Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လျှို့ဝှက် အချက်အလက်တွေ ပေါက်ကြားစေမှုနဲ့ အမေရိကန် လေတပ်သားကို တရားရုံးတင် စစ်ဆေး

တိုင်စီရာကို FBI ထောက်လှမ်းရေး အဖွဲ့ရဲ့ လက်နက်ကိုင် အေးဂျင့်တွေက မက်ဆာချူးဆက် နေအိမ်မှာ ဧပြီ ၁၃ ရက်က ဝင်ရောက် ဖမ်းဆီးခဲ့တာပါ။ သူဟာ အာမခံ မရဘဲ အချုပ်နှောင် ခံထားရဆဲ ဖြစ်ပါတယ်။

လျှို့ဝှက် အချက်အလက်တွေ ပေါက်ကြားစေမှုနဲ့ အမေရိကန် လေတပ်သားကို တရားရုံးတင် စစ်ဆေး
လျှို့ဝှက် အချက်အလက်တွေ ပေါက်ကြားစေမှုနဲ့ အမေရိကန် လေတပ်သားကို တရားရုံးတင် စစ်ဆေး

စစ်ရေးနဲ့ ထောက်လှမ်းရေးဆိုင်ရာ ထိပ်တန်း လျှို့ဝှက် အချက်အလက်တွေ ပေါက်ကြားစေမှုအတွက် အမေရိကန် လေတပ်သား တစ်ဦးကို တရားရုံးတင် စစ်ဆေးမှု စတင်ခဲ့ပါတယ်။

ဧပြီ ၁၄ ရက်မှာ အသက် ၂၁ နှစ်အရွယ် ဂျက်တိုင်စီရာကို ဘော်စတွန်မြို့မှာရှိတဲ့ တရားရုံး တစ်ခုမှာ စတင် ရုံးထုတ်ခဲ့ပါတယ်။ သူဟာ အကျဉ်းသား ဝတ်စုံကို ဝတ်ဆင်လာတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ တိုင်စီရာဟာ ကာကွယ်ရေးဆိုင်ရာ အချက်အလက်တွေကို တရားမဝင် ဖော်ထုတ်မှု၊ လျှို့ဝှက်အဆင့် စာရွက်စာတမ်းတွေကို ပေါက်ကြားစေမှု စွပ်စဲချက် နှစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။

တကယ်လို့ စွဲချက် နှစ်ခုလုံးအတွက် ပြစ်မှုထင်ရှားခဲ့မယ် ဆိုရင်တော့ တိုင်စီရာဟာ ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်ခံရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လကစလို့ အမေရိကန်ရဲ့ စစ်ရေးနဲ့ ထောက်လှမ်းရေးဆိုင်ရာ လျှို့ဝှက် အချက်အလက် တော်တော်များများဟာ အွန်လိုင်းပေါ်ကို ပျံ့နှံ့လာခဲ့ပါတယ်။ အဲဒီထဲမှာ အမေရိကန်ရဲ့ ပြိုင်ဘက်နဲ့ ရန်သူ နိုင်ငံတွေဆီက ထောက်လှမ်းရေး ကိစ္စတွေအပြင် မဟာမိတ် နိုင်ငံတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုပါ ဖော်ပြထားတာ တွေ့ရပါတယ်။

အမေရိကန် စစ်တပ်အတွက်တော့ အခုပေါက်ကြားမှုဟာ အကြီးအကျယ် အရှက်ကွဲစရာ ဖြစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာပိုင်တွေက နောက်ကြောင်းပြန် စုံစမ်းမှုတွေ ပြုလုပ်ခဲ့တဲ့နောက် ဒီအချက်အလက်တွေဟာ တိုင်စီရာက Administrator အနေနဲ့ တာဝန်ယူထားတဲ့ Discord Chat Roomကနေ စတင် ပေါက်ကြားလာကြောင်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ အဲဒီ Chat Roomမှာ အဖွဲ့ဝင်တွေဟာ စစ်ရေးနဲ့ ပထဝီဝင် နိုင်ငံရေး ကိစ္စတွေကို ဆွေးနွေးလေ့ ရှိပါတယ်။ ပြီးတော့ တိုင်စီရာဟာ ထိပ်တန်း လျှို့ဝှက်အဆင့် အချက်အလက် တချို့ကို ဒီဇင်ဘာ လကတည်းက Chat Roomမှာ တင်ပေးနေခဲ့တယ်လို့ ယုံကြည်ရပါတယ်။

တိုင်စီရာကို FBI ထောက်လှမ်းရေး အဖွဲ့ရဲ့ လက်နက်ကိုင် အေးဂျင့်တွေက မက်ဆာချူးဆက် နေအိမ်မှာ ဧပြီ ၁၃ ရက်က ဝင်ရောက် ဖမ်းဆီးခဲ့တာပါ။ သူဟာ အာမခံ မရဘဲ အချုပ်နှောင် ခံထားရဆဲ ဖြစ်ပါတယ်။

တိုင်စီရာဟာ မက်ဆာချူးဆက် အမျိုးသား အစောင့်တပ် အခြေစိုက်ရာ အိုတစ် လေတပ်စခန်းရဲ့ ထောက်လှမ်းရေး ဌာနခွဲမှာ အိုင်တီ ပညာရှင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ အစိုးရရဲ့ ကွန်ပျူတာတွေကို အသုံးပြုပြီး အထူးလျှို့ဝှက်အဆင့် ထောက်လှမ်းရေး အစီရင်ခံစာတွေကို ရယူ စုဆောင်းပြီး ပေါက်ကြားစေခဲ့ကြောင်း အစိုးရ ရှေ့နေတွေက စွပ်စွဲ ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။