Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ပြည်သူ့​​တော်လှန်​ရေး၏ အဆုံးအဖြတ်နှစ်

“လက်နက်အင်အားကောင်းရင် တစ်နှစ်အတွင်းဆိုတာ မဖြစ်နိုင်စရာမရှိပါဘူး။ လက်နက်မရှိလို့ မတိုက်ဖူးဆိုတာလည်း မဟုတ်ဘူး။ တိုက်ရင်း လက်နက်စုမယ်။ စုရင်းတိုက်မယ်။ တစ်နှစ်ဆိုတဲ့ အချိန်က လုံလောက်ပါတယ်။ လက်ရှိ PDFတွေက နယ်မြေတွေ စိုးမိုးထားတာတွေရှိတယ်။ အဓိက လိုအပ်တာက အဆုံးသတ်ဖို့ပါပဲ။ LDFတွေ၊ ပကဖတွေက အရင်ကထက် ပိုပြီး စည်းလုံးဖို့လိုတယ်။ ကျွန်တော်တို့ကြိုးစား ပြည်သူ့တွေ အားမလျော့ပါနဲ့။ တော်လှန်ရေးကို နိုင်ရာတာဝန်ထမ်းကြပါ”ဟု ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် တပ်ရင်း ၇၀၃ ၊ အနောက်ပိုင်းတိုင်း တပ်မဟာ (၇ )တပ်ရင်းမှူး စိုးမိုးက တိုက်တွန်းသည်။

ပြည်သူ့​​တော်လှန်​ရေး၏ အဆုံးအဖြတ်နှစ်

— နွေဦးဝေ၊ ခင်ဝေ/People’s Spring

မြန်မာ့နွေဦးတော်လှန်ရေး၏ အရေးပါသည့်​မှတ်တိုင်တစ်ခုဖြစ်သည့် ‘ပြည်သူ့ခုခံတော်လှန်စစ်’စတင်ကြောင်း ကြေညာချက်အပြီး ၁၃ လအကြာတွင် အမျိုးသားညီညွတ်ရေအစိုးရ(NUG)က နောက်ထပ် မှတ်တိုင်သစ်ကို ထုတ်ဖော်ကြေညာလိုက်ပါသည်။

လာမည့်တစ်နှစ်တာ( ၂၀၂၂ အောက်တိုဘာမှာ ၂၀၂၃) ကာလကို ​နွေဦး​တော်လှန်​ရေး၏ ‘အဆုံးအဖြတ်တိုက်ပွဲ၏ အဆုံးအဖြစ်နှစ်’ ဟု သတ်မှတ်ကြေညာခြင်းပင်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ပြည်သူ့​​တော်လှန်​ရေး၏ အဆုံးအဖြတ်နှစ်

ပြည်သူအများစုက D-Day ဟု နားလည်ထားကြသော ‘ပြည်သူ့ခုခံတော်လှန်စစ်’ ကြေညာသည့် ၂၀၂၁ စက်တင်ဘာ ၇ ရက်မှ ယခုအချိန်အထိ ပြီးခဲ့သည့်တစ်နှစ်​ကျော်ကာလအတွင်း တော်လှန်ရေးအင်အားစုများက စစ်ရေး၊ နယ်မြေစိုးမိုးရေး၊ စီမံအုပ်ချုပ်ရေး၊ နိုင်ငံတကာဆက်ဆံရေး၊ မဟာမိတ်စုဖွဲ့​ရေး ၊ဘဏ္ဍာရေး၊ လူထုပူးပေါင်းပါဝင်မှု စသည့် နယ်ပယ် ၇ ရပ်တွင် သိသာထင်ရှားစွာတိုးတက်လာခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က အာဏာသိမ်းစစ်ကောင်စီနှင့် နှိုင်း
ယှဥ်သုံးသပ်ပြသည်။

အထက်ပါ နယ်ပယ် ၇ ရပ်တွင် လက်ရှိအခြေအနေကို NUG ၏ အကဲဖြတ်ချက်အရ စစ်ရေးတွင် တော်လှန်ရေးအင်အားစုများက တစ်နှစ်အတွင်းများစွာတိုးတက်လာပြီး စစ်ကောင်စီကို မီရန် အနည်းငယ်သာလိုတော့သည့် အနေအထားတွေ့ရသည်။ နယ်မြေစိုးမိုးရေးမှာ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့များနှင့် PDF များက နိုင်ငံ၏ ၅၀ ရာခိုင်နှူန်း​ကျော်ကိုစိုးမိုးထိန်းချုပ်လာနိုင်ပြီး နိုင်ငံတကာဆက်ဆံရေးနှင့် လူထုပူးပေါင်းပါဝင်မှုတွင် တော်လှန်ရေး အင်အားစုများက စစ်ကောင်စီထက် များစွာသာလွန်နေသည်ဟု NUG က အကဲဖြတ်သည်။ စီမံအုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးတွင် တော်လှန်ရေးအင်အားစုများက တိုးတက်မှုရှိလာသော်လည်း စစ်ကောင်စီက အသာစီးရ​နေဆဲဖြစ်သည်ဟု NUG က သုံးသပ်ထားသည်။

ပြည်သူ့​​တော်လှန်​ရေး၏ အဆုံးအဖြတ်နှစ်

​နွေဦး​တော်လှန်​ရေး ပြီးခဲ့သည့် တစ်နှစ်​ကျော်ကာလအတွင်း စစ်​ကောင်စီကိုအမြစ်ဖြတ်ပြီးတော်လှန်ရေးကိုအဆုံးသတ်နိုင်ရန်အတွက် လိုအပ်သော အခြေခံအုတ်မြစ်ကို ဖြည့်ဆည်းတည်ဆောက်နိုင်ခဲ့သည်ဟုလည်းဆိုသည်။ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF) တည်​ထောင်နိုင်ခြင်း၊မဟာမိတ် ညီညွတ်မှုအင်အားတည်​ဆောက်နိုင်ခြင်း ၊ ပြည်သူ့အုပ်ချုပ်​ရေးယန္တယားစတင်လည်ပတ်နိုင်ခြင်း ၊ မြန်မာ့​နွေဦး​တော်လှန်​ရေးအ​ပေါ် နိုင်ငံတကာ၏ နာလည်သိမြင်မှုတိုးတက်ခြင်းစသည့်တို့ကို NUGက ခိုင်မာစွာတည်​ဆောက်နိုင်ခဲ့သည်ဟုဆိုသည်။

ထို​​​ကြောင့် ​တော်လှန်​ရေးအင်အားစုများ၏ မဟာဗျူဟာ​မြောက်​ပေါင်းစည်းမှုအစွမ်းဖြင့် အဆုံးသတ်တိုက်ပွဲဆင်နွဲရန် သန္နိဌာန် ချထားပြီးဖြစ်သည်ဟု အတိအလင်းထုတ်ပြန်သည်။

ပြည်သူ့​​တော်လှန်​ရေး၏ အဆုံးအဖြတ်နှစ်

‘အချိန်ဆွဲ၊ သွေးခွဲ၊ လမ်းလွှဲ’ ဗျူဟာဖြင့် နိုင်ငံရေးထွက်ပေါက်နှင့် စစ်ရေးအသက်ရှုပေါက်ကို ရှာဖွေနေသည့် အကြမ်းဖက်စစ်ကောင်စီကို အချိန်ပေး၍ မရတော့သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်များအနေဖြင့် စစ်မျက်နှာ ၆ ခုဖွင့်ကာ အရှိန်မြှင့် ထိုးစစ်ဆင်ရေး တစ်နှစ်စီမံချက်ကို ညှိနှိုင်းရေးဆွဲနေပြီဖြစ်ကြောင်း NUG က အသိ​ပေးသည်။

“စစ်မျက်နှာ ၆ ခုနဲ့ ထိုးစစ်ဆင်မယ်ဆိုတာက စစ်ကောင်စီကို နိုင်ငံရေး၊ နိုင်ငံတကာရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးနဲ့ ပြည်သူလူထု ဆက်ဆံရေးဆိုတဲ့ နယ်ပယ်တွေမှာ ဟန်ချက်ညီညီတိုက်ခိုက်သွားမှာကို ဆိုလိုတာဖြစ်ပါတယ်” ဟု NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောက ပြောသည်။

ပြည်သူ့​​တော်လှန်​ရေး၏ အဆုံးအဖြတ်နှစ်

အောက်တိုဘာ ၇ ရက်တွင် ကျင်းပသော ‘ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဥ်များကို ပြည်သူသို့ အစီရင်ခံတင်ပြခြင်း’ သတင်းစာရှင်းလင်းပွဲ၌ ဦး​ကျော်​ဇောက ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို​ကြောင့် လာမည့်တစ်နှစ်တာကိုမူ တော်လှန်ရေးကို အဆုံးအဖြတ်ပေးမည့်နှစ်အဖြစ် NUG က အတိအလင်းကြေညာသည်။

“ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမယ်ဆိုတာ အဖြေပေါ်မယ့်နှစ်ပေါ့” ဟု NUG သတင်းပြန်ကြားရေးအဖွဲ့မှ ဦးနေဘုန်းလတ်က ပြောသည်။

ပြည်သူ့​​တော်လှန်​ရေး၏ အဆုံးအဖြတ်နှစ်

စစ်​ကောင်စီက ၂၀၂၂ ဇူလိုင်လကုန်ပိုင်းတွင် အ​ရေး​ပေါ်ကာလကို ၆ လ ထပ်ထိုးတိုး ထို​ခြောက်လ (၂၀၂၂ သြဂုတ်လမှ ၂၀၂၃ ဇန်နဝါရီလကုန် )အတွင်း PDFများနှင့် ၎င်းတို့ကို ခုခံတိုက်ခိုက်​နေ​သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အပြီးသတ်​တိုက်ခိုက်မည်ဟုအာဏာသိမ်း​ခေါင်း​ဆောင်က စည်းရုံး​ပြောဆိုကာ ​အောက်​ခြေတပ်သားများကိုတိုက်ခိုင်းနေခြင်းဖြစ်​ကြောင်းတပ်တွင်းသတင်းရင်းမြစ်အချို့က​ပြောသည်။ စစ်​ကောင်စီက ထို​ခြောက်လအလွန်တွင် ​ရွေး​ကောက်ပွဲအကြိုကာလဟု ​ဟန်ပြ​ရွေး​ကောက်ပွဲပြုလုပ်၍ အာဏာကို ကာလရှည်သိမ်းပိုက်ရန် ကြံစည်​​နေခြင်းကြောင်းအထက်ပါသတင်းရင်းမြစ်များက​ပြောသည်။

ထို​ကြောင့် ​ခြောက်လအတွင် PDF နှင့်​​တော်လှန်​ရေးအင်အားစုများကို စစ်​ကောင်စီက ​​ချေမှုန်းမည်ဆို​သော ဗျူဟာနှင့် တစ်နှစ်အတွင်း စစ်​ကောင်စီကို အဆုံးသတ်တိုက်မည့် တစ်နှစ်တာစီမံချက်တို့မှာ ထိပ်တိုက်​တွေ့​ပြီဖြစ်သည်။

ပြည်သူ့​​တော်လှန်​ရေး၏ အဆုံးအဖြတ်နှစ်

စစ်​ကောင်စီတပ်က စစ်ကိုင်းတိုင်းတစ်တိုင်းတည်းကိုပင် ၂၀၂၁ ​အောက်တိုဘာလမှ ဒီဇင်ဘာလအထိ အ​နော်ရထာစစ်ဆင်​ရေး ၊ ၂၀၂၂ နှစ်ဆန်း​ရောက်​သောအခါ ​ဖက်ဆစ်တော်လှန်​ရေး​နေ့(မတ် ၂၇)မတိုင်ခင်ထိန်းချုပ်​ရေး ၊ ထို​နောက် ၂၀၂၂ ဧပြီလမှ ​မေလအတွင်း ထိန်းချုပ်​ရေးစ​သော ​ခေါင်းစဥ်မျိုးစုံဖြင့် အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့​သော်လည်း တစ်ခုမျှမ​အောင်မြင်ခဲ့ပါ ။ထို​ကြောင့် စစ်ကိုင်းတိုင်းရှိခုခံ​တော်လှန်မှူအား​ကောင်း​သော​​ဒေသများကို အကြမ်းဖက်စစ်​ကောင်စီတပ်က အညှိုးတကြီးမီးလိုက်ရှို့က ပြည်သူများကို​ဖမ်းဆီး ၊နှိပ်စက်၊သတ်ဖြတ် ၊အမျိူးသား​ကောင်းသမီးများကိုအဓမ္မပြုကျင့်ဖျက်ဆီး၍ ပစ္စည်းဥစ္စာများလုယက်ကာ၊​ကျောင်းတက်​နေ​သောက​လေးငယ်များကိုပင်မ​ရှောင် ရဟတ်ယာဥ်​ပေါ်ပစ်ခတ်သတ်ဖြတ်၍ အကြမ်းဖက်​နေခြင်းဖြစ်သည်။

စစ်​ကောင်စီ၏ ၆ လအတွင်း​​တော်လှန်​ရေးအင်အားစုများကို ချိုးနှိမ်မည်ဆို​သောဗျူဟာမှာ ယခု နှစ်လ​ကျော်လာ​သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်PDFများ၏ ခုခံ​​တော်လှန်စစ်ကို အားနည်း​အောင်မလုပ်နိုင်ပါ ။အမျိုးသားညီညွတ်​ရေးအစိုးရက အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်ဟု​ကြေညာပြီး သုံးရက်​မြောက်​နေ့အထိ့ ​တော်လှန်​ရေးအင်အားစုများ၏ထူးခြား​သော တန်ပြန်ထိုးစစ်များကိုမူမ​တွေ့ရ​သေး​ပေ။ ပြည်သူအများစုက ​ပြောဆို​ကြေညာခြင်းထက် စစ်​ကောင်စီကိုလက်​တွေ့တိုက်ရန် လိုလား​ကြောင်း​ပြောဆိုကြသည်။

“အမြန်စပါတော့ စစ်တိုက်ရင်ပြည်သူတွေကအသင့်ပါ အားမတန်လို့မာန်လျော့နေတာ”ဟု ပြည်သူတစ်ဦးက​ပြောသည်။

ပြည်သူ့​​တော်လှန်​ရေး၏ အဆုံးအဖြတ်နှစ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ခုခံစစ်မှ ထိုးစစ်သို့ ပြောင်းလဲမြှင့်တင်မည်ဟု ကြေညာခြင်းမှာ မည်ရွေ့မည်မျှ ပြင်ဆင်ထားသည်ကို မသိရသော်လည်း ပြင်ဆင်မှုရှိ၍ ယခုလို ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်မည်ဟု ယူဆကြောင်း မြန်မာ့နိုင်ငံရေးလေ့လာစောင့်ကြည့်သူ မွန်တိုင်းရင်းသားတစ်ဦးက ပြောသည်။

“မက်ဆေ့ချ်ကတော့ ဒီနှစ်ကတော့ တိုက်ပွဲတွေများမယ်” ဟု ၎င်းက သုံးသပ်သည်။

NUG ၏ တော်လှန်ရေးအဆုံးအဖြတ် တစ်နှစ်တာ စီမံချက်နှင့်ပတ်သက်၍ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)ဥက္ကဌ ဦးအောင်မိုးဇော်က “သူတို့မှာ ဘယ်လို အချက်အလက်တွေရှိလဲ မသိဘူးပေါ့။ သူတို့မှာရှိထားတဲ့အချက်အလက်တွေအပေါ်သုံးသပ်ပြီးတော့ ပြောတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့ ပန်းတိုင်ကို သေသေချာချာဆုပ်ကိုင်နိုင်မှ ကျွန်တော်တို့ တော်လှန်ရေးက အောင်မြင်မယ်လို့ ယူဆပါတယ်။ ဒီတစ်နှစ်အတွင်းမှာ ဒါကို ရမယ်၊ မရမယ်ဆိုတာ ကျွန်တော်သိပ်မသေချာဘူး” ဟု မှတ်ချက်ပြုသည်။

ပြည်သူ့​​တော်လှန်​ရေး၏ အဆုံးအဖြတ်နှစ်

သို့သော် တော်လှန်ရေးအခြေအနေသည် လက်ရှိအချိန်အထိ အားကောင်းဆဲဖြစ်ပြီး မြန်မာပြည်သူများ၏ စစ်အာဏာရှင်အမြစ်ပြတ်ရေး သန္နိဌာန်မှာ ခိုင်မာစွာဆက်လက်ရှိနေဆဲပင် ဖြစ်ကြောင်း ဦးအောင်မိုးဇော်က ပြောသည်။

“ကျွန်တော်တို့ပြည်သူတွေက စစ်အာဏာရှင်စနစ်ကို တူးတူးခါးခါး မုန်းပြီး ဆက်တိုက်ပွဲဝင်ဦးမှာ ဖြစ်တယ်။ စစ်အုပ်စုဟာလည်း ကနေ့အချိန်အထိ ဘယ်နိုင်ငံရေး စင်မြင့်ပေါ်ကိုမှ တက်လို့မရသေးဘူး” ဟု လူ့ဘောင်သစ်ဒီမိုကရစ်တစ်ပါတီဥက္ကဌက ဆက်ပြောသည်။

နောက်ဆုံးပွဲသိမ်းထိုးနှက်ချက်ကို ပြည်သူလူထု၏အင်အားဖြင့်ပင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး လာမည့်တစ်နှစ်တာကာလသည် ညီတူညီမျှ အားကုန်းရုန်းကြရမည့်ကာလဖြစ်သည့်အပြင် မနက်လင်းအရုဏ်မတိုင်မီ ပိုမှောင်သောကာလကို ဖြတ်သန်းကြရသကဲ့သို့ ပိုမိုခက်ခဲသော ခရီးကြမ်းကို ကျော်ဖြတ်ရမည်ဟု NUG က အသိပေးထားသည်။

ပြည်သူ့​​တော်လှန်​ရေး၏ အဆုံးအဖြတ်နှစ်

NUG သည် ပြည်သူလူထုကို စိတ်ဓာတ်ခွန်အားပေးရင်း လူထုကိုအဝေးကြီးမျှော်ကြည့်ရင်း စိတ်ဓာတ်ကျနေမည့်အစား စည်းရုံးရင်း ဆွဲခေါ်ရင်းဖြင့် ရှေ့ဆက်တိုးရန် လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း မြန်မာ့အရေးလေ့လာသူ နိုင်ငံရေးစာရေးဆရာ မင်းသေ့က သုံးသပ်သည်။

“လူထုအတွက်၊ လူထုကို အားဆက်တင်းထားဖို့အတွက် မက်ဆေ့ချ်ပေးတဲ့သဘောပေါ့။ နောက်တစ်ခုက အမျိုးသားညီညွတ်ရေးအစိုးရက (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲဲ့) မဟာမိတ်ဆက်ဆံရေးထူထောင်နေတာရှိတယ်။ အဲဒီတော့ သက်ဆိုင်ရာလူမျိုးစုအဖွဲ့တွေအချင်းချင်းအကြားမှာ တိုင်ပင်ကိုက်ဖို့အတွက် တိုင်ပင်ကိုက်ထားဖို့အတွက် ဒီတစ်နှစ်တော့ သေချာပေါက် ရုန်းကြရမယ်။ ရုန်းမှ အဖြေ ပြတ်ပြတ်သားသားထွက်လိမ့်မယ်ဆိုတာကို မက်ဆေ့ချ်ပေးဟန်တူပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

တော်လှန်ရေးအတွက် အဓိကလိုအပ်ချက်များအဖြစ် ပြည်သူလူထု၏ ထောက်ခံပါဝင်မှု၊ တော်လှန်ရေးအင်အားစုများ၏ မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု၊ တော်လှန်ရေး ရန်ပုံငွေ ဖြည့်ဆည်းမှု၊ လက်နက်တပ်ဆင်မှု တို့ကို ပြည်သူနှင့် တော်လှန်ရေးအင်အားစုများ၏ ခိုင်မာသော စိတ်ပိုင်းဖြတ်မှုကြောင့် အချိန်မီဖြည့်ဆည်းနိုင်လိမ့်မည်ဟု NUG က ယုံ ကြည်ထားသည်။

ပြည်သူ့​​တော်လှန်​ရေး၏ အဆုံးအဖြတ်နှစ်

တစ်ဖက်တွင် စစ်ကောင်စီကို ချေမှုန်းနိုင်ရန် တော်လှန်ရေးအင်အားစုများအတွင်း အမှန်တကယ်ညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်သည့် တပ်ပေါင်းစု မဖြစ်မနေ လိုအပ်နေကြောင်း မြန်မာ့အရေးလေ့လာစောင့်ကြည့်သူ မွန်တိုင်းရင်းသားတစ်ဦးက ထောက်ပြသည်။ “တစ်နိုင်ငံလုံးပူးပေါင်းလှုပ်ရှားနိုင်တဲ့ တပ်ပေါင်းစု၊ ပူးပေါင်းလှုပ်ရှားမှုကလည်း လိုအပ်တယ်။ အဲဒီလိုမျိုး ပေါင်းဆုံမှသာ စစ်ကောင်စီက အရှုံးဘက်ကို ဦးတည်သွားမယ်ထင်တယ်။ မဟုတ်ရင် စစ်ကောင်စီကလည်း သူ့ရဲ့ထွက်ပေါက်၊ သူ့ရဲ့ရပ်တည်နိုင်ရေးအတွက် ရုန်းကန်မယ့် နည်းနာတွေလည်း အများကြီးရှိနိုင်တယ်။ တစ်ဖက်မှာလည်း နိုင်ငံတကာက သူ့ကို လက်နက်ရောင်းတဲ့ နိုင်ငံတွေကလည်း ရှိနေသေးတယ်။ သူ့မှာ အားလျော့တယ်ဆိုပေမယ့်လည်း သူ့မှာ အသက်ဆက်ရှင်နိုင်သေးတာလည်း အများကြီး ရှိနေသေးတယ်” ဟု ၎င်းက သုံးသပ်သည်။

Public Service Announcement
Public Service Announcement

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS ဥက္ကဌ ဦးအောင်မိုးဇော်ကလည်း “NUG ကိုယ်နှိုက်က တိုင်းရင်းသားအင်အားစုတွေ ၊ ပြည်သူလူထုအတွင်းမှာ တော်လှန်ရေးဆင်နေတဲ့ ရှေ့တန်းရောက် အင်အားစုတွေ၊ အခြားတော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်း၊ အာဏာရှင်စနစ်ကို ဆန့်ကျင့်တဲ့အဖွဲ့အစည်း အသီးသီးနဲ့ အသေအချာ ဆက်စပ်၊ အသေအချာပူးပေါင်း၊ အသေအချာညှိနှိုင်းလုပ်ဆောင်တဲ့ အစီအစဥ်တွေ ခိုင်ခိုင်မာမာရှိလာဖို့ လိုအပ်တယ်” ဟု မှတ်ချက်ပြုသည်။

နယ်ပယ်​ခြောက်ခုမှစစ်​ကောင်စီကိုထိုးစစ်ဆင်ရာတွင် အဓိကအကျဆုံးမှာလက်နက်ကိုင်အကြမ်းဖက်အနိုင်ကျင့်​သောစစ်​ကောင်စီကို အဆုံးသတ်​ပေးရန်မှာ စစ်​ရေးမှာအ​ရေးကြီးဆုံးဖြစ်လာမည်ဟု စစ်​​ရေး နိုင်ငံ​ရေး​လေ့လာ​​စောင့်ကြည့်သူများက​သုံးသပ်သည်။

ပြည်သူ့​​တော်လှန်​ရေး၏ အဆုံးအဖြတ်နှစ်

​​PDF-South Monywa အဖွဲ့ တာဝန်ခံ Daung Karyanက စစ်​ကောင်စီအ​ပေါ် တန်ပြန်ထိုးစစ်များဆင်နွှဲမည်ဆိုပါက PDFများအတွက် အလိုအပ်ဆုံးမှာ လက်နက်ပင်ဖြစ်​ကြောင်း​ပြောသည်။

“NUGအနေနဲ့ တစ်နှစ်အတွင်း ဘက်ပေါင်းစုံကနေစစ်ကောင်စီကိုအဆုံးသတ်တိုက်ပွဲဆင်နွှဲမယ်လို့ ကြေညာလိုက်ခြင်းရဲ့နောက်ကွယ်မှာလည်း သေချာမယ့်မဟာဗျူဟာတွေ၊နည်းဗျူဟာတွေရှိနေမှာပါ ကျွန်တော်တို့အနေနဲ့တော့ အထက်ဖော်ပြပါမဟာဗျူဟာတွေနည်းဗျူဟာတွေကို သိရှိရခြင်းမရှိသေးသလို NUGရဲ့လက်နက်ထောက်ပံ့ခြင်းကိုလည်းရရှိခြင်းမရှိသေးပါဘူး။ ဒါမြေပြင်မှာလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေပါ ။ကျွန်တော်တို့ PDF-South Monywaအနေနဲ့ကတော့ NUGရဲ့ ဦးဆောင်လမ်းညွှန်မှုအောက်ကနေ တသွေမတိမ်းလိုက်နာလျှောက်လှမ်းသွားနေလျှက်ပါ ကျွန်တော်တို့အစိုးရ NUGက တစ်နှစ်အတွင်း အဆုံးသတ်တိုက်ပွဲ ဆင်နွှဲမယ်လို့ကြေညာရင်တစ်နှစ်အတွင်းသေချာပေါက်အောင်မြင်မယ်လို့ယုံကြည်ပါတယ် PDF – South Monywaအနေနဲ့ ကျရာအခန်းကဏ္ဍကနေ ရွတ်ရွတ်ချွံချွံ NUGရဲ့လက်အောက်ကနေ ပူးပေါင်းတိုက်ပွဲဝင်သွားမှာပါ”ဟု Daung Karyanကဆက်​ပြောသည်။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် တပ်ရင်း ၇၀၃၊ အနောက်ပိုင်းတိုင်း တပ်မဟာ (၇ )တပ်ရင်းမှူး စိုးမိုးက “လက်နက်အင်အားကောင်းရင် တစ်နှစ်အတွင်းဆိုတာ မဖြစ်နိုင်စရာမရှိပါဘူး။ လက်နက်မရှိလို့ မတိုက်ဖူးဆိုတာလည်း မဟုတ်ဘူး။ တိုက်ရင်း လက်နက်စုမယ်။ စုရင်းတိုက်မယ်။ တစ်နှစ်ဆိုတဲ့ အချိန်က လုံလောက်ပါတယ်။ လက်ရှိ PDFတွေက နယ်မြေတွေ စိုးမိုးထားတာတွေရှိတယ်။ အဓိက လိုအပ်တာက အဆုံးသတ်ဖို့ပါပဲ။ LDFတွေ၊ ပကဖတွေက အရင်ကထက် ပိုပြီး စည်းလုံးဖို့လိုတယ်။ ကျွန်တော်တို့ကြိုးစား ပြည်သူ့တွေ အားမလျော့ပါနဲ့။ တော်လှန်ရေးကို နိုင်ရာတာဝန်ထမ်းကြပါ”ဟုတိုက်တွန်းသည်။

ပြည်သူ့​​တော်လှန်​ရေး၏ အဆုံးအဖြတ်နှစ်

ပြည်သူအများစု​စောင့်​မျှော်​နေ​သော တော်လှန်​ရေး၏ အဆုံးအဖြတ်ကာလကို ယခုအခါNUG က ​ကြေညာလိုက်သည်။ယခုတစ်နှစ်တာကာလသည် ‘အဆုံးအဖြတ်တိုက်ပွဲ၏ အဆုံးအဖြတ်နှစ်’ အဖြစ် သန္နိဌာန်ချမှတ်၍ တော်လှန်ရေးအင်အားစုများအားလုံး အတူတကွ မလျှော့သော ဇွဲ၊ လုံ့လဖြင့် ကြံ့ကြံ့ခံပြီး တစ်သံတည်းညီ၍ တစ်ချီတည်း ရုန်းကြရန် အချိန်ကျရောက်ပြီဟု လေးနက်စွာတိုက်တွန်းကြောင်း နှိုး​ဆော်ထားသည်။

“ပြည်သူကနာမှာလဲမကြောက်တော့ပါဘူး ။ဒီထက်နာစရာလဲမကျန်တော့ပါဘူး ။ဒါ့ကြောင့်မြန်မြန်လေးသာဖော်ဆောင်(စစ်​ကောင်စီကိုအဆုံးသတ်ရန်ထိုးစစ်ဆင်) ပေးပါ ။ နိုင်ဝန်တော့ထမ်းမှာပါ”ဟု​ပြည်သူတစ်ဦးက သူ၏ ဆန္ဒကို​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။