Connect with us

Hi, what are you looking for?

LuduNwayOo

အတွေးအမြင်ဆောင်းပါး

“တဝမ်းပူမျဉ်းစောင်း ကြည်းနှစ်သောင်းဖြင့် စစ်တပ်လဲပြို တပ်ချုပ်လဲငိုအံ့”

မနိုင်ဝန်ကို ထမ်းလာရပြီး မူလတာဝန်အပြင် လိုရင်လိုသလို၊ ကြုံရင်ကြုံသလို တာဝန်များစွာ ထမ်းဆောင်လာရတာကြောင့် လက်ဆင့်ကမ်းအမွေဆက်ဟာ ပေးသူမရှိ ယူသူမရှိဖြင့် အဆက်ပြတ်ခဲ့ကြပြီး စစ်တပ်ဟာ အာဏာရှင်စစ်ဗိုလ်ချုပ်တွေ လက်အောက် ပြားပြားဝပ်ခဲ့ရပါတယ်။

(၂၀၂၁ ဒီဇင်ဘာ ၃၀ ရက်က ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်အနီးတွင် KNU က ဖမ်းဆီးထိန်းသိမ်းခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကိုတွေ့ရစဉ်။ ဓာတ်ပုံ - KIC)
(၂၀၂၁ ဒီဇင်ဘာ ၃၀ ရက်က ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်အနီးတွင် KNU က ဖမ်းဆီးထိန်းသိမ်းခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကိုတွေ့ရစဉ်။ ဓာတ်ပုံ - KIC)

အောင်မျိုးထက် (CDM ဗိုလ်ကြီး)

စစ်တပ်မှာ ကိုယ်ပိုင်အမှတ် ကပမျဉ်းစောင်း (ကပ/၁၂၃၄၅) စစ်သည်တွေ ဂဏန်းနံပါတ် ၆ လုံးအထက်ရှိလာတော့ စစ်သည်တွေရဲ့ ကိုယ်ပိုင်အမှတ်ကို တမျဉ်းစောင်း (တ/၁၂၃၄၅) အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။ စစ်တပ်ရဲ့ အင်အားစာရင်းအား ကိုယ်ပိုင်အမှတ်ကို နှစ်အကန့်အသတ်အလိုက် တွက်ခြင်းဖြင့်လည်း တွက်ချက်လို့ ရနိုင်ပါတယ်။ စစ်တပ်ထဲ ဝင်တဲ့သူတိုင်း အခြားအဆင့်ကိုယ်ပိုင်နံပါတ် ကိုယ်စီ ရှိကြပါတယ်။ ဆိုရရင် စစ်သည်ကိုယ်ပိုင်အမှတ်တွေကို အရာရှိတွေကအစ တပ်ထဲစဝင်ပြီဆိုတာနဲ့ ရရှိကြပါတယ်။

သို့ပေမယ့် အရာရှိတွေဆိုရင်တော့ တပ်ဝင်တပ်သားအမှတ် တ/…၊ ဗိုလ်လောင်းအမှတ်၊ နောက်ဆုံး ကြည်းတပ်ဆို (ကြည်း-၁၂၃၄၅)၊ ရေတပ်(ရေ-၁၂၃၄)၊ လေတပ်(လေ-၁၂၃၄)၊ သူနာပြု (N-၁၂၃၄) စသည်ဖြင့် ကိုယ်ပိုင်နံပါတ်တွေရဲ့ ရှေ့မှာ သတ်ဆိုင်ရာ ဌာနအလိုက်ခွဲသတ်မှတ်ပြီး ရရှိတာကြောင့် အရာရှိတစ်ယောက်မှာ တပ်သားသစ်အဖြစ် စတင်ဝင်ရောက်ချိန် ကိုယ်ပိုင်အမှတ်၊ ဗိုလ်လောင်းသင်တန်းအတွက် ဗိုလ်လောင်းအမှတ်၊ အရာရှိဖြစ်တော့ ပြန်တမ်းဝင်အမှတ်ဆိုပြီး ရှိကြပါတယ်။

ဆေးတပ်၊ အင်ဂျင်နီယာတပ်နဲ့ ကျန်တဲ့လက်ရုံးတပ်က အရာရှိတွေကတော့ ရှေ့ကနေ ကြည်းဆိုပြီး ကိုယ်ပိုင်နံပါတ်ကို သတ်မှတ်ပါတယ်။ အရာရှိကိုတော့ ကိုယ်ပိုင်နံပါတ်လို့ မသုံးပဲ ပြန်တမ်းဝင်အမှတ်လို့ သုံးကြပါတယ်။ နိုင်ငံတော်ပြန်တမ်းဖြင့် ခန့်အပ်ထားတဲ့အရာထမ်းတွေလို့ ဆိုနိုင်ပါတယ်။

စစ်သည်တွေမှာတော့ ကပ/ …၊ တ/….ဆိုပြီး ကိုယ်ပိုင်နံပါတ်တွေရဲ့ ရှေ့မှာ ဒီစာလုံးလေးတွေရှိတတ်ကြပါတယ်။ ၂၀၁၆ နောက်ပိုင်းမှာတော့ လူအင်အားလိုအပ်ချက်ကြောင့် ပညာရေး ရေး/ဖတ်တတ်ရုံလောက်ဖြင့် စစ်တပ်ထဲဝင်လို့ရပြီး ၅ နှစ်တာဝန်‌ထမ်းဆောင်ပြီးတာနဲ့ ထွက်ခွင့်ပြုမယ်ဆိုတဲ့ ကတိနဲ့ (တတ/၁၂၃၄၅၆) တဝမ်းပူနှစ်လုံးတွေ ကို စတင်သတ်မှတ်ပြီး စုဆောင်းလာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကိုယ်ပိုင်နံပါတ် ကပ/… နဲ့ စတဲ့ စစ်သည်တွေဟာ စစ်ရေးအတွေ့အကြုံရင့်ကျက်သလို နေဝင်းခေတ်၊ သန်းရွှေခေတ်တုန်းက စစ်သားရင့်မာကြီးတွေဖြစ်တာကြောင့် ခုဆိုရင်တော့ အငြိမ်းစားယူရတော့မယ် အရွယ်တွေ ရောက်လာပါပြီ။ သူတို့မှာ စစ်တပ်နဲ့ပတ်သက်ပြီး အဆင့်ဆင့်လက်ဆင့်ကမ်းအမွေတွေ၊ အသိပညာတွေ၊ စစ်ရေးအတွေ့အကြုံတွေ ရှိကြပါတယ်။

၂၀၂၃ ​ဖေ​ဖော်ဝါရီ ၁၀ ရက်က မြစ်​ခြေမြို့တိုက်ပွဲတွင် PDF များကဖမ်းဆီးနိုင်ခဲ့​သော စစ်သားနှင့်ပျူ​စောထီးစစ်သုံ့ပန်းများ ။ ဓါတ်ပုံ-CJ
၂၀၂၃ ​ဖေ​ဖော်ဝါရီ ၁၀ ရက်က မြစ်​ခြေမြို့တိုက်ပွဲတွင် PDF များကဖမ်းဆီးနိုင်ခဲ့​သော စစ်သားနှင့်ပျူ​စောထီးစစ်သုံ့ပန်းများ ။ ဓါတ်ပုံ-CJ

စစ်သည်မျိုးဆက် တဝမ်းပူမျဉ်းစောင်း (တ/၁၂၃၄၅) တွေကတော့ နောက်ပိုင်းမျိုးဆက်တွေဖြစ်ကြပြီး စစ်ရေးအတွေ့အကြုံအလွန်တရာမှ နည်းပါးလှတဲ့ မျိုးဆက်သစ်တွေပဲ ဖြစ်ပါတယ်။ တဝမ်းပူနှစ်လုံးတွေကတော့ (တတ/…) လုံးဝမှ ကို စစ်ရေးအတွေ့အကြုံမရှိဘဲ ပြင်ပလောကရဲ့ အလုပ်အကိုင်အခွင့်အလမ်းမရှိမှုနဲ့ စားဝတ်နေရေးအဆင်မပြေမှုတွေကနေ ဝင်ရောက်လာကြတဲ့သူတွေနဲ့ ပုံစံမျိုးစုံနဲ့ စုဆောင်းရရှိတဲ့ စစ်သည်တွေပဲဖြစ်ပါတယ်။

စီနီယာကြပြီး စစ်ရေးအတွေ့အကြုံ အတော်အသင့်ရှိကြတဲ့ ကပအမှတ်နဲ့ စစ်သည်တွေဟာ သူတို့တတ်မြောက်ထားတဲ့ စစ်ပညာ နဲ့ အတွေ့အကြုံတွေကို တမျဉ်းစောင်း စစ်သည်တွေအား ဝေမျှလက်ဆင့်ကမ်း‌ပေးခဲ့ကြပေမယ့် မျိုးဆက်ကွာဟမှုနဲ့ အသိပညာအားနည်းမှု၊ ဝေမျှ‌ပေးရမယ့် ကိုယ်ပိုင်အချိန်မလုံလောက်မှု‌တွေကြောင့် ထိုက်သင့်သလောက် မပေးနိုင်ခဲ့ကြပါဘူး။ အဲ့မှာတင် စစ်တပ်ရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ အောက်ခြေအဆင့်ယန္တရားဟာ ပျက်စီးလုနီးပါးဖြစ်လာခဲ့ကြပါတယ်။

အလားတူ ၂၀၁၀ နောက်ပိုင်း စစ်တပ်အတွင်း တပ်သားသစ်ဝင်ရောက်မှု နည်းပါးလာတာကြောင့် စရိုက်အစုံ နောက်ခံမျိုးစုံနဲ့ သူတွေကို အင်အားရရင်ပြီးရောပုံစံနဲ့ ကြုံသလို စုဆောင်းလာတာကြောင့် ပျက်စီးလုဖြစ်နေတဲ့ စစ်တပ်အောက်ခြေအဆင့်အစိတ်အပိုင်းဟာ ပျက်စီးခြင်းအဆင့်သို့ ဆိုက်ရောက်လာခဲ့ပါတယ်။

ဒါကြောင့် တပ်မတော်ရဲ့ တချိန်က ကောင်းမြတ်တဲ့ အစဉ်အလာတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ နိုင်ငံရေးခံယူချက်တွေဟာ တစနှင့်တစ လူလည်ကျတဲ့ အထက်အရာရှိကြီးတွေရဲ့ ဝါဒဆိုး ဝါးမျိုမှုရဲ့အောက်မှာ ကျရောက်ခဲ့ကြပြီး စစ်တပ်ဟာ ပြည်သူ‌တွေနဲ့ တစတစ ဝေးကွာလို့လာပါတော့တယ်။

စစ်တပ်မှာ အရင်ကဆို အနိမ့်အမြင့် လူမှုအဆင့်အတန်းအများစုဟာ နိုင်ငံတော်ကာကွယ်မည်ဟူသော ခံယူချက်ဖြင့် နယ်ပယ်အစုံကနေ ဝင်ရောက်လာခဲ့ကြပါတယ်။ နယ်ပယ်အစုံက လူတွေဖြစ်နေတဲ့အတွက် တစ်ဦးချင်းတတ်မြောက်ထားတဲ့ အသက်မွေးဝမ်းကြောင်းပညာအစုံကို ပြန်လည်သင်ယူနိုင် ဆည်းပူးနိုင်ရာ ကျောင်းတော်ကြီးသဖွယ်ဖြစ်ခဲ့ဖူးပါတယ်။

လက်သမား၊ လယ်သမား၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေ အသီးသီးရဲ့ လက်ဆင့်ကမ်းအမွေပေးမှုတွေနဲ့ တပ်ဝန်းကျင်ဟာ သာယာလှပခဲ့ပါတယ်။ လူနေမှုအဆင့်အတန်းနိမ့်ကျပေမယ့် စစ်သည်များဘဝ သာယာဝပြောခဲ့ဖူးပါတယ်။

စစ်တပ်တပ်ရင်းတစ်ခုဟာ ရပ်ကွက်ကြီးတစ်ခုသဖွယ် မိသားစုသဖွယ် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြင့် ကူးသန်းဆက်နွယ်၍ ပျော်ရွှင်သာယာစွာနေလာခဲ့ကြသည်မှာ ချစ်စရာဓလေ့သဖွယ် ဖြစ်နေပါတယ်။

ဒီလို အခြေအနေအရပ်ရပ်ကို အာဏာရူးကိုယ်ကျိုးရှာတဲ့ စစ်ဗိုလ်ချုပ်တွေဟာ ဖျက်လိုဖျက်ဆီးလုပ်ခဲ့ကြပါတယ်။ အဆင့်ဆင့်ချုပ်ကိုင် ကြပ်မတ်မှုစနစ်ဖြင့် အောက်ခြေတပ်တွင်းအာဏာကိုပါ တိုက်ရိုက်ချုပ်ကိုင်လာခဲ့ကြပါတယ်။ လိုလားချက်တွေ၊ လိုအင်တွေ၊ လိုအပ်ချက်တွေ များစွာဖြစ်လာပြီး ညွှန်ကြားချက်တွေ လမ်းညွှန်ချက်‌တွေ အများကြီးဖြင့် အောက်ခြေအဆင့်ဆင့်ဟာ တာဝန်များစွာဖြင့် ဝန်ပိလာရပါတယ်။

မနိုင်ဝန်ကို ထမ်းလာရပြီး မူလတာဝန်အပြင် လိုရင်လိုသလို၊ ကြုံရင်ကြုံသလို တာဝန်များစွာ ထမ်းဆောင်လာရတာကြောင့် လက်ဆင့်ကမ်းအမွေဆက်ဟာ ပေးသူမရှိ ယူသူမရှိဖြင့် အဆက်ပြတ်ခဲ့ကြပြီး စစ်တပ်ဟာ အာဏာရှင်စစ်ဗိုလ်ချုပ်တွေ လက်အောက် ပြားပြားဝပ်ခဲ့ရပါတယ်။

စစ်တပ်မှာ ဟာသအနေနဲ့ ပြောလေ့ရှိတဲ့ စကားလေးတစ်ခု ရှိခဲ့ဘူးပါတယ်။ အဲ့ဒါက “တဝမ်းပူမျဉ်းစောင်း ကြည်းနှစ်သောင်းတဲ့’’ အောက်ခြေစစ်သည်ဆရာကြီးတွေက တဝမ်းပူမျဉ်းစောင်းတွေ နဲ့ အုပ်ချုပ်သူအရာရှိ‌ကြီးတွေက ကြည်းနှစ်သောင်းဆိုတဲ့ အချိန်ရောက်ရင် တပ်မတော်ဟာ ပျက်စီးလိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်လို့ စီနီယာစစ်သည်ကြီးတွေ ပြောကြလေ့ရှိတယ်။

အခုအ‌ခြေအနေမှာ ဒီစကားရပ်လေးဟာ တကယ်ဖြစ်လာပြီလို့တောင် ထင်မိပါတယ်။ အနယ်နယ်အရပ်ရပ်မှာ ထိတွေ့မှုတိုက်ပွဲဖြစ်တာနဲ့ ကြွက်မနိုင် ကျီမီးရှို့တဲ့နည်းကလွဲရင် ခံလိုက်ရတဲ့ စစ်တပ်၊ လေကြောင်းက ဗုံးကျဲတိုက်ခိုက်ခွင့်ရလည်း ရှုံးလိုက်ရတဲ့ စစ်တပ်၊ လက်နက်ခဲယမ်း ပြည့်ပြည့်စုံစုံရှိလဲ ‌ေ-သလိုက်ရတဲ့ စစ်တပ်၊ တစ်ရာရှေ့တန်းထွက်လို့ တစ်ယောက် နောက်တန်းပြန်ရောက်ရင်တောင် ကံကောင်း၊ အလောင်းတောင် မကောက်နိုင်လောက်အောင် တိုက်တိုင်းရှုံးနေကြတဲ့ စစ်တပ်၊ “တုံးတိုက်တိုက် ကျားကိုက်ကိုက်’’ ဆိုတဲ့ ရဲစွမ်းသတ္တိဘယ်လောက်ရှိကြောင်း ကြွေးကျော်ခဲ့တဲ့ စစ်တပ်ဆောင်ပုဒ်ကို “တုံးတိုက်လဲ ‌‌ေ-သ ကျားကိုက်လဲ ‌ေ-သ”ဆိုပြီး အစားထိုး ပြောင်းသင့်ခဲ့တာ ကြာခဲ့ပါပြီ။

Public Service Announcement
Public Service Announcement

ဒါကြောင့် ကပအမှတ်နဲ့ စစ်သည်တွေ အငြိမ်းစားယူရတဲ့ အချိန်၊ ကိုယ်ပိုင်အမှတ် တဝမ်းပူမျဉ်းစောင်း စစ်သည်တွေနဲ့ အရာရှိဖြစ်သူတွေက ကြည်း နှစ်သောင်းတင်မက ခုနှစ်သောင်းတောင်ကျော်လောက်ပြီ၊ တပ်မတော်ကြီးဟာ ပျက်စီးဖို့ အချိန်တန်လာလေပြီလားလို့ တွေးမိလာပါတယ်။

တပ်ချုပ်လုပ်သူက အောက်ခြေရဲ့ အရည်အချင်းပြည့်ဝမှု မရှိတာကို မသိ။ အောက်ခြေ အခြေယိုင်နဲ့ နေတာကို မသိ။ မြှောက်ပေးတိုင်း (-) တက်အောင် က,တဲ့အပြင် ကိုယ်တိုင်ကလဲ အာဏာရူးနေလေတော့ အရည်အချင်းထက် အရည်အတွက်များတဲ့ စစ်တပ်ကြီးမှာ တဝမ်းပူမျဉ်းစောင်း ကြည်းနှစ်သောင်း‌ကျော်များဖြင့် စစ်တပ်လဲပြို တပ်ချုပ်လဲငိုရမယ့် အခြေအနေဆိုက်ရောက်လာနေပြီး ပြည်သူတွေလက်ခမောင်းခတ် ရမည့်အချိန်ကို ရောက်လာတော့မည်ဟု ပြောရင်း…။

▪︎မှတ်ချက်-ပြည်သူ့ပန်းတိုင် ​ဖေစ်ဘွခ်စာမျက်နှာတွင် ဗိုလ်ကြီးအောင်မျိုးထက် (CDM ဗိုလ်ကြီး)​ရေးသား​သောဆောင်းပါးကို ခွင့်ပြုချက်ဖြင့် ကူးယူ​ဖော်ပြထားခြင်းဖြစ်ပါသည်။

မူရင်း​ဆောင်းပါးကို ​အောက်ပါလင့်တွင်ဖတ်ရှုနိုင်ပါသည်။

https://www.facebook.com/…/a.180535174…/529132249360874/

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။