Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘေဂျင်းက ဆေးရုံ မီးလောင်မှု လူ ၃၀ နီးပါး အသက်ဆုံးရှုံး

အခုမီးလောင်ကျွမ်းမှုဟာ ဘေဂျင်းမှာတော့ ဆယ်စုနှစ် နှစ်ခုကျော် ကာလအတွင်း အသေအပျောက် အများဆုံး ဆေးရုံ မီးလောင်မှုအဖြစ် မှတ်တမ်းဝင်လာခဲ့ပါတယ်။

ဘေဂျင်းက ဆေးရုံ မီးလောင်မှု လူ ၃၀ နီးပါး အသက်ဆုံးရှုံး
ဘေဂျင်းက ဆေးရုံ မီးလောင်မှု လူ ၃၀ နီးပါး အသက်ဆုံးရှုံး

တရုတ်နိုင်ငံက ဆေးရုံတစ်ခုမှာ မီးလောင်ကျွမ်းမှုကြောင့် လူ ၃၀ နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဘေဂျင်းမြို့တော်က ချန်ဖန်း ဆေးရုံအဖြစ် ဖွင့်လှစ်ထားရာ အထပ်မြင့် အဆောက်အအုံမှာ ဧပြီ ၁၈ ရက်က မီးလောင်မှု ဖြစ်ခဲ့တာပါ။ ဆေးရုံရဲ့ အတွင်းလူနာဆောင်က စတင်တဲ့ မီးကြောင့် ဆေးရုံဝန်ထမ်းတွေနဲ့ လူနာတွေ အပါအဝင် စုစုပေါင်း ၂၉ ဦး သေဆုံးခဲ့ပြီး ၇၀ လောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

အခုမီးလောင်ကျွမ်းမှုဟာ ဘေဂျင်းမှာတော့ ဆယ်စုနှစ် နှစ်ခုကျော် ကာလအတွင်း အသေအပျောက် အများဆုံး ဆေးရုံ မီးလောင်မှုအဖြစ် မှတ်တမ်းဝင်လာခဲ့ပါတယ်။

မီးလောင်နေချိန်မှာ ရိုက်ယူထားတဲ့ မိုဘိုင်းဖုန်း ဗီဒီယို မှတ်တမ်းတွေအရ ပြတင်းပေါက် အပြင်ဖက်မှာ တပ်ထားတဲ့ အဲကွန်းတွေပေါ်မှာ လူတွေ ထွက်ထိုင်ရင်း မီးအပူရှိန်နဲ့ မီးခိုးလုံးတွေကို ရှောင်ရှားနေတာ တွေ့ရသလို တချို့ကလည်း အဝတ်တွေကို ဆက်ပြီး ချည်ထားတဲ့ ကြိုးတွေနဲ့ ပြတင်းပေါက်ကနေ စွန့်စွန့်စားစား တွယ်ဆင်းနေတာကို မြင်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပါဘူး။ အစိုးရပိုင် CCTV သတင်းဌာနကတော့ ဆေးရုံ မီးလောင်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ကြေညာပါတယ်။ ဆေးရုံ မီးလောင်မှုမှာ ထိခိုက်ဒဏ်ရာရသူ ဘယ်လောက် ရှိခဲ့သလဲ ဆိုတာကလည်း အတိအကျ မထုတ်ပြန်ဘဲ ဝေဝေဝါးဝါး ဖြစ်နေဆဲပါ။

ဧပြီ ၁၉ ရက်မှာတော့ ဘေဂျင်း ရဲတပ်ဖွဲ့က ဆေးရုံအုပ်နဲ့ ဆေးရုံမှာ ပြင်ဆင် မွမ်းမံမှုတွေ လုပ်ဆောင်နေတဲ့ ဆောက်လုပ်ရေး လုပ်သားတွေ အပါအဝင် စုစုပေါင်း ၁၂ ဦးကို ပေါ့လျော့မှုနဲ့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အစောပိုင်းက ဆေးရုံမီးလောင်နေချိန် ရိုက်ကူးထားတဲ့ ဗီဒီယို မှတ်တမ်း တော်တော်များများက တရုတ် လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Weiboပေါ်မှာ ပျံ့နှံ့ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆင်ဆာ တင်းကျပ်တဲ့ အာဏာပိုင်တွေက လိုက်လံ ဖယ်ရှားပစ်ခဲ့ပါတယ်။

ဆေးရုံ တာဝန်ရှိသူတွေက သေဆုံးသူတွေ ဘယ်သူဘယ်ဝါ ဆိုတာကို တိတိကျကျ မထုတ်ပြန်သေးတာကြောင့် ဆေးရုံမှာ တက်ရောက် ကုသနေတဲ့ လူနာတွေရဲ့ မိသားစုဝင်တွေက စိုးရိမ်တကြီး သတင်းစုံစမ်းနေပါတယ်။ တချို့ လူနာတွေရဲ့ မိသားစုတွေကတော့ မီးငြိမ်းပြီး နာရီပေါင်း များစွာ ကြာတဲ့ထိ ဆေးရုံဖက်က ဖုန်းဆက်ပြီး အကြောင်းကြားတာမျိုး မရှိတဲ့အပေါ် ဒေါသတကြီး ဝေဖန်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။