Connect with us

Hi, what are you looking for?

ဆောင်းပါး

မတ္တရာအ​​ရှေ့ခြမ်းမှ တိုက်ပွဲ​ခေါ်သံ

မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ ဒီရက်ပိုင်းအတွင်းလက်နက်ကြီးပစ်ခတ်သံတွေပြန်ကြားနေရတယ်လို့ဒေသခံတွေက​ပြောပါတယ်။

(မတ္တရာမြို့နယ်အတွင်း စစ်တပ်စခန်းနဲ့ စစ်တပ်တပ်စွဲရာ​နေရာ ၄၀ ခန့်ကိုသိမ်းပိုက်ထား​တဲ့မန္တ​လေး PDFတပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-မန္တ​လေးPDF)
(မတ္တရာမြို့နယ်အတွင်း စစ်တပ်စခန်းနဲ့ စစ်တပ်တပ်စွဲရာ​နေရာ ၄၀ ခန့်ကိုသိမ်းပိုက်ထား​တဲ့မန္တ​လေး PDFတပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-မန္တ​လေးPDF)

ရှိန်း/People’s Spring

အထက်မြန်မာနိုင်ငံရဲ့မြို့​တော် မန္တ​လေးမြို့ နဲ့ မိုင်ဆယ်ဂဏန်းသာ​​ဝေးတဲ့ မတ္တရာမြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းက စစ်တပ် တပ်စွဲရာ​နေရာ​​တွေကို ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် -မန္တ​လေး( MDY PDF) ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ၁၀၂၇ဒုတိယလှိုင်း လို့​ခေါ်သလို ရှမ်းမန်းစစ်ဆင်​ရေးလို့အမည်​ပေးထားတဲ့စစ်ဆင်​ရေးအတွင်းမှာသိမ်းယူခဲ့ပါတယ်။

မတ္တရာအရှေ့ခြမ်းရဲ့ အရေးကြီးနေရာတွေဖြစ်တဲ့အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်တွေ၊ Alphaဘိလပ်မြေစက်ရုံ၊ဖယောင်းတောင်ရွှေလုပ်ကွက် ၊ ဆယ်​တော်ကြီး စတဲ့ စစ်တပ်တပ်စွဲရာ​နေရာ ​ပေါင်း ၄၀ ​လောက်ကို မန္တ​လေးPDF က သိမ်းယူနိုင်ခဲ့ပါတယ်။ မန္တ​လေးPDF နဲ့အတူမတ္တရာမျိုးမှန်တပ်ဖွဲ့ နဲ့ SSTF တပ်ဖွဲ့​တွေကပူး​ပေါင်းထိုးစစ်ဆင်ခဲ့တာပါ။ စစ်​ကောင်စီတပ်ဖွဲ့ဝင် ရာချီ​သေဆုံးသလို ​လေယာဥ်ပစ်လက်နက်​တွေအပါအဝင် လက်နက်မျိုးစုံရာနဲ့ချီပြီး မန္တ​လေးPDF ကသိမ်းဆည်းရရှိခဲ့ပါတယ် ။

(၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်းက ရာနဲ့ချီတဲ့ စစ်သား​တွေ ၊မိသားစုဝင်​တွေလက်နက်ချသလို ​လေ​ကြောင်းရန်ကာကွယ်​ရေးလက်နက်​တွေရခဲ့တာကမန္တ​လေးPDF အတွက်အကြီးမားဆုံး​အောင်ပွဲဖြစ်ခဲ့ပါတယ် ။ဒါအပြင် မတ္တရာစစ်ဆင်​ရေးမှာ စစ်သား​တွေ ၊ပျူ​စောထီး​တွေ ရာနဲ့ချီပြီး လက်နက်ချ အလင်းဝင်ခဲ့ပါတယ် ။

Public Service Announcement

Public Service Announcement

(မတ္တရာမြို့နယ်အတွင်း စစ်တပ်စခန်းနဲ့ စစ်တပ်တပ်စွဲရာ​နေရာ ၄၀ ခန့်ကိုသိမ်းပိုက်ထား​တဲ့မန္တ​လေး PDFတပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-မန္တ​လေးPDF)
(မတ္တရာမြို့နယ်အတွင်း စစ်တပ်စခန်းနဲ့ စစ်တပ်တပ်စွဲရာ​နေရာ ၄၀ ခန့်ကိုသိမ်းပိုက်ထား​တဲ့မန္တ​လေး PDFတပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-မန္တ​လေးPDF)

ဒီနေရာတွေဟာ မန္တလေးမြို့နဲ့နီးကပ်နေပြီး စစ်ရေးအရအ​ရေးပါတာမို့ စစ်တပ်အထိုင်ချတပ်စွဲခဲ့တဲ့နေရာတွေဖြစ်ပါတယ်။ စစ်တပ်အတွက် မတ္တရာမြို့ပေါ်နဲ့ ထီးတော်မိုး(စစ်သားစုဆောင်းရေးတပ်)တို့လောက်သာ စစ်တပ်ကနယ်မြေထိန်းချုပ်ထားနိုင်ခဲ့တဲ့အ​ခြေအ​နေဖြစ်တယ်။ ၁၀၂၇ ဒုတိယလှိုင်းစစ်ရှိန်ပြင်းထန်လွန်းတာ​ကြောင့် မန္တ​လေးမြို့အသိမ်းခံရမှာစိုးပြီး စစ်​ကောင်စီရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ဟာ မန္တ​လေးမြို့ခံစစ်ကို ဦးစား​ပေးပြီးအသည်းအသန်ပြင်ဆင်ခဲ့ရတဲ့ ကာလ​တွေဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ကနေ ၁၀၂၇ဒုတိယလှိုင်းမစခင်အထိ စစ်တပ်အထိုင်ချ ဂိတ်ဖွင့်ထားတဲ့အရေးကြီးစခန်းဖြစ်တဲ့ကျောက်တံတားကျေးရွာကိုတောင် တော်လှန်ရေးတပ်တွေလက်ထဲမကျအောင် စစ်တပ်က အသဲအသန် ခုခံခဲ့ရတဲ့အ​ခြေအ​နေဖြစ်ပါတယ်။

မန္တ​လေး PDF ရဲ့ထိုးစစ်​တွေက မတ္တရာမှာ ရပ်တန့်သွားပြီး သပိတ်ကျင်းမြို့နယ်ဘက်ကို ဦးစား​ပေးတိုက်ခိုက်လာတဲ့​နောက်ပိုင်းမှာ စစ်တပ်ကလည်းမတ္တရာမြို့နယ်မှာစစ်တပ်ကိုပြန်လည်စုဖွဲပြင်ဆင်လာခဲ့ပါတယ်။

(မတ္တရာမြို့နယ်အတွင်း စစ်တပ်စခန်းနဲ့ စစ်တပ်တပ်စွဲရာ​နေရာ ၄၀ ခန့်ကိုသိမ်းပိုက်ထား​တဲ့မန္တ​လေး PDFတပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-မန္တ​လေးPDF)
(မတ္တရာမြို့နယ်အတွင်း စစ်တပ်စခန်းနဲ့ စစ်တပ်တပ်စွဲရာ​နေရာ ၄၀ ခန့်ကိုသိမ်းပိုက်ထား​တဲ့မန္တ​လေး PDFတပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-မန္တ​လေးPDF)

စက်တင်ဘာလအတွင်းမှာ စစ်​ကောင်စီတပ်ကဗိုလ်ကြီးတွေ တပ်ခွဲမှူးသင်တန်းဆင်းခဲ့ပါတယ်။အဲဒီတပ်ခွဲမှူးတွေကြီးကြပ်ပြီးတော့ မန္တလေးနယ်ခံပျူစောထီးတွေ၊ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ စု​ဆောင်းထားတဲ့ စစ်သင်တန်းအပတ်စဥ် ၂ နဲ့ ၃ က သင်တန်းဆင်းစစ်သားသစ်​တွေနဲ့ စုပေါင်းပြီး စစ်တပ်ကမတ္တရာမြို့နယ်မှာအင်အားတိုးခဲ့တယ်လို့စုံစမ်းသိရပါတယ်။

စစ်တပ်က အရာရှိတဦးရဲ့ပြောကြားချက်အရ အယ်ဖာဘိလပ်မြေစက်ရုံနဲ့ဖယောင်းတောင် သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို PDFတွေက ​လပိုင်းအတွင်းလုပ်ငန်းစ​တော့မယ့်သတင်းကြောင့် ဒီနေရာတွေကို ပြန်သိမ်းနိုင်ဖို့ စစ်တပ်က ကြံစည်လာတာလို့သိရပါတယ်။

“ဒီလုပ်ငန်းတွေ(​ရွှေတူး​ဖော်​ရေး) လည်ပတ်ရင် အဲဒီကငွေနဲ့ လက်နက်ဝယ်ဖို့အထောက်အပံ့ဖြစ်လာလိမ့်မယ်”လို့စစ်တပ်က အရာရှိတစ်ဦးကစစ်​ကောင်စီရဲ့ ပူပန်မှုကိုပြောပါတယ်။

ဒါအပြင် မတ္တရာအရှေ့ဘက်ခြမ်းကို စစ်တပ်က ဒရုန်းကျွမ်းကျင်သူတွေပါစေလွှတ်ပြီး နယ်မြေ​တွေပြန်သိမ်းနိုင်ဖို့ကြိုးစားနေတယ်လို့စုံစမ်းသိရပါတယ်။

အောက်တိုဘာလပထမပတ်မှာ​တော့ ထန်းပင်ကုန်းရွာကို စစ်တပ်စစ်ကြောင်းထိုးပါသေးတယ်။စစ်​ကြောင်းထိုးပြီး ရွာအတွင်းဝင်ရောက်နိုင်ခဲ့​ပေမယ့် ၂၄နာရီမပြည့်ခင်မှာပဲPDF​တွေကပြန်လည်တိုက်ခိုက်ပြီးထန်းပင်ကုန်းရွာကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။

စစ်တပ်ကမတ္တရာမြို့ အ​ရှေ့ခြမ်းကို တိုက်မယ်ဟန်ပြပြီး တကယ်ထိုးစစ်ဆင်တိုက်ခိုက်တာက မတ္တရာမြို့နယ် အ​နောက်ဘက်ခြမ်းဖြစ်ပါတယ်။

စက်တင်ဘာ ၂၇ ရက်မှာမတ္တရာမြို့နယ်အနောက်ခြမ်းက ဧရာဝတီမြစ်ကမ်းဘေးကျေးရွာဖြစ်တဲ့သုံးဆယ်ပေးရွာကို စစ်တပ်ကစစ်ကြောင်းထိုးခဲ့ပါတယ်။သုံးဆယ်​ပေရွာဟာ မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်နဲ့ဆက်လျက်ဖြစ်ပြီး ရေကြောင်းလမ်းကိုထိန်းချုပ်နိုင်ဖို့အတွက်အရေးပါတဲ့နေရာဖြစ်ပါတယ်။

(မတ္တရာမြို့နယ်အတွင်း စစ်တပ်စခန်းနဲ့ စစ်တပ်တပ်စွဲရာ​နေရာ ၄၀ ခန့်ကိုသိမ်းပိုက်ထား​တဲ့မန္တ​လေး PDFတပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-မန္တ​လေးPDF)
(မတ္တရာမြို့နယ်အတွင်း စစ်တပ်စခန်းနဲ့ စစ်တပ်တပ်စွဲရာ​နေရာ ၄၀ ခန့်ကိုသိမ်းပိုက်ထား​တဲ့မန္တ​လေး PDFတပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-မန္တ​လေးPDF)

သုံးဆယ်​ပေရွာပြီး​တော့ ဆက်တိုက်ဆိုသလိုပဲ မတ္တရာအနောက်ခြမ်းကငယ်တိုး၊သဖန်းထောင့်၊သေနတ်ကုန်း၊ညောင်ကုန်း၊ရွှေချောင်း၊ပေါက်ဝဲစတဲ့ကျေးရွာတွေစစ်အုပ်စုကစစ်​​ကြောင်းထိုးပြီး စစ်တပ်ကအထိုင်ချတပ်စွဲခဲ့ပါတယ်။အဲဒီရွာတွေကနေ မန္တလေးကို ကာထားတဲ့ကျေးရွာတွေဖြစ်သလို စစ်ကြောင်းထိုးမယ်ဆိုရင် မတ္တရာမြို့အနီးကကျေးရွာတွေအထိ အလွယ်တကူသွားလာနိုင်ပါတယ် ။အဲဒီရွာ​တွေနဲ့ မတ္တရာမြို့ကြားမှာ စစ်တပ်လက်​အောက်ခံပျူ​စောထီး​တွေမျာတဲ့ ရွှေချောင်းရွာလည်းရှိတာမို့ တယ်။

ဒီရွာတွေကို စစ်တပ်အထိုင်ချပြီးတဲ့နောက် ​တော်လှန်​ရေးအင်အားစု​တွေကို ပထမဆုံးတိုက်ခိုက်မှုအဖြစ်နိုဝင်ဘာလပထမပတ်ထဲမှာ မတ္တရာမြို့ရဲ့အနောက်ဘက်က ဝေါ၊ဝန်စု၊ရွာသစ်၊မြွေထိန်ပင်၊ထိန်ပင်စောက်ကျေးရွာတို့ကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ် ။ အဲဒီရွာ​တွေမှာ ​ဒေသခံ ကာကွယ်​ရေးတပ် (LPDF)​တွေ ၊ ပကဖ ​တွေ ပဲရှိတာ​ကြောင့်စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ကို ​တောင့်မခံနိုင်ပဲ စခန်း​တွေအသိမ်းခံခဲ့ရပါတယ်။

နိုဝင်ဘာလ တတိယပါတ်မှာဧရာဝတီ မြစ်ကမ်းအနီးက ဥဒိန်ရွာကို စစ်​ကောင်စီတပ်ကပြန်သိမ်းယူနိုင်ခဲ့ပါတယ်။ ဥဒိန်ရွာကိုစစ်တပ်ကဝင်တိုက်ချိန် ငယ်တိုးရွာကို တပ်စွဲထားတဲ့စစ်တပ်ကိုတော်လှန်ရေးတပ်တွေကနိုဝင်ဘာလ၁၈ရက်နေ့ကအလစ်ငိုက်ဝင်တိုက်ခဲ့တာမှာ စစ်ကောင်စီတပ်ဘက်ကအကျဆုံးများခဲ့ပါတယ်။

စစ်ကောင်စီဘက်က ရေကြောင်းကနေ တိုက်ခိုက်ရေးယာဥ်တွေသုံးပြီး အင်အားထပ်တိုးခဲ့သလို Mi-35တစီး၊ဂျက်ဖိုက်တာနှစ်စီးနဲ့ စိန်ပန်းကုန်းကျေးရွာအနီးကိုလေကြောင်းတိုက်ခိုက်မှုတွေအပြင်းအထန်ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက်မှာ မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်တပ်က ပြန်သိမ်းယူခဲ့ပြီး တော်လှန်ရေးတပ်တွေ ​နောက်ဆုတ်လိုက်ရပါတယ်။ စစ်တပ်က မတ္တရာမြို့နယ် အနောက်ခြမ်းက ဥဒိန်၊စိန်ပန်းကုန်း၊ဇလ၊အောက်တောင်ကိုင်း၊သဖန်းထောင့်၊ငယ်တိုး၊သုံးဆယ်ပေးစတဲ့ရွာတွေကိုက အထိုင်ချတပ်စွဲထားပါတယ်။

“အနောက်ခြမ်းက ရွာတိုင်းနီးနီးထိုင်ထားတာ။အင်အားကတော့ ဆယ်ဂဏန်းတွေပဲရှိတယ်။ဒါပေမယ့် ရွာကပ်လျက်တွေအထိုင်ချထားတာ”လို့ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံကလူထု​နွေဦးကိုပြောပါတယ်။

မတ္တရာအနောက်ခြမ်းကိုစစ်တပ်အထိုင်ချပြီးတဲ့နောက် ဒေသခံတွေရဲ့အိမ်တွေကနေ ပစ္စည်းတွေကိုခိုးယူပြီး မတ္တရာမြို့ထဲကိုပြန်ပို့နေတယ်လို့ဒေသခံတွေကပြောပါတယ်။

မတ္တရာအနောက်ခြမ်းကို ထိန်းချုပ်နိုင်ခဲ့တဲ့စစ်တပ်ဟာ PDF ​တွေထဲမှာ တိုက်စွမ်းရည် အပြည့်ဝဆုံးတပ်​တွေထဲက တစ်ခုဖြစ်တဲ့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်မန္တ​လေး ထိန်းချုပ်ထားတဲ့မတ္တရာမြို့နယ်အရှေ့ခြမ်း ကို ပြန်ထိုးစစ်ဆင်ဖို့ ပြင်ဆင်လာပါတယ် ။

မန္တ​လေးPDF ဟာ စဥ့်ကူးမြို့နယ်တစ်ခုလုံးကိုသိမ်းပိုက်ထိန်းချုပ်ထားသလို ၊ TNLA အပါအဝင်အခြား​တော်လှန်​ရေးတပ်​တွေနဲ့ ပူး​ပေါင်းပြီး ​နောင်ချို ၊မိုးကုတ် မြို့​တွေ ၊ သပိတ်ကျင်းမြို့နယ်​ကစခန်းတွေကို သိမ်းပိုက်ထားတဲ့ ​နွေဦး​တော်လှန်​ရေးမှာ​ပေါ်လာတဲ့ လက်စွမ်းအထက်ဆုံး တပ်​တွေထဲကတပ် တစ်ခုဖြစ်ပါတယ် ။

ဒီဇင်ဘာလ၂ရက်​နေ့မှာ မြို့ကုန်းရွာမှာမန္တ​လေး PDF နဲ့ စစ်​ကောင်စီတပ် တိုက်ပွဲပြန်ဖြစ်ပွားခဲ့ပါတယ်။ ဒီဇင်ဘာလ၃ရက်နေ့မှာ တနေ့လုံးနီးပါးတိုက်ပွဲဖြစ်ခဲ့ပြီး ညနေပိုင်းမှာစစ်တပ်စစ်​ကြောင်းပြန်ဆုတ်​ပြေးခဲ့ရပါတယ် ။ မြို့ကုန်းရွာတိုက်ပွဲမှာစစ်တပ်ဘက်က ဗိုလ်ကြီး တစ်ဦးအပါအဝင်အလောင်း ၇ လောင်းကျန်ခဲ့ပါတယ် ။ဒါအပြင် စစ်သုံ့ပန်းတဦးဖမ်းမိခဲ့တယ်လို့ မန္တ​လေးPDF ကထုတ်ပြန်ပါတယ်။​​သေနတ် ၅ လက်နဲ့ ခဲယမ်း​တွေကိုလည်း မန္တလးPDF က သိမ်းဆည်းနိုင်ခဲ့ပါတယ်။

“ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဘက်မှာလည်း ထိခိုက်မှုအချို့ရှိပါတယ်။ စစ်ကြောင်းက မတ္တရာကထွက်လာတဲ့ အင်အား(၈ဝ)ပါ စစ်ကြောင်းဖြစ်ပါတယ်။မတ္တရာမြို့ဘက်ကို ပြန်ပြီးဆုတ်ခွာသွားပါတယ်။”လို့ မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က လူထု​နွေဦးကို ပြောခဲ့ပါတယ်။

စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပြည်သူ့စစ်သင်တန်းအပတ်စဥ်(၅)ဆင်းထားပြီး မတ္တရာနယ်အရှေ့ခြမ်းကို ထပ်မံထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်လို့လည်း စုံစမ်းသိရပါတယ် ။ဒါ​ကြောင်း ဒီဇင်ဘာလဆန်းကစပြီး မတ္တရာမြို့နယ်အ​ရှေ့ခြမ်းမှာတိုက်ပွဲ​တွေ ပိုပြင်းထန်လာ​တော့မယ်လို့ ​ဒေသခံအချို့က​ပြောပါတယ် ။

“မတ္တရာအရှေ့ခြမ်းမှာ အခုထိ လက်နက်ကြီးသံတွေကြားနေရတယ်။ဒရုန်းနဲ့လည်းဗုံးတွေကျဲနေတယ်။အသံတွေကတအုန်းအုန်းပဲ ဘယ်ကပစ်နေမှန်းမသိဘူး”လို့ ​ဒေသခံစစ်​ဘေး​ရှောင်ပြည်သူတစ်ဦးက ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းမှာ​ပြောပါတယ်။

စစ်​ကောင်စီတပ်အတွက် မတ္တရာမြို့နယ် အ​နောက်ခြမ်းကို သိမ်းပိုက်နိုင်သလို ၊အ​ရှေ့ခြမ်းကိုသိမ်းပိုက်နိုင်မလား ။ မန္တ​လေးPDF က ​အရင်တိုက်ပွဲ​တွေလိုပဲ စစ်တပ်ရဲ့ ထိုးစစ်​တွေကို ​ချေဖျက်ပြီး မတ္တရာမြို့ကိုပါ သိမ်းပိုက်ဖို့ တန်ပြန်ထိုးစစ် ဆင်လာနိုင်မလားဆိုတာ လာမယ့်ရက်ပိုင်း​တွေက အဆုံးအဖြတ်ဖြစ်လာနိုင်ပါတယ် ။ ​

​သေချာတာက​တော့ မန္တ​လေးမြို့အနီးက မတ္တရာမြို့နယ် အ​ရှေ့ပိုင်းမှာ ပြင်းထန်တဲ့တိုက်ပွဲ​တွေ ပြန်​ပေါ်​ပေါက်လာပြီဖြစ်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း ရက်အနည်းငယ်အကြာ တိုက်ပွဲငြိမ်သက်ခဲ့ပြီးနောက် ဇန်နဝါရီ၁၆ရက်ညနက်ပိုင်းမှစ၍ ဘောမိကျေးရွာအနီး၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီက လေကြောင်းမှပါ ခုခံတိုက်ခိုက်ခဲ့သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊နမ့်မိုရွာအနီးတွင် SSPPနှင့် RCSSတို့ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများမှာ ဘေးလွတ်ရာ တိမ်းရှောင်နေရသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် စစ် ကောင်စီတပ်တို့အကြားတိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း DPLAက ယနေ့ (ဇန်နဝါရီ ၁၆ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ် ပွားပြီး PDF ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။