Connect with us

Hi, what are you looking for?

ဆောင်းပါး

မန္တ​လေးကိုဖျက်ဆီး​နေတဲ့စစ်တပ်အ​စေခံပျူ​​တွေ

စီးပွါးရေးသမားချင်း လူမှုရေးပြသနာဖြစ်ရာကနေ TikTok ဆယ်လီ ဇော်ဝင်းမောင်က ​မေလလယ်ပိုင်းမှာ မန္တလေးမြို့ခံ ပျူစောထီးတွေကိုခေါ်ပြီး မိုက်ကြေးခွဲ စိန်ခေါ်ပြခဲ့တဲ့ ရုပ်သံဖိုင်​​ကြောင့် မန္တ​လေးမြို့မှာ စစ်တပ်လက်​အောက်ခံပျူ​စောထီး​တွေ ဘယ်​​​လောက်​သောင်းကျန်း​နေတယ်ဆိုတာ လူအများအာရုံစိုက်စရာဖြစ်လာပါတယ်။

​ကတ်သရင်း​နှင်း/People’s Spring

စီးပွါးရေးသမားချင်း လူမှုရေးပြသနာဖြစ်ရာကနေ TikTok ဆယ်လီ ဇော်ဝင်းမောင်က ​မေလလယ်ပိုင်းမှာ မန္တလေးမြို့ခံ ပျူစောထီးတွေကိုခေါ်ပြီး မိုက်ကြေးခွဲ စိန်ခေါ်ပြခဲ့တဲ့ ရုပ်သံဖိုင်​​ကြောင့် မန္တ​လေးမြို့မှာ စစ်တပ်လက်​အောက်ခံပျူ​စောထီး​တွေ ဘယ်​​​လောက်​သောင်းကျန်း​နေတယ်ဆိုတာ လူအများအာရုံစိုက်စရာဖြစ်လာပါတယ်။

တစ်​တော့ဆယ်လီ​ဇော်ဝင်း​မောင် အားကိုးတကြီး ပွဲထုတ်သူတွေဟာ စစ်တပ်လက်​အောက်ခံ ပျူစောထီး​တွေဖြစ်တဲ့ ပြည်ကြီးတံခွန်မြို့နယ်က ရပ်ကွက်ခေါင်းဆောင်လည်းဖြစ်ပျူတွေလည်းဖြစ်တဲ့ ချိုကြီး၊ကျော်သက်ရှည် (​ခေါ်) နှုတ်ခမ်း​မွေး၊ သင်ပန်းကုန်း ဘိုဘို တို့ဖြစ်ပါတယ်။

Tiktok ဆယ်လီ ဇော်ဝင်းမောင်ဟာ အာဏာသိမ်းကာလအစောပိုင်းက စစ်ခေါင်းဆောင်ကို လှောင်ပြောင်တဲ့ တစ်တော့ဗွီဒီယိုရိုက်လို့ဆိုပြီး ၂၀၂၃ ဇူလိုင်က ဖမ်းဆီးခံခဲ့ရဖူးပါတယ်။ နောက်ပိုင်းမှာတော့ စစ်တပ် အလိုကျနေထိုင်ပြီး စစ်တပ်နဲ့ ပူးပေါင်းနေလို့ ဝေဖန်ခံနေရသူ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီဖြစ်ရပ်ဟာ မန္တ​လေးမြို့မှာ စစ်တပ်လက်​အောက်ခံ ပျူ​စောထီး​တွေရဲ့ ခြိမ်း​ခြောက်မှုဘယ်​လောက်ဆိုးဝါးတယ်ဆိုတာ၊ စစ်တပ်လက်​အောက်မှာ တရားဥပ​ဒေစိုးမိုးမှု မရှိ​တော့ဘဲ ဖြစ်ချင်သလိုဖြစ်​နေတာ​တွေကို မီး​မောင်းထိုးပြခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အရင်က ရပ်ကွက်​တွေမှာ သောက်စားရမ်းကားအုပ်စုဖွဲ့ လုယက်မှုတွေကျူးလွန်ခဲ့ကြတဲ့ လူတွေ၊ တနည်းအားဖြင့် မ​ကောင်းမှုအကုန်လုပ်တဲ့ ဇိုး​တွေကို စစ်တပ်က ပျူစောထီး​တွေ ပြည်သူ့စစ်​တွေဆိုပြီး လက်နက်​တပ်ဆင်ပေးခဲ့ရာက​နေ ပြသာနာ​တွေစခဲ့ပါတယ်။

အဲဒီနောက် မန္တလေးမြို့မှာ ပျူစောထီး အဖွဲ့ပေါင်းစုံ ပေါ်ပေါက်လာခဲ့ပါတယ်။

စစ်တပ်အမာခံ​ထောက်ခံသလို စစ်တပ်အတွက်အလုပ်လုပ်​နေတဲ့ သက်န်းဝတ်ပေါက်ကိုယ်တော်ကလည်း “ဇရှိတဲ့ဇိုး တော်တော်များများကို စည်းရုံးနိုင်ခဲ့တယ်။မန္တလေးတကြော ဇိုးတော်တော်များများကို ကဲ မင်းတို့မဟုတ်တောင်မှ ဓားတရမ်းရမ်းနဲ့ မဟုတ်တောင်မင်းတို့ ရန်ဖြစ် နေသေးတယ်။အဲဒီတော့ တိုင်းပြည်အတွက် အကျိုးရှိရှိ သေနတ်ကိုင်”လို့ လူမိုက်​တွေကို စစ်တပ်လက်​အောက်ခံပျူ​တွေဖြစ်​အောင်လုပ်ပေးခဲ့တာကိုဂုဏ်ယူစွာ​​​မေလတတိယပါတ်မှာပြောပါတယ်။

အရင်ကတည်းက ဓားတရမ်းရမ်းနဲ့ ရမ်းကား နေတဲ့ လူရမ်းကားတွေဟာ သေနတ်ရပြီးတဲ့ နောက် မြို့ပေါ်မှာ မျောက်လက်ထဲမီး တုတ်ထည့်ပေးသလိုဖြစ်ခဲ့ပါတယ်။စစ်အာဏာသိမ်းပြီး ၂၀၂၃ခုနှစ်အတွင်းပျူစောထီးယူနီဖောင်း၊နဲ့ဦးထုပ်ဆောင်းကာ လုယက်မှုတွေ အကြိမ်ကြိမ်ဖြစ်လာပါတယ်။

ပျူ​တွေမှာတူညီတဲ့အချက်​တွေက​တော့ အာဏာသိမ်းစစ်တပ်ခိုင်းတာကိုလုပ်တာ ၊ပြည်သူကိုဖိနှိပ်တာ ၊ဆပ်​ကြေး​ကောက်တာ ၊စစ်တပ်အတွက်စစ်သားသစ်စု​ပေးတာ ၊​ပေါ်တာဆွဲတာ စတာ​တွေပဲဖြစ်ပါတယ် ။ဒါ့အပြင် အများစုက ပ​လေကပ် ပုဆိုး​တွေဝတ်တာ ၊​ဆေးမင်​ကြောင်ထိုးတာ၊Tiktok မှာကရတာ ၊ပရဟိတသမားလိုလို ဘုရားဒါကာလိုလို လုပ်ရတာကိုကြိုက်နှစ်သက်ကြတာကို​တွေ့ရပါတယ် ။

သေနတ်ပြဆိုင်ကယ်လုယက်မှု အပါအဝင် ၂၀၂၅ ခုနှစ်အတွင်း အရက်ဘားတခုမှာ လူငယ်ချင်းပြသနာဖြစ်ကြရာကနေ သေနတ်ထုတ်ပြပြီး ဆိုင်ကယ်မရပ်ရင် ပစ်မယ်လို့ဆိုကာ ကားနဲ့လိုက်တိုက်လို့ လူငယ်အမျိုးသားတဦးသေကာ ၂ ဦးအပြင်းအထန်ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်တွေရှိခဲ့ပါတယ်။ဒီဖြစ်ရပ် တွေမှာ ဒီနေ့အထိ စစ်ကောင်စီ တရားခံဖမ်းဆီးနိုင်ခြင်းမရှိ သေးတဲ့ အမှု တွေဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့​ပေါင်းပြီး ပြည်သူ​တွေကိုဖိနှိပ်ရမ်းကား​နေတဲ့ မန္တ​လေးမြို့ကပျူစောထီးတချို့အကြောင်း လေ့လာကြည့်ကြရအောင်ပါ။

●ရဲမွန်တောင်ပြည်သူ့စစ်

တော်လှန်ရေးတပ် တွေက တိုက်ခိုက်မှု များလာပြီးတဲ့ နောက် မဘသ ဘုန်းကြီး ဦးဝီရသူဟာ စစ်တပ်ကို ဝေဖန်လာခဲ့ပါတယ်။မန္တလေး-မင်းကွန်းလမ်းကို လုံခြုံရေးမပေးနိုင်တာကြောင့် ဦးဝီရသူရဲ့ မင်းကွန်းမှာရှိတဲ့ မဘသ (ဘက)ကျောင်းသားတွေ ရေကြောင်းက နေ စာမေးပွဲလာဖြေရတာကြောင့် မရမ်းခြံဆိပ်ကမ်းမှာ Video ရိုက်ကာ စစ်တပ်က ဝေဖန်ခဲ့တာပါ။ဒီရုပ်သံဖိုင်ဟာ တော်လှန်ရေးကာလအတွင်း ဦးဝီရသူရဲ့ နောက်ဆုံးအကြိမ် စစ်တပ်ကို ဝေဖန်တဲ့ရုပ်သံဖိုင်ဖြစ်ပါတယ်။

အဲဒီနောက် ဦးဝီရသူရဲ့တပည့်အရင်းဖြစ်သလို ၊စစ်တပ်က​မွေးထားတဲ့ပါတီတစ်ခုဖြစ်တဲ့တိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီ(တစည)အမတ် နေမျိုးကျော်ဟာ ၂၀၂၃ခုနှစ်မှာ ရဲမွန်တောင်ပြည်သူ့စစ်ကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။

​ရွေး​ကောက်ခံအရပ်သားအစိုးရ လက်ထက်မှာ ​ခေါင်းစဥ်အမျိုးမျိုးနဲ့ ဆန္ဒပြတဲ့ အမျိုးသား​ရေးအစွန်း​ရော မဘသ ​တွေ ၊ စစ်တပ်အာဏာသိမ်းပြီး​တော့ PDF နဲ့​တော်လှန်​ရေးတပ်တွေကို ဆန္ဒပြတဲ့ သူတွေနဲ့စတင်ဖွဲ့စည်းခဲ့ပါတယ်။ ပြည်သူ​တွေက​တော့သူတို့က မဘသ​တွေ ၊ငါး​ထောင်စား​တွေလို့​ခေါ်ခဲ့ကြတာပါ။

နေမျိုးကျော်ဟာ ပေါက်ကိုယ်တော်ထက် ဦးဝီရသူနဲ့ပိုရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။ အရင်ကတည်းက အမျိုးသားရေးလှုပ်ရှားမှုလို့နာမည်တပ်ပြီး လက်ပတ်နီလူရမ်းကားအဖွဲ့အစည်း​တွေကို ကိုင်တွယ်ခဲ့သူ​တွေထဲကတစ်ဦးပါ။

ရဲမွန်တောင်ပြည်သူ့စစ်လို့နာမည်တပ်ပြီးကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)-ကက(ကြည်း)မှာနာမည်ပေါက်ဖြစ်ဖို့ တိုက်ပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။တပ်ဖွဲ့အင်အား၆၀၊အရံအင်အား၃၀နဲ့ စတင်ဖွဲ့စည်းခဲ့တယ်လို့ မီဒီယာတခုနဲ့အင်တာဗျူးမှာတော့ ရဲမွန်တောင်ပြည်သူ့စစ်အဖွဲ့ခေါင်း ဆောင် နေမျိုးကျော်က ပြောထားပါတယ်။

၁၀၂၇စစ်ဆင်ရေး ပထမလှိုင်းမှာ မတ္တရာမြို့နယ်၊အရှေ့ခြမ်းက ကျောက်တံတားရွာ အနီးမှာ ဒီအဖွဲ့ကနာမည်အကြီးဆုံးခေါင်းဆောင် ဗိုလ်ဟိန်း သေဆုံးခဲ့ပါတယ်။အဲဒီနောက် ဒေသခံမဘသတွေကိုရဲမွန်တောင်ပြည်သူ့စစ်က ထပ်မံခေါ်ယူခဲ့ပြီး ရှေ့တန်းပို့ခဲ့ပါတယ်။

၁၀၂၇စစ်ဆင်ရေးတလျှောက် ရဲမွန်တောင်ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၃၀ ​ကျော်သေဆုံးခဲ့တယ်လ်ို့ နေမျိုးကျော်ကပြောထားပါတယ်။

လက်ရှိ အင်အား ၃၀၀ နဲ့ ၅၀၀ကြားရှိတယ်လို့ ဆိုပါတယ်။ဒီအဖွဲ့ဟာ တော်လှန်ရေးတပ်တွေ နယ်မြေ စိုးမိုးနိုင်ချိန်မှာ မြို့အဝင်အထွက်စစ်ရေး ဂိတ် တွေမှာ စစ်ဆေးရေးတာဝန်ယူခဲ့ပါတယ်။

ငွေညှစ်ရာမှာ နာမည်အကြီးဆုံး မန္တလေး-ပြင်ဦးလွင်လမ်းမှာ ရဲမွန်တောင်ပြည်သူ့စစ်ဂိတ်ထိုင်ခဲ့ပြီး လမ်းတလျှောက် နာမည်ဆိုးနဲ့ အကျော်ကြားဆုံး ဂိတ်ဖြစ်ပါတယ်။

ရဲမွန်တောင်ပြည်သူ့စစ်ပျူတွေဟာ အိမ်စီးကားနဲ့ ပေါ်တာဆွဲတာ၊လူငယ်ချင်းစကားများရာမှာ အုပ်စုဖွဲ့ သတ်ဖြတ်တာတွေမှာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

●ပြည်ကြီးတံခွန် ပြည်သူ့စစ်

ပေါက်ကိုယ်တော် တပည့်အရင်းစံရှားဦးဆောင်ပြီး ခိုး၊ဆိုး၊လုယက်လူပေါင်းများစွာ ပျူအဖွဲ့များစွာရှိတဲ့ မြို့နယ်ဖြစ်ပါတယ်။

ပြည်သူ နေအိမ်တွေကို ရပ်ကွက်အလိုက် ဖျက်ဆီးကာ မြေအကွက်ရိုက်ရောင်းချတာ၊စလစ်မြေတွေကို စည်ပင်နဲ့ ပေါင်းဂရံထုတ်တာ ပြန်လည်ရောင်းချမှု ကို အများအပြားလုပ်ပါတယ်။ပြည့်တန်ဆာ လုပ်ငန်းကို ခြံဝန်းတွေနဲ့ အများပြားလုပ်သလိုလိင်အမြတ်ထုတ်မှု၊လောင်းကစားမှုတွေမှာ နာမည်အကြီးဆုံးပါ။

ရပ်ကွက်အလိုက်စစ်မှုထမ်းကြေးလစဉ်တောင်းသလို သားယောကျာ်းလေး မွေးထားတဲ့ လုပ်ငန်းရှင် တွေဆီရာနဲ့ချီငွေတောင်းကာ တမြို့လုံးအနှံ့ ပေါ်တာဆွဲတဲ့အဖွဲ့အစည်းဖြစ်တယ်လို့မြို့ခံ တွေက ပြောပါတယ်။

စံရှားဟာ အငြိမ်းစားဗိုလ်မှူးကြီး တဦးရဲ့မြေကိုလုယက်ကြရာကနေ လက်ရှိဖမ်းဆီးခံထားရသူပါ။

စံရှားဖမ်းခံရပြီးတဲ့နောက် သူ့တပည့် တံခွန်တိုင်ပြည်သူ့စစ်ခေါင်းဆောင် အောင်သက်ထွေး(ခ)နှုတ်ခမ်းမွှေးအဖွဲ့လည်း စစ်တပ်အရာရှိသားကိုပေါ်တာဆွဲမှုနဲ့ နောက်ထပ်မြေယာအမှု အတွက် စစ်တပ်ကလက်နက်ဖြုတ်သိမ်းတဲ့ သတင်းတွေထွက်ခဲ့ပါသေးတယ်။

စံရှားဖမ်းဆီးခံရပြီးတဲ့နောက် ပျူအဖွဲ့ကို သားဖြစ်သူ ကျော်သက်ရှားက ပြန်လည်ဦး ဆောင်ခဲ့ပြီး လက်ရှိ ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ ပြည့်တန်ဆာလုပ်ငန်း၊မူးယစ်ဆေးနဲ့ လောင်းကစားဝိုင်းတွေလုပ်ကိုင် နေတာပါ။

ပြည်ကြီးတံခွန်ပြည်သူ့စစ်နဲ့ ရဲမွန်တောင်ပြည်သူ့စစ်တို့က ဆရာတူတပည့် တွေဖြစ်ပြီး သူတို့လက်အောက်မှာ ရပ်ကွက် တွေအလိုက် ချိုကြီး၊သင်ပန်းကုန်းဘိုဘို၊အောင်နိုင်ထွေး(ခ)နှုတ်ခမ်းမွှေး၊ဂူဂူးဆိုပြီး ရပ်ကွက် ခေါင်းဆောင် တွေပြန်ထားထားတယ်လို့သိရပါတယ်။

ဒီလူတွေရဲ့ အောက်မှာ အသက်မပြည့်သေးတဲ့ ကလေးတွေအပါအဝင် အရင်က ပလုံကောက်တဲ့ကလေးတွေကိုပါအဖွဲ့ထဲဝင်ခိုင်းထားပြီး ပျူအုပ်စုတွေ ဖွဲ့ထားတာလို့ စုံစမ်းသိရပါတယ်။

ဒီပျူအုပ်စုတွေဟာ မန္တလေးမြို့မှာ ပေါ်တာဆွဲတာ၊လမ်းသွားလာနေတဲ့ လူငယ်တွေကို စိန်ခေါ်ပြီး ပျူအုပ်စုကို ပြန်ခေါ်ကာ အုပ်စုနဲ့ရိုက်နှက်တာ တွေလုပ်လေ့ရှိတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

ဒီလို ပျူတွေအုပ်စုဖွဲ့ရမ်ကားတာနဲ့လပတ်သက်ပြီး

“အားလုံးကထိခိုက်တာပါဘဲဆပ်ကြေးကောက် တာမထင်ရင်မထင်သလို မိုက်ကြေးခွဲပေါ်တာဆွဲ”တယ်လို့ဒေသခံတဦးကပြောပါတယ်။

●ဗိုလ်စနေ

မန္တလေးမြို့မှာပျူစောထီးတွေမ​ပေါ်ခင်ကတည်းကစစ်တပ်နဲ့ရဲပါမထိရဲတဲ့ မူးယစ်ရာဇာတဦးရှိပါတယ်။သူ့သားကတော့ မန္တလေးမှာ မသိတဲ့သူမရှိတဲ့ မြောက်ပြင်လူဆိုးခေါင်းဆောင် ဗိုလ်စနေပါ။

ဗိုလ်စနေရဲ့ဖခင်ဟာမြို့ခံတွေကြားထဲ မသိတဲ့သူရှားပြီး အရင်က မူးယစ်ဆေးဝါးကို အထက်မြန်မာပြည်တခုလုံးဖြန့်ဖြူးခဲ့လို့ မန္တလေးရဲ့ စံပါယ်ပွင့်ကြီးလို့ပါအမည်​ပြောင်​ပေးထားကြပါတယ်။

မန္တလေးမြို့၊အောင်မြေ သာစံမြို့နယ်၊၁၉လမ်း၊၈၆ လမ်းနဲ့၈၇လမ်းကြားမှာ နံကပ်တိုက်နဲ့ သစ်စက် စီးပွားရေးလုပ်ငန်း အပြထားပြီး ကမ်းနားလမ်းတလျှောက်က မူးယစ်ဆေးဘိတွေ ရဲ့ ခေါင်းကိုင်ပါ။

အရပ်သားအစိုးရလက်ထက်ဖမ်းဆီးဖို့လုပ်တာ​ကြောင့် ပျောက်သွားခဲ့တဲ့ ဗိုလ်စနေဟာ အာဏာသိမ်းစစ်တပ်လက်​အောက်မှာ လောင်းကစားဝိုင်း၊တကျော့ပြန်လာတဲ့ မူးယစ် မျိုးစုံနဲ့ ပြန်ပေါ်လာပါတယ်။

“၂၀၀၉လောက်ကတည်း ဗိုလ်စနေက အခုထိ မြောက်ပြင် တကျော်စိုးမိုးထားတုန်းပဲ။အခုထိလည်း မြောက်ပြင်မှာဗိုလ်စနေလူမိုက်အဖွဲ့နဲ့ ပုသိမ်ကြီး မြို့မပြည်သူ့စစ်အဖွဲ့က သောင်းကျန်းနေတုန်းပဲ”လို့ အောင်မြေသာစံမြို့နယ်က ပြည်သူတဦးက ပြောပါတယ်။

ဗိုလ်စနေကိုတော့ ပေါက်ကိုယ်တော်က မိတ်ဖက်ဖွဲ့စည်းခဲ့ပြီး ဗိုလ်စနေအဖွဲ့က အရက်ဘားတွေကိုလုံခြုံရေးယူတာ၊မူးယစ်ဆေးပို့ပေးတာ၊ရောင်းချတာနဲ့ ဒီနောက်ပိုင်း ပေါ်တာဆွဲတညတွေကို လုပ်​နေတယ်လို့ စုံစမ်းသိရပါတယ်။

ဒီအဖွဲ့ဟာ အောင်မြေသာစံပြည်သူ့စစ်ယူနီဖောင်း(အစိမ်းရောင်တွေ)ဝတ်လေ့လည်းရှိတယ်လို့သိရပါတယ်။

ဒီအဖွဲ့ဟာ ၆ကောင်ဂျင်(ပုံဝိုင်း)တွေ အများဆုံးရှိတဲ့ အောင် မြေသာစံမြို့နယ်၊ညောင်ကွဲရပ်ကွက်မှာ ရုံးအထိုင်ပုံစံမျိုး နေအိမ်တခုရှိပြီး အဲဒီနေရာကို စုရပ် သဘောမျိုးနေထိုင်တယ်လို့ သိရပါတယ်။

ဒီလိုလူတွေစုပေါင်းပြီးဥပဒေမဲ့လူမိုက်ဂိုဏ်းအဖြစ်ဖွဲ့စည်းပြီးဒုစရိုက်လုပ်ငန်း တွေလုပ် နေမယ့် စစ်တပ်ကအရေးယူခြင်းမရှိပါဘူး။

စစ်တပ်အရာရှိအကြီးပိုင်းနဲ့ ညိတဲ့ မြေယာကိစ္စလောက်ကိုသာ လက်ဝါးချင်းရိုက်အရေးယူခဲ့ပြီးဒီလူတွေဟာအကျဉ်းထောင်ထဲမှာလည်း အခွင့်ထူးခံဖြစ်နေပြန်ပါတယ်။ ​​ထောင်ကျတဲ့ပျူ​တွေကလည်း​ထောင်ထဲမှာ ​ထောင်အာဏာပိုင်​တွေနဲ့​ပေါင်းပြီး ​နေရာ​ရောင်းစားတာ ၊နိုင်ငံ​ရေးအကျဥ်းသား​တွေကို နှိပ်စက်တာ လုပ်​နေတယ်လို့ အကျဥ်း​ထောင်နဲ့ နီးစပ်သူအချို့က​ပြောပါတယ်။

ဒီပျူအုပ်စုတွေဟာ အိမ်စီးကားနဲ့ ပေါ်တာဆွဲတာတွေကို လစဉ်ပြုလုပ် နေပြီး ယခုလည်း မန္တလေးမြို့က လမ်းတွေပေါ်မှာ လိုင်စင်မဲ့ကားနဲ့ ဆက်တိုက်ပေါ်တာဆွဲတာတွေထပ်မံပြုလုပ်နေပါတယ်။

စစ်တပ်ရဲ့အ​စေခံ ပျူ​စောထီး​တွေ နဲ့ပတ်သက်လို့စစ်ကိုင်းတိုင်းအခြေစိုက် နိုင်ငံရေးလှုပ်ရှားနေသူတစ်ဦးက “တိုင်းပြည်က တဖြေးဖြေးနဲ့ကြောက်စရာကောင်းလာပြီ။ မြို့ပြမှာ အာဏာရှင်လက်

သပ်မွေးထားတဲ့လူဆိုးလူမိုက်သူခိုးဂျပိုးကောင်တွေက ပရဟိတသမားတွေသယောင် သူတော်ကောင်းတွေဖြစ်လို့ လူမိုက်ကွန်ယက်တွေချိတ်ဆက်ပြီး ခြိမ်းခြောက်မိုက်ကြေးခွဲပြနေကြတဲ့ ခေတ်ကိုရောက်နေပြီ။ ကျနော်တို့က စစ်အာဏာရှင်ကိုတော်လှန်ရတာတမျိုး သူတို့ရဲ့လက်ပါးစေ လူဆိုးလူမိုက်သူခိုးဂျပိုးတွေပါ မနှိမ်နင်းနိုင်ရင်တော့ ပြည်သူတွေဘဝက မတွေးရဲစရာပါပဲ”လို့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။