင် အစ်ကိုဖြစ်သူ အက်ရှ်ရက်ဖ် အာမက်ပါ သေဆုံးခဲ့ပါတယ်။ ရဲတွေက သံသယ တရားခံ သုံးဦးကို အခင်းဖြစ်တဲ့ နေရာမှာပဲ ချက်ချင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက သေနတ်သမား သုံးဦးဟာ ဂျာနယ်လစ်တွေလို ဟန်ဆောင်ပြီး မော်တော်ဆိုင်ကယ်တွေနဲ့ ရောက်လာတာ ဖြစ်သလို ကင်မရာ အစိတ်အပိုင်းတွေကိုလည်း ဟန်ပြအဖြစ် သယ်ယူလာခဲ့ကြတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

လွှတ်တော် အမတ်ဟောင်း အာမက်ဟာ ပြန်ပေးမှု၊ လူသတ်မှု၊ အကြမ်းဖက်မှု စွပ်စွဲချက်တွေအတွက် ထောင်ဒဏ်တစ်သက် ချမှတ် ခံထားရသူပါ။ သူဟာ ရာဇဝတ် ဂိုဏ်းခေါင်းဆောင်တစ်ပိုင်း၊ နိုင်ငံရေးသမား တစ်ပိုင်းလို့ ပြည်တွင်းမှာ ဝိသေသပြု ခံရသူ ဖြစ်ပါတယ်။

သူ့ကို လုပ်ကြံခဲ့တဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ကျူးလွန်သူ သုံးယောက်စလုံးက လုပ်ကြံမှု အပြီးမှာတင် သူတို့ရဲ့ ပစ္စတိုတွေကို စွန့်လွှတ်ပြီး ရဲတွေဆီမှာ အဖမ်းခံခဲ့ပါတယ်။ မျက်မြင်တွေရဲ့ အဆိုအရ ပစ်ခတ်သူတွေထဲက အနည်းဆုံး တစ်ဦးဟာ ဟိန္ဒူ လက်ယာစွန်း အမျိုးသားရေး ဝါဒီတွေရဲ့ ကြွေးကြော်မှု တစ်ခုကို အော်ဟစ်ခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုအတွင်း ရဲတွေရဲ့ တုံ့ပြန်မှုကြောင့် သေနတ်သမား တစ်ဦးရဲ့ လက်မှာ ဒဏ်ရာ ရခဲ့ပါတယ်။

အာမက် ညီအစ်ကိုရဲ့ လုံခြုံရေးအတွက် တာဝန်ယူခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင် ၂၀ လောက်ဟာ လောလောဆယ်တော့ တစ်စုံတရာ အရေးယူတာမျိုး မခံရသေးပါဘူး။ အာမက် ညီအစ်ကိုဟာ တစ်ချိန်က ယူတာပရာဒက်ရှ် ပြည်နယ်ရဲ့ မြေအောက်လောကမှာ သတင်းကြီးလှတဲ့ ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေအဖြစ် လူသိများခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူတို့ဟာ လူသတ်မှု၊ ငွေညှစ်မှုတွေကို ပိပိရိရိ ကျူးလွန်ပြီး လက်သည် မပေါ်အောင် ဖုံးဖိနိုင်ခဲ့တဲ့ ရာဇဝတ်ဂိုဏ်း တစ်ခုကို ဦးဆောင်ခဲ့ကြပါတယ်။

သူတို့ရဲ့ ရှေ့နေဖြစ်သူ ဗီဂျေး မစ်ရှ်ရာက အခု လုပ်ကြံမှုဟာ တစ်နိုင်ငံလုံးအတွက် တုန်လှုပ်စရာ ဖြစ်ခဲ့ပြီး ရဲတွေရဲ့ လုံခြုံရေး အစီအမံ အားနည်း ပျက်ကွက်မှုတွေကို အထင်အရှား မြင်သာစေခဲ့ကြောင်း ဝေဖန်သွားခဲ့ပါတယ်။ လူဦးရေ သန်း ၂၀၀ ကျော် နေထိုင်တဲ့ ယူတာ ပရာဒက်ရှ်ဟာ အိန္ဒိယမှာ လူဦးရေ အထူထပ်ဆုံး ပြည်နယ်ဖြစ်ပြီး နိုင်ငံရေးနဲ့ ရာဇဝတ်မှုတွေ ရောနှော ဆက်နွှယ်မှုအတွက် အတော်လေး နာမည်ဆိုး ထွက်ပါတယ်။ လောလောဆယ်မှာ ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ပြည်နယ် အစိုးရ အဖွဲ့ရဲ့ ဝန်ကြီး ထက်ဝက်ကျော်လောက်ဟာ ရာဇဝတ်ကြောင်း စွဲချက်တွေကို ရင်ဆိုင် ဖြေရှင်းနေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

သတင်း

ကံငယ်အုပ်စုအုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းဆိုသူကို ၎င်းနေထိုင်ရာ သာလှပင်စီရွာရှိနေအိမ် ၌ ရေချိုးနေစဥ် မတ်လ ၁၇ရက် ညနေ ၆ နာရီခန့်တွင် PPDF တပ်ခွဲ(၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း နီပေါ ရဲတပ်ဖွဲ့ဟာ ခတ္တမန္ဒူ မြို့တော်မှာ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းပြီး လူ ၁၈ ဦးထက် မနည်းကို လူမှောင်ခိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။