Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

“ဒီတစ်ခါ အလှည့်ကြတာဒစ်ဂျစ်တယ်ငွေပေးချေစနစ်”

အာဏာသိမ်းစစ်​ကောင်စီက ပြည်တွင်းဘဏ်စနစ်ကို ဖျက်ဆီးခဲ့ပြီး​နောက် ထပ်မံဖျက်ဆီးဖို့အလှည့်ကျလာသူမှာဒစ်ဂျစ်တယ်ငွေပေးချေစနစ်ဖြစ်​တော့သည်။

စစ်​အာဏာသိမ်းမှုနှင့် စစ်အုပ်စီ၏တလွှဲလုပ်ကိုင်မှုတို့​ကြောင့် ဒစ်ဂျစ်တယ် ​ငွေ​ပေး​ချေမှုစနစ်မှာ အသက်ငင်​နေပြီဖြစ်သည်။ ဓါတ်ပုံ-People's Spring

စစ်ကောင်စီ က ဒစ်ဂျစ်တယ်ငွေပေးချေမှုများသည် တော်လှန်ရေးကို အဓိက ငွေကြေးထောက်ပံ့ ​နေသည်ဟူသော အကြောင်းပြချက်ဖြင့် အလုံးစုံပျက်စီးစေမည့် စည်းကမ်းချက်များကို ထုတ်ပြန်လာသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းဘဏ်စနစ်အ​ပေါ် ယုံကြည်မှုမရှိ၍ ​ ဘဏ်များမှ​ငွေထုတ်သူများလာ​သောအခါ စစ်​ကောင်စီကငွေသားထုတ်ယူမှုကိုကန့်သတ်လိုက်သည်။ ထိုသို့ကန့်သတ်လိုက်သဖြင့် ပြည်သူများက အထိတ်တလန့်ဖြင့် ဘဏ်ရှိ​ငွေများကို အလုအယက်ထုတ်ရန်ကြိုးစားလာ​သောအခါ ​ခေတ်​ဟောင်းကကဲ့သို့ ဘဏ်မှမိမိ​ငွေပြန်ထုတ်

Public Service Announcement

Public Service Announcement

ယူရန် ​ကော်မရှင်​ပေး၍ ​ငွေထုတ်ရ​သောစနစ် ပြန်​ပေါ်လာသည်။ထို​နောက် ATM စက်များ ၊ဘဏ်များ​​ရှေ့တွင် ကိုယ့်​ငွေကိုယ့်ထုတ်ရန် ပူပန်​သောကများဖြင့် တန်းစီး​နေရ​​သောလူတန်းရှည်ကြီးများနိုင်ငံတစ်ဝန်း​ပေါ်​ပေါက်လာသည်။

ယခင်က အ​ခြေခံပြည်သူများ အွန်လိုင်း​ငွေ​ပေး​ချေမှုအတွက်အဓိကအသုံးပြုခဲ့​သော wave ​ငွေလွှဲဝန်​ဆောင်မှု ​ကြော်ညာဆိုင်းဘုတ်ကိုရန်ကုန်မြို့တစ်​နေရာတွင်​တွေ့ရမှု ။ ဓါတ်ပုံ-People's Spring
ယခင်က အ​ခြေခံပြည်သူများ အွန်လိုင်း​ငွေ​ပေး​ချေမှုအတွက်အဓိကအသုံးပြုခဲ့​သော wave ​ငွေလွှဲဝန်​ဆောင်မှု ​ကြော်ညာဆိုင်းဘုတ်ကိုရန်ကုန်မြို့တစ်​နေရာတွင်​တွေ့ရမှု ။ ဓါတ်ပုံ-People’s Spring

ဘဏ်များသည် ဝန်​ဆောင်မှုလုပ်ငန်းသ​​ဘောမ​ဆောင်​တော့ဘဲ ​ဝန်ထမ်းများက ဘဏ်မှ​ငွေများကို ပြည်သူများကို အခမဲ့​ပေး​ဝေ​နေရသကဲ့သို့ အထက်စီး​လေသံများ၊ ​ဟောက်သံများဖြင့် ယခင်ကဲ့သို့ ချိုသာ​​သောဝန်​ဆောင်မှု လပိုင်းအတွင်း​ပျောက်ကွယ်သွားသည်။ မိမိ​ငွေကို ထုတ်ချင်သ​လောက်ထုတ်မရဘဲ အရစ်ကျဖြင့် ထုတ်ရ​​သောအ​ခြေအ​နေဖြစ်ကသွားသည်။၁၀နှစ်ကျော်ကြာတည်ဆောက်ခဲ့သည်ဘဏ်စနစ်သည် စစ်အုပ်စုအာဏာသိမ်းမှု​ကြောင့် လပိုင်းအတွင်းပျက်သုန်းသွားခဲ့သည်။

ယခုအခါ စစ်ကောင်စီက ဒစ်ဂျစ်ငွေပေးချေမှုကဏ္ဍကိုပါ ကိုယိုကားယား ညွန်ကြားချက်များဖြင့် တင်းကြပ်ပြီးထက်မံဖျက်ဆီးရန် ​ခြေလှမ်း​နေပြီဖြစ်သည်။

Kpay ၊Wave နှင့် အခြားမိုဘိုင်းငွေပေးချေမှုစနစ်များကို သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များကို အဓမ္မကောက်ခံခြင်း၊ ငွေသွင်းငွေထုတ်များသည့် အကောင့်များကို အကြောင်းပြချက်မပေးဘဲ ပိတ်သိမ်းခြင်းစသည်တို့ကိုတို့ကို စစ်ကောင်စီညွန့်ကြားချက်ဖြင့် စက်တင်ဘာ ၁၆ ရက်စတင်ပြီး ဘဏ်များက ပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

အ​ကြောင်းပြချက်မှာ​တော်လှန်​ရေးအတွက် ပြည်သူများ၏လှူဒါန်း​ငွေများသည် Wave Money ၊Kpay တို့ကအဓိကလွှဲ​နေသဖြင့် ​ငွေ​ပေး​ငွေယူလမ်း​ကြောင်းကိုထြတ်​တောက်ရန်ဖြစ်သည်။ စက်တင်ဘာ ၁၂ ရက်တွင်စစ်​ကောင်စီ၏ အဓိက ဝါဒဖြန့်ချီ​ရေးနှင့် စိတ်ဓါတ်စစ်ဆင်​ရေးပြုလုပ်​သော ဟန်ငြိမ်းဦး၏ တယ်လီဂရန်အ​ကောင့်က ​ပြည်သူ့​တော်လှန်​ရေးကိုထိန်းချုပ်ရန် Kpay နှင့် Wave ကိုပိတ်ရမည်ဟု အကြို​ရေးသားဝါဒဖြန့်ခဲ့သည်။ ​

​လေးရက်အကြာတွင်စစ်ကောင်စီဗဟိုဘဏ်က ပြည်တွင်းသုံး မိုဘိုင်းငွေပေးချေသည့် အက်ပလေးကေးရှင်းကို level 1 နှင့် ဆင်းကတ်နာမည်နှင့်အကောင့်ပိုင်ရှင်နာမည်မတူပါက ပိတ်သိမ်းမည်ဟုထုတ်ပြန်ကြေညာခဲ့သည်။သို့​သော် Level 2 ဖြစ်သာ်လည်း ဆင်းကတ်နှင့် အ​ကောင့်အမည်တူ​သော်လည်း အပိတ်ခံရ​သောအ​ကောင့်များစွာရှိ​နေသည်။ငွေ​​​ပေး​ငွေယူများ​​သော စစ်​ကောင်စီမသက်ာသည့်အ​ကောင့်များကိုပါ အစစ်အ​ဆေးအ​မေးအမြန်းမရှိ ပိတ်သိမ်းခဲ့သည်။

အကောင့် Level 2 လည်းဖြစ်တယ်။ ဆင်းကတ်ကနာမည်နဲ့ အကောင့်နာမည်တို့တူလည်း ငွေလွှဲတာများတယ်ဆိုပြီး ပိတ်လိုက်တယ်။ ဘဏ်ကိုဆက်တော့ ဗဟိုဘဏ်က ပိတ်ခိုင်းလို့ဘဲပြောတယ်”ဟု အွန်လိုင်းရှော့ပင်လုပ်ကိုင်နေသူတစ်ဦးကသူ၏ အ​တွေ့အကြုံကိုပြောသည်။ထို့​ကြောင့် အွန်လိုင်း​ရှော့ပင်များမှာ Kpay ဖြင့် ​ငွေ​ပေး​ငွေယူကိုရပ်ဆိုင်းလာသည်။

လုပ်ငန်းငယ်များသာမကလုပ်ငန်းကြီးများပင် ဒစ်ဂျစ်တယ်​ငွေ​ပေး​ချေမှုကို ရပ်ဆိုင်းလာကြပြီး က​မ္ဘောဇဘဏ် ၏လုပ်ငန်းခွဲဖြစ်​သော က​မ္ဘောဇ​လေ​ကြောင်းလိုင်းကပင် ​KPay ဖြင့်​ငွေ​ပေး​ချေမှုကို လက်မခံ​တော့​ကြောင်းထုတ်ပြန်လာ၍ ပြည်သူများအံအားသင့်ခဲ့ကြသည်။

ထိုအပြင် Wave ကဲ့သို့ အွန်လိုင်း​ငွေလွှဲဝန်​ဆောင်မှု များကို စစ်​ကောင်စီက သုံးစွဲသူများကို ဓာတ်ပုံခိုးရိုက်ခိုင်း​ခဲ့သေးသည်။ ထိုကဲ့သို့ အချက်များထုတ်ပြန်တင်းကြပ်မှု​ကြောင့် စစ်ကောင်စီမှာ၎င်းတို့အာဏာတည်မြဲ​ရေးအတွက်သာအာရုံစိုက်ပြီးစားသုံးသူအခွင့်အရေးနှင့် ကျင့်ဝတ်များကို ဂရုမစိုက်ကြောင်းလည်းပြသနေသည်။

ထိုကဲ့သို့ညွန်ကြားချက်များကြောင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ကို လူထုကကြောက်လန့်သွားပြီး ဒစ်ဂျစ်တယ်ငွေပေးချေမှုအကောင့်များထဲ ငွေသားများကို အလုံးအရင်းဖြင့်ထုတ်ယူကြတာ့သည်။

စစ်ကောင်စီ၏ စီမံခန့်ခွဲမှုကြံဖျင်းမှုသည် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ကို ဘဏ်များကဲ့သို့ သုံးစွဲသူများ၏ ယုံကြည်မှုပျက်သုန်းသွားစေသည်ဟု ငွေရေးကြေးလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းရှင်အချို့က မှတ်ချက်ပေးသည်။

“လူတွေက Digital ငွေကြေးစနစ်တင်မကတော့ဘူး။ မြန်မာပြည်ရဲ့ငွေရေးကြေးရေးကဏ္ဍတစ်ခုလုံးကို မယုံတော့တာ။ Financial (ဘဏ္ဍာရေး) ကဏ္ဍကို ခေတ်နောက်ပြန်ဆက်ဆွဲချသွားတာပါ။ ”ဟု ငွေရေးကြေးရေးလုပ်ငန်းတစ်ခုမှ မန်းနေဂျင်း ဒါရိုက်တာတစ်ဦးကပြောသည်။

စစ်ကောင်စီက တော်လှန်ရေးအင်အားစုများကိုငွေကြေးထောက်ပံ့မှုရပ်တန့်စေရန် ငွေကြေးလွှဲပြောင်းမှုများကို တင်းကြပ်ရန် မိုဘိုင်းငွေပေးချေမှုများကို ဖြတ်​တောက်နိုင်ရန်ထိုသို့လုပ်လာခြင်းဖြစ်သည်ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်းသုံးသပ်သည်။

“တော်လှန်ရေးကို ထောက်ပံ့မှုအားပျော့သွားစေချင်လို့ Digitalငွေပေးချေမှုတွေကို လိုက်တင်းကျပ်နေတာ။ ဒီလို ပညာမဲ့ပြီး အဓမ္မနည်းတဲ့ တင်းကျပ်လိုက်ရင် Digital ငွေပေးချေတဲ့ စနစ်တခုလုံးကို ပျက်စီးသွားနိုင်တယ်”ဟု ၎င်းကမှတ်ချက်ပြုသည်။

စစ်ကောင်စီ၏ ညွန့်ကြားချက်အရ KBZဘဏ်က ပိတ်သိမ်းသည့်အကောင့်များထဲတွင် ငွေကြေးလွှဲပြောင်းမှုပမာဏများသည့် အကောင့်များကို အများဆုံးပါဝင်နေသည်ဟုဆိုသည်။ထိုအ​ကောင့်များထဲတွင် စီးပွားရေးလုပ်ငန်းသုံး အကောင့်များ အများပါဝင်သည်ဟု လုပ်ငန်းရှင်များကပြောသည်။

“အွန်လိုင်းကဈေးရောင်းတာက Kpayနဲ့ အဓိက အသုံးပြုနေရတာ။ ငွေဝင်ငွေလွှဲလည်းအရမ်းများတော့ အပိတ်ခံရမှာလည်းကြောက်တယ်။ kpayနဲ့ ငွေလက်ခံတာ၊ငွေပေးတာ ရပ်ထားတယ်”ဟု အွန်လိုင်း ရှော့ပင်းလုပ်ကိုင်နေသူတစ်ဦးကလည်းပြောသည်။

ပြည်တွင်း၌ အွန်လိုင်​ဈေး​ရောင်းဝယ်မှုများနှင့် ဒစ်ဂျစ်တယ် ​ငွေ​ကြေးစနစ်မှာ လွန်ခဲ့​​​​သော နှစ်အနည်းငယ်ကမှ စတင်ဖွံ့ဖြိုးလာရာ စစ်​ကောင်စီ​ကြောင့် ပျက်စီး​ရ​တော့မည်ဖြစ်​ကြောင်းလုပ်ငန်းရှင်အချို့က​ပြောသည်။အထူးသဖြင့် လူလတ်တန်းစားများ ​ငွေ​ကြေးရင်းနှီးမှုပမာဏ အနည်းဖြင့် လုပ်ကိုင်လာနိုင်​​သော အွန်လိုင်းမှ​ဈေး​ရောင်းဝယ်​သောလုပ်ငန်းငယ်​လေးများစစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း တိုင်းပြည်စီးပွား​ရေးကျဆင်း၍ ခက်ခဲစွာရုန်းကန်​နေရ​သောအ​ခြေအ​နေတွင် စစ်​ကောင်စီ၏ တင်းကြပ်​သောညွန်ကြားချက်များ​ကြောင့် ထိုလုပ်ငန်းငယ်များ​သေဆုံး​ပျောက်ကွယ်သွား​စေရန် လုပ်သကဲ့ဖြစ်​ကြောင်း အွန်လိုင်း​ရှော့ပင် လုပ်ကိုင်​နေသူတစ်ဦးက​ပြောသည်။

စစ်ကောင်စီက ညွန်ကြားချက်ထုတ်ပြီး​နောက် က​မ္ဘောဇဘဏ်လည်း တက်ညီလက်ညီ အ​ကောင့်များကို ထင်သလိုပိတ်သိမ်း​နေရာ ပိတ်သိမ်းလိုက်သည့် ငွေကြေးများသည် ကျပ် နှစ်ဘီလီယံဖိုးခန့်ရှိသည်ဟု စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ စစ်​ကောင်စီ၏ ညွန်ကြားချက်အတိုင်းKpayအကောင့်များ ကိုလက်လွတ်စပယ်ပိတ်သိမ်းမှုနှင့်ပတ်သတ်ပြီး KBZ ကုမ္ပဏီများအုပ်စုက ၎င်းတို့သည့် ဥပဒေများကို အပြည့်အဝလိုက်နာကျင့်သုံး​နေသည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့်ဟု အကြောင်းပြသည်။

အွန်လိုင်​ရှော့ပင်လုပ်​နေသူတစ်ဦးက “အကောင့်ပိတ်ခံရတဲ့သူတွေကို KBZက ဗဟိုဘဏ်ကိုပဲ အသနားခံစာတင်ခိုင်းတယ်။ ကိုယ်ငွေကို သူတို့ဘဲပိတ်ပြီး သူတို့စီ အသနားခံရမယ်တဲ့။ ဘာလို့ပိတ်လည်းမေးတော့ သူတို့က စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီလို့ဘဲပြောတယ်။ အခုတော့ Kpayနဲ့ လက်ခံပြီး ပစ္စည်းတွေရောင်းတာ ရပ်ထားရတယ်”ဟုပြောသည်။

ထိုသို့ပိတ်သိမ်းခြင်းကြောင့် စီးပွားရေးလုပ်ငန်းများက Kpayသုံးစွဲမှုများကို ရပ်ဆိုင်းလာကြသည်။ထိုရိုက်ခတ်မှုကြောင့် Kpayအပါအဝင် ဒစ်ဂျစ်တယ်မိုဘိုင်းအက်ပလီကေးရှင်များရှိ အ​ကောင့်များမှ ငွေထုတ်သူအလွန်များလာပြီး​ငွေထုတ်ခအဖြစ် ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ မြင့်တက်သွားသည်။

“ဒီရက်ပိုင်းထဲ Wave pay နဲ့ Kpayက ငွေလာထုတ်ကြတာ အများကြီးဘဲ။ တခုခုဖြစ်မှာကြောက်ကြလို့လာ ထုတ်ကြတယ်။ ကျွန်တော်တို့လဲ ကြောက်လို့ အများကြီးလဲ မထုတ်ပေးရဲဘူး”ဟု မိုဘိုင်းငွေကြေးလုပ်ငန်း ကိုယ်စားလှယ်တစ်ဦးကပြောသည်။

ဒစ်ဂျစ်တယ်​ငွေလွှဲစနစ်ပိတ်ရန် စစ်​ကောင်စီဝါဒဖြန့်အ​ကောင့်ဟန်ငြိမ်းဦးက တိုက်တွန်းရာတွင် ” K-pay နဲ့Wave ကို​ခြောက်လ​လောက်သာပိတ်ခိုင်းလိုက်ပါ ။စစ်တိုက်စရာ​တောင်မလိုဘူး ၅၀ ရာခိုင်နှုန်း အနိုင်ရ​စေတဲ့ အလွယ်ကူဆုံးနည်းပါ “ဟု ယုံကြည်မှု လွန်ကဲစွာ​ရေးသားခဲ့သည်။

မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂ တပ်ခွဲ ၃ အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု-NPRF တပ်ခွဲမှူး – ကိုဝေလင်းက အွန်လိုင်း​ငွေ​ပေး​ချေမှုများကို ပိတ်​သော်လည်း​တော်လှန်​ရေးပြိုလဲစရာမရှိဘဲ အဆုံးသတ်တွင်ဓမ္မကသာအနိုင်ရမည်ဟုတုံ့ပြန်​ပြောကြားသည်။

​တော်လှန်​ရေးကို အားနည်းအောင် တမင်ရည်ရွယ်ပြီး လုပ်ခြင်းဖြစ်သည့်အတွက် အနည်းနှင့်အများတော့ ထိခိုက်နိုင်​သော်လည်းအများဆုံးထိခိုက်နစ်နာမှာက အနီ၊အစိမ်း၊အကျက်မရွေး ပြည်သူ‌များဖြစ်ပြီးပြည်သူလူထုအတွက် ခေတ်မှီငွေကြေးစနစ်တခုဆုံးရှုံးသွားမည်ဖြစ်သလို စစ်​ကောင်စီ​ထောက်ခံသူများအတွက်လည်း လုပ်ငန်းအခက်ခဲ များဖြစ်ပေါ်လိမ့်မည်ဟု ၎င်းကသုံးသပ်သည်။

“မိုးပြိုအများပေါ့သူတို့ပြောသလိုတော့ ၆ လလောက်‌ဆက်တိုက်ရင်ကျွန်တော်တို့ကို နိုင်လိမ့်မယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။အကြောင်းဆို တော်လှန်ရေးဆိုတာ အခုမှစခဲ့တာမဟုတ်ဘူးလေ မတရားမှုကိုတော်လှန်နေတာ ဒီ wave

kpay စတဲ့ Mobile money တွေမပေါ်ခင်ကတည်းကပဲလေ ၊အခုထိ မတရားမှုဟာ တရားမှုကို နိုင်တာမရှိဖူးသေးပါဘူး ဘယ်တော့မှလည်းမနိုင်နိုင်ပါဘူး “ဟုကို​ဝေးလင်းက​ပြောသည်။

ဆက်လက်၍လည်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂ တပ်ခွဲ ၃ အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု-NPRF တပ်ခွဲမှူးက”ဒီ Mobile money တွေကို တင်းကြပ်ရုံနဲ့တော့ ပြည်သူတွေရဲ့ မတရားမှုကို တွန်းလှန်ပြီး တရားမှုဘက်က ရပ်တည်ထောက်ပံ့နေတာတွေဟာ ရပ်တန့်သွားမှာမဟုတ်ပါဘူး ။တခြားသော နည်းလမ်းတွေနဲ့ ပေါ်

လာကြအုန်းမှာပါ။ NUG pay လိုမျိုး ပြည်သူ့mobile money တွေကို အသုံးပြုပြီးတော့လည်း တော်လှန်နိုင်တာမို့ တော်လှန်ရေးဟာ ပြိုလဲသွားစရာလုံးဝအကြောင်းမရှိပါဘူး ။နောက်ဆုံးမှာတောမတရားမှုဟာတရားမှုကို သေချာ

ပေါက် ရှုံးနိမ့်မှာပါ ပြည်သူတွေအနေနဲ့ လက်မလျော့ပဲ အမှန်တရားဘက်ကနေ ရပ်တည်ဖို့နိုင်ဖို့ ပဲလိုပါတယ်”ဟုသုံးသပ်​ပြောကြားသည်။

စစ်​ကောင်စီ၏ ဒစ်ဂျစ်တယ်​ငွေ​ကြေးစနစ်အ​ပေါ် ဖြတ်​တောက်မှုများမှာ အ​ခြေအ​နေမဟန်​​​သောနိုင်ငံ့စီးပွား​ရေးကိုပိုမိုအ​ခြေအ​နေဆိုး​စေခဲ့သည်။

“နဂိုကတည်းက ဘဏ်စနစ်ကို အယုံအကြည်ကျဆင်းနေတာ အခုတော့လုံးဝ မယုံကြတော့ဘူး။ ဒါကဘဏ်နဲ့ ငွေရေးကြေးရေးကဏ္ဍ ပျက်စီးသွားတာဘဲ။ ဒါကို ပြန်တည်ဆောက်ဖို့က စစ်အာဏာရှင်အောက်မှာဘယ်လို့မဖြစ်နိုင်တော့ဘူး”ဟု အသေးစားငွေရေးကြေးရေးလုပ်ငန်းတစ်ခုမှ အုပ်ချုပ်မှုဒါရိုက်တာတစ်ဦးကသူ၏ အမြင်ကို​ပြောသည်။ ။