Hi, what are you looking for?
◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...
မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...
စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...
ရဲသူအောင် (၁) အနိုင်ဆိုတာက သူ့ကိုယ်သူ ပြောတဲ့နာမည်။ နာမည်အရင်းက ထွန်းအောင်နိုင်။ အသက်က (၂၁)နှစ်။ အသားအရည်က ဖြူဖြူသန့်သန့်၊ မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့ ပြောရရင် သူ့ရုပ်ရည်က ရုပ်ရှင်မင်းသားတောင် လုပ်လို့ရတယ်။ ဒါပေမယ့် အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါဘူး။ (၂) ကျနော်တို့ဆေးရုံကို အနိုင် စရောက်တဲ့နေ့တုန်းက...
အလုပ်မရှိတာ နှစ်ပတ်ကျော်ပြီ။ ဆန်က ရှိသေးသည်ဆိုတော့ သိပ်တော့ ကိစ္စမရှိ။ ကိစ္စရှိသည်က ဟင်းချက်စရာဖြစ်သည်။ ဒီရက်ပိုင်း ပဲဟင်းတလှည့်၊ အသားတုတလှည့်ဆိုတော့ လျှာရင်းက မမြက်သည်မှာ ကြာပြီလေ။ ကိုက်လန်လေးနဲ့ ဝက်သားလေးကို ပါးပါးလှီးပြီး ကြော်စားလိုက်ရင်ကွာ ဆိုတဲ့အသိက ဦးနှောက်ကို သတင်းပို့တော့ ဗိုက်တွေပါ ဆာလာသည်။
မေရီသော် မျက်မှောင်ကြီးကြုံ့ပြီး မကြည့်စမ်းပါနဲ့လို့ အားလုံးက ဝိုင်းပြောကြတယ် ဒါဆိုမျက်လုံးတွေကို စုံမှိတ်ထားမှသာရမှာဖြစ်ပြီး အဲ့ဒါက ရွေးချယ်စရာ မဟုတ်ခဲ့ဘူးကွယ် နောက်ခံသီချင်းသံလည်း တိတ်ဆိတ်သွားတာ ကြာပြီ ပြတ်သွားတဲ့ဂစ်တာကြိုးလေး သွားရှာဝယ်တဲ့ လူကြုံကလည်း ပြန်မရောက်သေးလို့ နိုင်ငံအနှံ့အပြားက သင်းကွဲတွေ၊ သူရူးတွေ နဲ့ ဖလော်ဆော်ဖာတွေ ပေါင်းပြီး ဂြိုလ်သားတွေရဲ့အကူအညီနဲ့...