Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်တပ်​ရွေး​ကောက်ပွဲ ဝါဒဖြန့်ချိရေး​နောက်ကွယ်မှ အဓိက ဇာတ်​ကောင်​တွေ

စစ်တပ်​ရဲ့​ရွေး​ကောက်ပွဲအတွက် ဝါဒဖြန့် ဇာတ်လမ်း​တွေ ၊လှုံ့​ဆော်​ရေးအစီအစဥ်​တွေရိုက်ကူးဖို့ ​နောက်ကွယ်က​နေ အားကြိုးမာန်တက်လုပ်နေကြသူ​တွေထဲမှာ MRTV -4 က ဦးသိန်းထွန်း​အောင် အဓိက ပါဝင်​နေပါတယ် ။

​နေ့သစ်/People’s Spring

စစ်တပ်​ရဲ့​ရွေး​ကောက်ပွဲအတွက် ဝါဒဖြန့် ဇာတ်လမ်း​တွေ ၊လှုံ့​ဆော်​ရေးအစီအစဥ်​တွေရိုက်ကူးဖို့ ​နောက်ကွယ်က​နေ အားကြိုးမာန်တက်လုပ်နေကြသူ​တွေထဲမှာ MRTV -4 က ဦးသိန်းထွန်း​အောင် အဓိက ပါဝင်​နေပါတယ် ။

စစ်သားက​နေ အရပ်ဖက်ယူနီး​ဖောင်း​ပြောင်းဝတ်ပြီး ပြန်ကြား​ရေးဝန်ကြီးဌာနမှာ ညွှန်ကြား​ရေးမှူးလုပ်ခဲ့တဲ့ ဦသိန်းထွန်း​အောင်က MRTV-4 နဲ့ Forever Group တို့ရဲ့ ပဲ့ကိုင်ရှင် ဦးဝင်း​မော်ရဲ့လူယုံဖြစ်ပါတယ် ။ MRTV-4 က​တော့ ခေတ်အဆက်ဆက်တက်လာသမျှအစိုးရတိုင်းကို ဖားယားရင်း အခုချိန်မှာ​တော့ စစ်တပ်ဝါဒဖြန့်ချီ​ရေးအတွက် အဓိကအသုံး​တော်ခံ​နေတာဖြစ်ပါတယ်။

စစ်တပ်က ​​ရွေး​ကောက်ပွဲဝါဒဖြန့်ဖို့ အနုပညာရှင်​တွေအကုန်လုံးကို မရိုက်မ​နေရ ရိုက်ဖို့ခြိမ်း​ခြောက်ခိုင်းတဲ့ အခါ ဦးသိန်းထွန်း​အောင်ရဲ့အခန်းကဏ္ဍကို အနုပညာ​လောကသား တဦးကအခုလို​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ အနုပညာရှင်တွေ အကုန်းလုံးကို ဘယ်သူက ဘယ်မှာ ဘာရိုက်ကူးရေးလုပ်နေတာ အဓိက ပြောပြီးချိတ်ဆက်ပေးနေတာက MRTV 4 ပိုင်ရှင် ဝင်းမော်ရဲ့ လူယုံ သိန်းထွန်းအောင်ဆိုတဲ့လူပဲ။အဲဒီလူက အရင်က စစ်တပ်ထဲမှာ(စရဖ)ဗိုလ်မှူးအဆင့်ထိ လုပ်ခဲ့ ၊ ပြန်ဝန် ကျော်ဆန်းလက်ထက်မှာ ပြန်ကြားရေးရဲ့ DG (ညွန်ကြား​ရေးမှူးချုပ်) အဖြစ် တာဝန်ထမ်းခဲ့တယ်”

ပြန်ကြား​ရေးမှာညွန်ချုပ်လုပ်ခဲ့စဥ်ကလည်း သူဟာ လာဘ်စားသူအဖြစ် နာမည်ကြီးတယ်လို့ အနုပညာ​လောကသားအချို့က​ပြောပါတယ်။

သူ့လက်ထက်မှာရုပ်ရှင်ရိုက်ဖို့ ၊ရိုက်ကူးခွင့်ကျဖို့၊ ဆင်ဆာကျဖို့ သူ့ကို လာဘ်ထိုးရတာဖြစ်ပြီး သူပြီးရင်အားလုံးပြီးတယ်လို့အနုပညာသားအချို့က​ပြောပါတယ် ။

စစ်​ထောက်လှမ်း​ရေး​ဟောင်း၊ညွန်ချုပ်​ဟောင်း စစ်ဗိုလ်ချုပ်​တွေနဲ့​ရောခရိုနီ​တွေနဲ့ပါအဆက် အသွယ်​ကောင်း​ကောင်းရှိတဲ့ သူ့ကို MRTV-4 ပိုင်ရှင် ဦးဝင်း​မော်က​ ရည်ရွယ်ချက်ရှိရှိခေါ်ခဲ့တာပါ။

“ သူကကြားထဲကနေ စစ်တပ်နဲ့ ရော ၊ပြန်ကြားရေးနဲ့ရော ကြားထဲကနေ ဆက်စပ်ပြီး အကုန်လုပ်ပေး ၊ MRTV-4 ရိုက်သမျှ စစ်ကားတွေသူအားလုံးကူညီခဲ့တာ၊ ရုပ်ရှင်အဖြစ်ရိုက်ရင်လည်း တင်အောင်စိုး တို့ တပ်ထဲကလူတွေကိုသူကပဲအားလုံးကြားပွဲစားဖြစ်လုပ်ပေးခဲ့တာ” လို့ အနုပညာ​လောကသား တဦးက​ပြောပါတယ် ။

အာဏာသိမ်းစစ်အုပ်စုလက်ထက်မှာ​တော့ သူတို့အတွက် ပွဲ​တော်ကြီးဖြစ်​နေပါတယ် ။ဂွင်များစွာနဲ့ အလုပ်​တွေရှုပ်​နေကြတာပါ ။ စစ်တပ်အတွက် ဝါဒဖြန့်ချီ​ရေး​တွေကို အားတက်သ​ရောလုပ်​နေရင်း ဂွင်းကြီးကြီးလုပ်ပိုင်ခွင့်​တွေလည်းရ​နေပါတယ် ။အဲဒီထဲက တစ်ခုက ပင်းတယ​ဒေသမှာ ဧက ၈၀၀ ကျယ်တဲ့ စတူဒီယိုကြီးကိုလည်း ဦးဝင်း​မော် နဲ့ ဦးသိန်းထွန်း​အောင်တို့က လုပ်ခွင့်ရထားတာပါ ။

“ သူက(သိန်းထွန်း​အောင်) MRTV 4 ဝင်းမော်ရဲ့ တကယ့်လူယုံကြီး အဖြစ်နဲ့ အခု ရှမ်းပြည် ၊ပင်းတယ မှာ ဧက ၈၀၀ ရှိတဲ့ စတူဒီယိုရဲ့ အဓိက ပဲ့ကိုင်ရှင်အဖြစ်သူဦးစီးလုပ်ပေးနေသလို အဲဒီမှာ အထိုင်ချပြီး လုပ်ပေးနေတာ ။ သူကို အများကဗိုလ်မှူးလို့ ခေါ်ကြတယ်။ ဒီကာလမှာ သူက ရှမ်းပြည်လည်းဖြစ်ပြန်၊ တော်လှန်ရေးဘက်တွေနဲ့ နီးတဲ့ နေရာမှာရှိနေပြန်တော့ သူကို ဗိုလ်မှူးလို့ မခေါ်ဖို့ ပြောထားတယ်” လို့ MRTV-4 ရဲ့ဧက ၈၀၀စတူဒီယိုဂွင်ကိုသိတဲ့အနုပညာ​လောကသားတဦးက​ပြောပါတယ် ။

ဒါအပြင် ဦးသိန်းထွန်း​အောင်ရဲ့ညီဖြစ်သူကလည်း ​ထောက်လှမ်း​ရေးအရာရှိ​ဟောင်းဖြစ်တယ်လို့သိရပါတယ် ။ ဗိုလ်ချုပ်ခင်ညွန့် ရဲ့ ​စစ်​ထောက်လှမ်း​ရေး တန်ခိုးထွားခဲ့စဥ်မှာခင်ညွန့် လက်အောက်မှာ ထောက်လှမ်းရေး အဖြစ်လုပ်တာခဲ့တာဖြစ်ပြီး သူ့ညီ အမည်က ဦးဇော်ထွန်းအောင်လို့ စုံစမ်းသိရပါတယ်။ ၂၀၀၄ ခုနှစ်မှာ ဗိုလ်ချုပ်ခင်ညွန့် ရဲ့​ထောက်လှမ်း​ရေးကို ဗိုလ်ချုပ်မှူးကြီး သန်း​ရွှေရဲ့ စစ်တပ်က ပြန်ဖမ်းခဲ့ချိန်မှာ ဦးသိန်းထွန်း​အောင်ရဲ့ ညီဖြစ်သူ ဦးဇော်ထွန်းအောင်လည်းအဖမ်းရတဲ့ အမှုတွဲထဲမှာပါခဲ့ပါတယ် ။

ဦးသိန်းထွန်း​အောင် လိုပဲ စစ်တပ်အတွက် ဝါဒဖြန့်ဖို့ တက်တက်ကြွကြွလုပ်​ပေး​နေသူ​တွေထဲမှာ ဒါရိုက်တာ​တွေလည်းများစွာပါဝင်​နေပါတယ် ။ စစ်တပ်ဝါဒဖြန့် ဇာတ်လမ်း​တွေ အဓိက ရိုက်ကူး​ပေး​နေတဲ့ တင်​အောင်စိုးပါတယ်ဆိုတာ​တော့ ထူးပြီး​ပြောစရာလို​မယ်ထင်ပါဘူး။ ကျန် ဒါရိုက်တာ​​တွေထဲမှာ ဘယ်သူ​တွေပါတယ်ဆိုတာသိရင် ရုပ်ရှင် ပရိတ်သတ်​တွေ အံအားသင့်သွားမယ်ထင်ပါတယ် ။

■အတက်ကြွဆုံးဖြစ်​နေတဲ့ ဝိုင်း

“ ဝိုင်းက အတက်ကြွဆုံးဖြစ်နေတယ်။သရုပ်ဆောင်တော်တော်များများကနည်းနည်ဘူနေကြတယ်။ ဘာလို့လဲဆိုတော့ ပရိသတ်အဆဲခံရမှာရော၊ တစ်ဖက်ကလည်းဖိအားနဲ့ မပါရင် ၊ မလုပ်ရင် ဖမ်းမယ်ဆိုတဲ့ကြားထဲမှာဆိုတော့မျက်နှာတွေက မကြည်မလင်ဖြစ်နေတာ ။ပြုံးနေတာမဟုတ်အဲလိုအခြေအနေမျိုးမှာဝိုင်းကမျက်နှာလေးကိုအကြည်ဓါတ်လေးဖြစ်အောင်လုပ်ပေးပါအုန်း ၊အသက်ကလေးပါအုန်း ၊ တက်ကြွတဲ့ပုံစံဖြစ်အောင်ဟိုလိုလေးလုပ်လိုက်ပါအုန်း၊ ဒီလိုလေး လုပ်လိုက်ပါအုန်း ဖြစ်နေတာ။သူအတက်ကြွဆုံး။ဒုတိယ အတက်ကြွဆုံးကတော့ အခုကာလမှာ အကယ်ဒမီတွေ ရနေတဲ့ ဝင်းလွင်ထက်ပဲ ။ သူလည်း ဒီအတိုင်းပဲ သူက ဒုတိယ အတက်ကြွဆုံး သူတို့ပြီးရင်တော့ မီးပွားနဲ့ သြရသပဲ” လို့ ရုပ်ရှင်​လောကသား တဦးက​ပြောပါတယ် ။

ဒါအပြင် ဝိုင်းဟာစစ်တပ်ဝါဒဖြန့် စစ်ကားတော်တော်များများမှာ ဒါရိုက်တာတင်အောင်စိုးနဲ့ အတူလုပ်ပေးနေပြီး တချို့ကားတွေမှာ အမည်မခံပဲနဲ့ လုပ်ပေး​နေတယ်လို့အနုပညာ​လောကသားအချို့က​ပြောပါတယ် ။စစ်တပ်ဝါဒဖြန့်ဇာတ်ကားတင်မကပဲ စစ်တပ်အတွက် ပွဲတွေ၊ အစီအစဉ်တွေကိုပါ ဝိုင်းကလုပ်ပေးနေတယ်လို့သူတို့​ပြောပါတယ် ။

●ရုပ်ရှင်​လောကသားအားလုံးနီးပါး စစ်တပ်ဝါဒဖြန့်အစီအစဥ်ရိုက်ကူးပြီးစီး

​ရွေး​ကောက်ပွဲဝါဒဖြန့် အစီအစဥ်​တွေကို မကြာခင်ထုတ်လွှင့်နိုင်ဖို့ အမြန်ရိုက်ကူး​နေကြတာမှာ နိုဝင်ဘာ ၇ ရက်အထိ အနုပညာရှင် အများအပြားရိုက်ကူးပြီး​နေကြပြီဖြစ်ပါတယ် ။ People’s Spring ရရှိတဲ့အချက်အလက်​တွေအရ နိုဝင်ဘာ ၇ ရက်အထိ့ ရိုက်ကူးပြီးတဲ့သူ​တွေထဲမှာ ဝတ်မှုန်ရွေရည်၊ အေးမြတ်သူ ၊ ခိုင်သင်းကြည် ၊ ထွန်းအိန္ဒြာဗို ၊ဖွေးဖွေး ၊တိုင်ရွန် ၊ ထူးအောင် ၊ ညီနန္ဒ ၊ ခင့်ဝင့်ဝါ ၊အလှမယ်သဲစုငြိမ်း၊ရွှေမှုန််ရတီ၊ ရွှေထူး ၊ကျော်ထက်အောင် ၊ဟိန်းဝေယံ၊ စိုးပြည့်သဇင်၊ ခင်လှိုင် ၊အောင်ရဲလင်း၊အလင်းရောင်စတဲ့အနုပညာရှင်​တွေပါဝင်ပါတယ် ။

စစ်တပ်ဝါဒဖြန့် အစီအစဥ်ရိုက်ဖို့ဖုန်း​ခေါ်တာမှာလည်းမကိုင် ၊အဆက်အသွယ်လည်းမရလို့ ပြင်ဦးလွင်မြို့အထိလိုက်ဖမ်းခြိမ်း​ခြောက်ခံဝန်ထိုးခိုင်းခဲ့တဲ့ဖွေး​ဖွေးလည်းနိုဝင်ဘာ၇ရက်မှာရိုက်ခဲ့ရပါပြီ။

“ ရုပ်ရှင်လောက က က လူတွေကုန်သလောက် ရှိပြီ” လို့ ရုပ်ရှင်​လောကသားတဦးက​ပြောပါတယ်။

■သရုပ်​ဆောင်​တွေပြီး​တော့ အဆို​တော်​တွေအလှည့်

သရုပ်​​ဆောင်​တွေပြီးရင် အလှည့်ကျလာတာက အဆို​တော်​တွေလို့စုံစမ်းသိရပါတယ် ။အဆိုတော်တွေနဲ့ သဘင်ကလူတွေကိုတော့ မြန်မာ့အသံက တာဝန်ယူ ရိုက်ကူးပေးနေတာပါ ။

“ အရင်နိုင်ငံရေးဆိုတာနဲ့အနုပညာရှင်မပတ်သက်ဘူးဆိုပြီး နိုင်ငံရေးနဲ့ အဝေးဆုံးမှာနေတယ်ဆိုတဲ့ အဆိုတော်ဝေလလည်း အခုနိုင်ငံရေးနဲ့ပတ်သက်နေရပြီလေ။အခုဝေလလည်း ရိုက်ကူးရေးလုပ်ပေးနေရပြီလို့သိရတယ်။နောက်ထပ် ရုပ်ရှင်တွေလည်း တင်အောင်စန်းကထပ်ရိုက်မယ်လို့သိထားရတယ်” လို့ ရုပ်ရှင်​လောကသား တဦးကဆိုပါတယ် ။

●​ရွေး​ကောက်ပွဲ ဝါဒဖြန့်မဟုတ်ပဲ ကြံ့ဖွံ့ဝါဒဖြန့်ဖြစ်​နေ

စစ်တပ်က စိတ်တိုင်းကြစီစဥ် ​နေတဲ့ ​ရွေး​ကောက်ပွဲမှာ ​​ရွေး​ကောက်ပွဲဝါဒဖြန့်တယ်ဆိုတာဟာလည်း တကယ်​တော့ စစ်တပ်ရဲ့ ထုံးစံအတိုင်း ညစ်ကွက်​တွေပါ​နေတယ်လို့ ရုပ်ရှင်​လောကသားအချို့က​ပြောပါတယ် ။

စစ်တပ်​ရွေး​ကောက်ပွဲဝါဒဖြန့်ရိုက်တယ်ဆိုတာ​တောင် တကယ်ကြ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ဖွံ့ပါတီအတွက် မဲဆွယ်ပြီးသားဖြစ်​အောင်စစ်တပ်က ညစ်ထားတယ်လို့သိရပါတယ် ။အနုပညာရှင်​တွေက စစ်တပ်​ရွေး​ကောက်ပွဲအတွက် ဝါဒဖြန့် ကန်းပိန်း​​တွေ ရွတ်ဆိုရတာတဲ့အခါ ​နောက်မှာ Backdrop ထောင်တာပါ ။ ​ရှေ့ကအနုပညာရှင်​တွေကစစ်တပ်ကရွတ်ခိုင်းတဲ့စာသား​တွေရွတ်ရပါတယ် ။

“ အဲဒီမှာ Backdrop က အ ဖြူ ရောင် အောက်ခံမှာ လိုဂိုတွေ စားသားတွေက အစိမ်းတွေချည်းပဲ။

ကြည့်လိုက်တာနဲ့ထင်းကနဲဆိုကြံ့ဖွတ်ဆိုတာတန်းမြင်၊တန်းသိအောင်လုပ်ထားတဲ့အတိုင်း တကယ့်အစိမ်းပဲ” လို့ ရိုက်ကွင်း​တွေအ​ခြေအ​နေကို​သိတဲ့ရုပ်ရှင်​လောကသားတဦးက​ပြောပါတယ် ။

●ဝါဒဖြန့်ဖို့ ၊ခြိမ်း​ခြောက်ဖို့ ကူညီ​နေတဲ့​ ကျော်မျိုးမင်း

စစ်တပ်ဝါဒဖြန့်ချီ​ရေးရိုက်ကူးမှုအစီအစဥ်​တွေကို ​နောက်ထပ်အားဖြည့်​နေသူ တဦးက​​တော့ သတင်း​ထောက်အမည်ခံ​ထား​ပေမယ့် စစ်တပ်အတွက်ဝါဒဖြန့်ချီ​ရေးလုပ်​နေတဲ့ ​ကျော်မျိုးမင်းပဲဖြစ်ပါတယ်။

ပြည်မြန်မာ နဲ့ သုတ စွယ်စုံထုတ်​ဝေသလို ​ကြံ့ဖွံ့ပါတီကိုယ်စားပြု ​ရွေး​ကောက်ပွဲပြိုင် ရှုံးခဲ့တဲ့ဒေါက်တာ တင်ထွန်းဦး ရဲ့ တပည့်လည်းဖြစ်ပါတယ်။

စစ်အုပ်စုအနွယ်​တွေနဲ့​ပေါင်းပြီး အကုန်သိအွန်လိုင်းသတင်းဌာနလုပ်ခဲ့သလို စစ်တပ်အာဏာသိမ်းပြီး​နောက်မှာ​တော့ NP News (Neo Politics ) နဲ့ Statesmanအမည်ရ စစ်တပ်ဝါဒဖြန့် အွန်လိုင်းမီဒီယာ နဲ့ ဂျာနယ်ထုတ်​​ဝေ​နေသူဖြစ်ပါတယ် ။

“ မီဒီယာအမည်ခံကျော်မျိူးမင်းကလည်း အဲဒီကနေတစ်ဆင့်ရယ်၊ပြီးတော့ပြန်ကြားရေးကရော အတွင်းသတင်းတွေသေချာပေးပြီးသူ့ကိုခြိမ်းခြောက်တာတွေ ဖမ်းဖို့လှုပ်ဆော်တာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပြန်ကြားရေးကိုယ်စားရယ်၊ စစ်တပ်ကိုယ်စားရယ်ကြားထဲကနေလုပ်ပေးနေတာ။ ဘယ်လိုအခြေအနေမျိူးလဲဆိုတော့ ခွေရူးတွေလိုပဲ။ ရှူးတိုက်ပေးသမျှကို ပျော်ပျော်ကြီး ဟောင်ပေးနေတာ” လို့ရုပ်ရှင်​လောကသားတဦးက​ပြောပါတယ် ။

​ကျော်မျိုးမင်းက ​ဖွေး​ဖွေးနဲ့ အလင်း​ရောင်တို့ ​ရွေး​ကောက်ပွဲဝါဒဖြန့်ဖို့ ဆက်သွယ်မရ​သေးဘူး ဆက်သွယ်မရရင် အဖမ်းခံရမယ်ဆိုတာကို ပထမ​ဆုံး​ပြောခဲ့သူဖြစ်ပါတယ်။

ဒါအပြင်စစ်တပ်​ ရွေးကောက်ပွဲဝါဒဖြန့် “ ​ခေတ်သမိုင်းကို ဒုန်းစိုင်းမည်သူများ” ဇာတ်လမ်းတိုမှာပါဝင်တဲ့ အနုပညာရှင်​တွေကို ပြည်သူ​တွေက သပိတ်​မှောက်တာ ၊လူမှု​ရေးအရဒဏ်ခတ်တာ​တွေလုပ်တဲ့အခါစစ်တပ်အတွက်သရုပ်​ဆောင်​ပေးသူ​တွေကို အခုလိုလုပ်ခံရတာမမျှတလို့ ၊ကျန်အနုပညာရှင်​တွေအားလုံးကိုပါ စစ်တပ်ဝါဒဖြန့် အစီအစဥ်​တွေမှာ မဖြစ်မ​နေသရုပ်​ဆောင်ခိုင်းသင့်တယ်လို့ NP-News က​နေ ​ကျော်မျိုးမင်းက ပထမဆုံး​ပြောခဲ့တာဖြစ်ပါတယ် ။

●လူထုသပိတ်နဲ့ လူမှု​ရေးပြစ်ဒဏ်ကို ​​ကြောက်သူ​တွေ

စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေးဇာတ်ကားမှာပါဝင်သူတွေကို ပြည်သူ​တွေက လူမှု​ရေးပြစ်ဒဏ်ခတ်တာ ၊ သပိတ်​မှောက်တာ အပြင်းအထန်ပြုလုပ်​တာ​အောင်မြင်ခဲ့ပါတယ်။ဒါကြောင့် စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနက ​အောက်တိုဘာ၃၀ရက်​နေ့မှာအနုပညာရှင်အားလုံးကို​ မလာမ​နေရအ​ရေး​ပေါ်အစည်းအ​ဝေး​ခေါ်​ခဲ့ပါတယ် ။

အဲဒီလိုအစည်းအ​ဝေး​ခေါ်ပြီးရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်တွင်းမှာရှိတဲ့အနုပညာရှင်အားလုံး ဝါဒဖြန့်ရိုက်ကူးပေးရမှာဖြစ်ပြီး ငြင်းဆန်သူ​တွေကို အရေးယူမယ်လို့ စစ်အုပ်စုကခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ လူထုနွေဦးရဲ့အနုပညာသတင်းရင်းမြစ်​တွေက ပြောပါတယ်။

အောက်တိုဘာ ၃၀ရက်မွန်းလွဲ ၁နာရီမှာ စစ်ကောင်စီရဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အေးကြွယ်ဟာ ရန်ကုန်မြို့က ရုပ်ရှင်လုပ်ငန်းရုံမှာ အနုပညာရှင်တွေကို ခေါ်ယူပြီး အထက်ပါအတိုင်း ဖိအားပေးခြိမ်းခြောက်ခဲ့တာပါ။

ဒါ့အပြင်ပြည်တွင်းက အနုပညာရှင်တွေအနေနဲ့ နိုဝင်ဘာလက စပြီး နိုင်ငံခြားသွားချင်ရင်စစ်အုပ်စုဆီကြိုတင်အကြောင်းကြားရမှာဖြစ်ပြီး ခွင့်မပြုရင်မသွားရ​တော့ဘူးလို့ကန့်သတ်လိုက်ပါတယ်။

ဒါ​ကြောင့်ပြည်တွင်းကအနူပညာရှင်​တွေအားလုံးကိုစစ်တပ်က ​ဂျောင်ပိတ်ပြီးစိတ်နိုင်ကျအနိုင်ကျင့်​နေတဲ့အ​ခြေအ​နေဖြစ်ပါတယ် ။ဒါ​ပေမယ့် အနုပညာရှင်​တွေအချို့က​တော့ ကိုယ်ကျိုးစီးပွားအတွက်​ပျော်​ပျော်ကြီး စစ်တပ်ဝါဒဖြန့်ချီ​ရေးမှာပါဝင် လုပ်​ကိုင်ပေး​နေကြတာပါ ။

စစ်တပ်ရဲ့မတရားဖိနှိပ်မှု​တွေကိုသိပြီးပြည်သူ​တွေကိုစာနာတဲ့ အနုပညာရှင်အချို့ဟာလည်းအခုအ​ခြေအ​နေမှာ စစ်တပ်လုပ်သမျှ ငြင်းဆန်ဖို့မစွမ်းသာပဲလုပ်​ပေး​နေကြရပြီဖြစ်ပါတယ် ။

“ သူတို့ အခုခေတ်သမိုင်းကို ဒုန်ဆိုင်းမည့်သူများဆိုတဲ့ ရွေးကောက်ပွဲကမ်ပိန်းဇာတ်ကားမှာ လူထုတုန့်ပြန်မှုနဲ့ Boycott မှာ လူထုဘက်က အောင်မြင်ခဲ့တဲ့အတွက် လူထုနဲ့ပါရန်တိုက်ပေးတယ်လို့ မြင်တယ်” လို့ရုပ်ရှင်​လောကသားတဦးက သုံးသပ်ပါတယ်။

စစ်တပ်ဝါဒဖြန့်မှုမှာစိတ်ပါလက်ပါ တက်တက်ကြွကြွပါဝင်​နေတဲ့ အနု ပညာရှင် ​တွေကို ပြည်သူ​တွေက အ​ကောင်းဆုံးနည်းနဲ့ ဒဏ်ခတ်ချင်တယ် ဆိုရင် ​တော့လျစ်လျှူရှု ကြပါလို့ ​နာမည်ကြီး​တော်လှန်အနုပညာရှင် ​ဒေါင်းကပြောပါတယ် ။

အနုပညာရှင်​အချို့ဟာ​အောင်မြင်လာရင် ပြည်သူကိုတစ်ဆင့်နိမ့်မြင်လာပြီး အထင်​သေးလာသလို သူတို့ကိုယ်တိုင်ကြ အ​ရေးကြီးပုဂ္ဂိုလ်​တွေလို ပြုမူဆက်ဆံမြင်လာကြပါတယ်။တကယ်တန်းကြပြည်သူ​တွေအင်အားကြီးမားပြီး ပြည်သူလျစ်လျူရှုမှာကို စစ်တပ်​အတွက်ဝါဒဖြန့်​ပေး​နေတဲ့ အနူပညာရှင်​တွေ အ​ကြောက်ဆုံးအရာဖြစ်တယ်လို့ ​ဒေါင်းက​ပြောပါတယ် ။ ။

ဆက်စပ်သတင်းများ