Connect with us

Hi, what are you looking for?

ဆောင်းပါး

“တော်လှန်သူများရဲ့ ဗယ်လင်တိုင်း”

လူငယ်တွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီး အထိမ်းအမှတ်ပြုလုပ်လေ့ရှိတဲ့ Valentine Day ကတော့ ရောက်ရှိလာပြန်ပါပြီ။ အာဏာသိမ်းကာလမတိုင်မီ အရပ်သားအစိုးရအုပ်ချုပ်စဥ် ကာလကတော့ ဒီလိုရက်မျိုးဆို လူငယ်တွေဟာ ဆင်တူဝတ်စုံလေးတွေဝတ်ပြီး လည်ပတ်လေ့ရှိကြတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်းတနေရာတွင် တိုက်ပွဲဝင်နေကြသည့် ရှေ့တန်းတနေရာမှ BLDF ရဲဘော်များ။ ဓာတ်ပုံ-Special Regional Attacks Forces-Monywa

ဟာနာဆန်/People’s Spring

လူငယ်တွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီး အထိမ်းအမှတ်ပြုလုပ်လေ့ရှိတဲ့ Valentine Day ကတော့ ရောက်ရှိလာပြန်ပါပြီ။ အာဏာသိမ်းကာလမတိုင်မီ အရပ်သားအစိုးရအုပ်ချုပ်စဥ် ကာလကတော့ ဒီလိုရက်မျိုးဆို လူငယ်တွေဟာ ဆင်တူဝတ်စုံလေးတွေဝတ်ပြီး လည်ပတ်လေ့ရှိကြတယ်။

အဲဒီလိုလူငယ်စုံတွဲလေးတွေကို မီဒီယာတွေက ဓါတ်ပုံလိုက်ရိုက်ကြ၊ လူမှုကွန်ရက်မှာတင်ကြ၊ အားကျကြ၊ စနောက်ကြနဲ့ ဗယ်လင်တိုင်းမှာ ပွက်လောညံလေ့ရှိတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဗယ်လင်တိုင်း​ဒေးနေ့တွေဟာ အရင်ကလောက်တော့ အုန်းအုန်းထတာမျိုး နည်းသွားခဲ့တယ်။ အစအရာရာစိုးထိတ်နေရတဲ့နေ့ရက်တွေမှာ၊ ပျော်စရာကောင်းတဲ့ကာလမျိုးလည်းမဟုတ်တာကြောင့် ဗယ်လင်တိုင်းဒေးဟာ အရင်လောက် မစိုပြည်တော့ဘူး။

Public Service Announcement

Public Service Announcement

စစ်တပ်သာ အာဏာမသိမ်းခဲ့ရင် ဗယ်လင်တိုင်းဒေးမှာ ချစ်သူနဲ့အတူ ပျော်ရွှင်နေရမယ့် လူငယ်လေးတွေဟာ ပန်းခြံတို့၊ ရှော့ပင်းမောတို့ ရောက်ရမယ့်အစား တောထဲတောင်ထဲမှာ ဖြတ်သန်းနေကြရတယ်။ ချစ်သူလက်ကိုကိုင်ဆွဲရမယ့်အစား လက်နက်တွေ ကိုင်ဆောင်ထားကြရတယ်။

စစ်ကောင်စီကို တော်လှန်နေတဲ့ ပဲခူးတိုင်းသာယာဝတီခရိုင် အမှတ်(၃)တပ်ရင်းက ရဲဘော်အွမ်ခေးကတော့ ဗယ်လင်တိုင်းဒေးမှာတပ်ရင်းက လူမစုံလို့ လူစုံမှ တစ်ခုခု ချက်ကျွေးဖို့ စဥ်းစားထားတယ်လို့ ပြောပြတယ်။

“ချောကလက် စီစဥ်ပေးဖို့ကျ ညီမတို့ဘက် သယ်ရခက်နေတာ။ မှာတော့မှာကြည့်ထားတယ်။”လို့ ရဲဘော်အွမ်ခေးက ပြောတယ်။ တလှေတည်းစီး တခရီးတည်းသွားနေကြတဲ့ ချစ်ခင်ရတဲ့ ရဲဘော်ရဲဘက်တွေကို ချစ်ခြင်းမေတ္တာပြသမယ့်သဘောပါ။

ရွှေဘိုခရိုင်ထဲက ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ရဲဘော်တွေ သူတို့ကောင်မလေးတွေကို ချောကလတ်သွားပေးချင်ရင်တော့ လုံခြုံရေးပေါ်မူတည်ပြီး ခွင့်ပြုမယ်လို့ အဲဒီတပ်ဖွဲ့က ဒုတာဝန်ခံ ကိုဗလကြီးက ပြောပါတယ်။ ဒါပေမယ့်ဘယ်သူမှအစီအစဥ်ရှိပုံမရပါဘူး။

“ခွင့်ပေးပါတယ်ဗျ။ ကိုယ်တိုင်တော့ အစီအစဉ်တော့ မရှိသေးဘူးဗျ။”လို့ ကိုဗလကြီးက ရယ်ရယ်

မောမောပြောတယ်။ ဒါပေမယ့် ရဲဘော်တွေက ချောကလတ်ဝယ်ချင်ရင်တောင် ဝယ်ဖို့ခက်ခဲတဲ့အကြောင်း သူက ပြောပြတယ်။

“ကျနော်တို့ဘက်တော့ ဝယ်မရ‌ဘူးဗျ။”လို့ ကိုဗလကြီးက ပြောပါတယ်။

သူ့အတွက် ဗယ်လင်တိုင်းဒေးအမှတ်တရကတော့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒုချုပ်စိုးဝင်းအပါအဝင် စစ်တပ်အရာရှိ ၂၃ ဦးကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်တဲ့သတင်းဟာ သူ့အတွက် အမှတ်တရပါလို့ ကိုဗလကြီးက ဆက်လက်ပြောပြတယ်။

စစ်ကိုင်းတိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့မြင်းခြံခရိုင်အခြေစိုက် Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ခေါင်းဆောင် ကိုသက်ကြီးကတော့ ဗယ်လင်တိုင်းနေ့မှာ ရဲဘော်တွေအတွက် သီးခြားအစီအစဥ်မရှိဘူးလို့ သူက ပြောတယ်။

“သမီးရည်းစားလည်း ချိန်းတွေ့လို့မရ၊ အပြင်လည်းထွက်လို့မရတဲ့အတွက် ဒီကိစ္စကတော့ ရဲဘော်တွေနဲ့မဆိုင်သလိုပါပဲ။”လို့ သူကပြောတယ်။

ဒီနေ့ဗယ်လယ်တိုင်းဒေးအမှတ်တရကတော့ စစ်မှုထမ်းဥပဒေရှောင်တိမ်းရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိလာတဲ့လူငယ်တွေရဲ့ သင်တန်းပြီးဆုံးတာနဲ့တိုက်ဆိုင်တာပါပဲလို့ သူကပြောတယ်။

နေ့စဥ်နေ့တိုင်းတော့ရဲဘော်တွေကိုချစ်ခြင်းမေတ္တာပြသတဲ့အနေနဲ့အစားအသောက်တွေ ကောင်းတာစီစဥ်ပေးတာမျိုး၊ ဓာတ်ဆားရည်ကအစ စီစဥ်ပေးတာမျိုး ပြုလုပ်လေ့ရှိတဲ့အကြောင်း ကိုသက်ကြီးက ပြောပြတယ်။

တော်လှန်လူငယ်တွေဟာ တကိုယ်ရည်ချစ်ခြင်းမေတ္တာထက် တနိုင်ငံလုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးကို ဦးစားပေးနေရတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာ၊ ဆားလင်းကြီး၊ ချောင်းဦးနဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွေမှာ အရင်ရက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးသူတွေကို ရဲဘော်တွေက ကူညီကယ်ဆယ်နေရတယ်။တိုက်ပွဲကြားထဲမှာဖြတ်သန်းရင်း အဝေးတနေရာက ချစ်သူတွေကို ခေတ္တခဏမေ့ထားကြရပါတော့တယ်။

ဆက်စပ်သတင်းများ

Trending

Facebook