Connect with us

Hi, what are you looking for?

LuduNwayOo

အတွေးအမြင်ဆောင်းပါး

တရုတ်စက်ကွင်းထဲ ပီပီပြင်ပြင် ကျရောက်လာတဲ့ ရွှေတြိဂံ ထိပ်သီး ဒုစရိုက် မိသားစု ၅ ခု

တရုတ်စက်ကွင်းထဲ ပီပီပြင်ပြင် ကျရောက်လာတဲ့ ရွှေတြိဂံ ထိပ်သီး ဒုစရိုက် မိသားစု ၅ ခု

မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့ရာ နယ်မြေတစ်ခုလို့ သတ်မှတ်ထားတဲ့ ကိုးကန့်ဒေသမှာ အခြေစိုက်ပြီး ရာဇဝတ် ဂိုဏ်းတွေကို ချုပ်ကိုင်ထားတဲ့ အင်အားကြီး မိသားစု ၅ ခုကို ဖိနှိပ် ဖြိုခွင်းရာမှာ​ အောင်မြင်မှုတွေ ရရှိနေတယ်လို့ တရုတ် မီဒီယာတွေက ဖော်ပြနေကြပါတယ်။

မြန်မာ စစ်ခေါင်းဆောင်တွေရဲ့ ပစားပေးမှုနဲ့အတူ ကိုးကန့် ဒေသမှာ ကာစီနိုတွေ၊ ဆောင်ကြာမြိုင်တွေ၊ မူးယစ်ဆေး မှောင်ခိုဂိုဏ်းတွေကို လည်ပတ်နေစေတဲ့အပြင် သူတို့ကို လက်နက်ကိုင် လုံခြုံရေး အစောင့်အရှောက်တွေနဲ့ တခြား အခွင့်အရေးတွေ ထောက်ပံ့မယ်လို့ ကမ်းလှမ်းထားတဲ့ အွန်လိုင်း လိမ်လည်မှု ရာဇဝတ် ဂိုဏ်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်လာတဲ့ အဲဒီ မိသားစု ၅ ခုကို ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တရုတ် အာဏာပိုင်တွေက ပိုပြီး တင်းတင်းကျပ်ကျပ် ဖြိုခွင်းဖို့ အားထုတ်လာခဲ့ပါတယ်။

အဲဒီ ဖြိုခွင်းမှုတွေကို အထွဋ်အထိပ် ရောက်သွားစေတဲ့ ဖြစ်စဉ်ကတော့ အသက် ၆၉ နှစ်အရွယ် မင်ရှုချန် (မင်ရွှေ့ချောင်)ဟာ တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ဝမ်ဇူမြို့ ရဲတပ်ဖွဲ့ရဲ့ ဝရမ်း ထုတ်ခံရပြီး ရက်ပိုင်းအကြာ မြန်မာ ရဲတပ်ဖွဲ့ လက်ထဲမှာ ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့အချိန် သေဆုံးသွားခြင်းပါပဲ။ တရုတ်ရဲတွေက မင်နဲ့အတူ မိသားစုဝင် ၃ ဦးကိုပါ ဖမ်းဝရမ်း ထုတ်ခဲ့တာ ဖြစ်ပါတယ်။

တရုတ် မီဒီယာတွေကတော့ မင်မိသားစုဟာ ဒေသတွင်း ဒုစရိုက် လှုပ်ရှားမှုတွေကို လက်ဝါးကြီး အုပ်ထားတဲ့ မိသားစု ၄ ခုထဲမှာ အသစ်တိုးလာတဲ့ နောက်တစ်ခုလို့ ရည်ညွှန်းလေ့ ရှိပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ မိသားစု ၄ ခုထဲမှာမှ ၃ ခုက ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)ရဲ့ ခေါင်းဆောင် ဖုန်ကြားရှင်ကို အားပေး ထောက်ခံခဲ့သူတွေပါ။ ၂၀၀၉ ခုနှစ်မှာတော့ အဲဒီ မိသားစုတွေက စစ်အာဏာရှင်ဆီ ဘက်ပြောင်း ခိုလှုံခဲ့ပြီး ကိုးကန့် နယ်ခြားစောင့်တပ် (BGF)ကို စစ်တပ် လက်အောက်ခံ အနေနဲ့ ထူထောင်ခဲ့ကြပါတယ်။

တရုတ်စက်ကွင်းထဲ ပီပီပြင်ပြင် ကျရောက်လာတဲ့ ရွှေတြိဂံ ထိပ်သီး ဒုစရိုက် မိသားစု ၅ ခု

မြန်မာ စစ်တပ်ရဲ့ အဆိုအရ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Crouching Tiger Villaကို ဦးစီး ထိန်းချုပ်ခဲ့သူ မင်ဟာ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီ နေရာဟာ ဒေသတွင်းမှာ အွန်လိုင်း ငွေကြေးလိမ်လည်မှုတွေ အတိုင်းအတာ အကြီးမားဆုံးနဲ့ ကျူးလွန်နေတဲ့ ခြံဝင်းကြီး ဖြစ်ပါတယ်။ မြန်မာ ရဲတွေက မင်ရဲ့ သားသမီး နှစ်ယောက်နဲ့ မြေးမဖြစ်သူကိုပါ တရုတ် အာဏာပိုင်တွေဆီ လက်လွှဲပေးခဲ့ပါတယ်။

တရုတ်ရဲ့ ဝမ်ဇူမြို့ ရဲတပ်ဖွဲ့က မင်ကို ဝရမ်းထုတ်ချိန်မှာ လူသတ်မှုနဲ့ စွပ်စွဲထားပေမယ့် ကိုးကန့်ဒေသရဲ့ ဒုစရိုက်ဂိုဏ်းတွေ လက်ထဲမှာ အဖမ်းခံထားရတဲ့ တရုတ် နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့သူ တရုတ် ထောက်လှမ်းရေး လျှို့ဝှက် အေးဂျင့်တွေကို သတ်ပစ်ဖို့ မင်က အမိန့်ပေးခဲ့ကြောင်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ထင်ကြေးတွေကိုတော့ တရုတ်ဖက်က မဖြေရှင်းခဲ့ပါဘူး။

တရုတ် ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၁ ရက်ထိ အခြေအနေအရ မြန်မာဖက်ကနေ အွန်လိုင်း ငွေကြေး လိမ်လည်မှုတွေ ကျူးလွန်နေသူ ၃၁၀၀၀ လောက်ကို လွှဲပြောင်းပေးထားပြီး ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မင်အပြင် တခြား ဒုစရိုက် ဂိုဏ်းခေါင်းဆောင်ကြီးတွေလို့ လူသိများတဲ့ လျူကျန်းကျိနဲ့ လျူကျန်းရှင်း ညီအစ်ကို နှစ်ဦးလည်း ဖမ်းဆီး ခံခဲ့ရပါတယ်။ လျူကျန်းကျိက ဒေသတွင်းမှာ အကြီးဆုံး ဒုစရိုက် ဂိုဏ်းကြီးရဲ့ ခေါင်းဆောင်ဖြစ်ပြီး လျူကျန်းရှင်းကတော့ မိသားစုကြီး ၄ ခုထဲက လျူမိသားစုကို ဦးဆောင်နေသူပါ။

တရုတ် လူမှုကွန်ရက် မီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေထဲမှာ အဲဒီ မိသားစုတွေထဲက အရေးကြီးတဲ့ လူပုဂ္ဂိုလ် တချို့က သူတို့ အနေနဲ့ တရုတ် နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ ငွေကြေး လိမ်လည်မှုတွေ မကျူးလွန်ခဲ့သင့်ဘူးဆိုတဲ့ ခံဝန်ချက် သဘောမျိုးတွေ ဖတ်ပြနေကြတာကို တွေ့ရပါတယ်။

တရုတ်က အင်တာနက် သုံးစွဲသူတွေက အခုဖမ်းဆီးမှုတွေဟာ ရွှေတြိဂံဒေသ မူးယစ်ရာဇာ နော်ခမ်းရဲ့ အဆုံးသတ် ကာလတွေနဲ့ ခိုင်းနှိုင်းနေကြပါတယ်။ နော်ခမ်းဟာ မဲခေါင်မှာ တရုတ် သင်္ဘောသားတွေကို အစုလိုက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၁၃ ခုနှစ်မှာ ကွပ်မျက် ခံခဲ့ရပါတယ်။

တရုတ်ဟာ လက်ရှိ ဖြစ်ပျက် ပြောင်းလဲမှုတွေကို အခွင့်ကောင်းယူပြီး ဒေသတွင်းမှာ ရာဇဝတ် လှုပ်ရှားမှုတွေ နောက်တစ်ကြိမ် ခေါင်းထောင်မလာအောင် ချိုးနှိမ်ထားဖို့ အားထုတ်လာနိုင်ပါတယ်။ အခုဆိုရင် MNDAAနဲ့ အာဏာသိမ်း စစ်တပ်တို့ ကိုးကန့်မှာ အပြင်းအထန် စစ်ခင်းနေကြတယ်။ ဘယ်ဖက်ကနိုင်နိုင် တရုတ်ဟာ သူ့ရဲ့ ဩဇာကို အသုံးပြုပြီး အဲဒီဒေသရဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေနဲ့ မှောင်ခိုလုပ်ငန်းတွေကို တိုက်ဖျက်ဖို့ ဖိအားပေး တောင်းဆိုနိုင်ပါတယ်။

မူးယစ်ဆေး ရောင်းဝယ်မှု လုပ်ငန်းတွေနဲ့ ရှည်လျားတဲ့ သမိုင်းကြောင်း ဆက်စပ်မှုတွေ ရှိခဲ့သလို တော်လှန် ပုန်ကန်ဖို့ လိုအပ်တဲ့ ငွေကြေးတွေကို အဲဒီ လုပ်ငန်းတွေကနေ ရနေပါတယ်လို့ စစ်တပ်ကလည်း စွပ်စွဲထားပေမယ့် ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကတော့ ငြင်းဆိုထားပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်ဟာ ဒေသခံ ပြည်သူ့စစ်တွေနဲ့ အဆင်ပြေဖို့အတွက် မူးယစ်ဆေးဝါး မှောင်ခို လုပ်ငန်းတွေကို မျက်ကွယ် ပြုပေးထားကြောင်း ကာလရှည်ကြာ စွပ်စွဲမှုတွေ ကြုံနေရပါတယ်။

တရုတ်ဟာ နယ်စပ်တလျှောက်မှာ တရားဝင် စီးပွားရေး လုပ်ငန်းတွေလို အယောင်ဆောင်ပြီး လည်ပတ်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေကို ပစ်မှတ်ထား ချိုးနှိမ်လာနိုင်ပါတယ်။

ဥပမာ ပြရရင် လျူကျန်းကျိဟာ Fully Light စီးပွားရေး လုပ်ငန်းစုရဲ့ အကြီးအကဲ အနေနဲ့ နယ်စပ်ကို ဖြတ်ကျော်ပြီး စီးပွားရေးဆိုင်ရာ အခမ်းအနား တစ်ခု လာတက်တဲ့အချိန် တရုတ်ပိုင် ယူနန် ပြည်နယ်ထဲမှာ အဖမ်းခံခဲ့ရပါတယ်။ အရင်ကတော့ သူဟာ တရုတ် မီဒီယာတွေမှာ တရားဝင် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး၊ ဒေသခံ ပရဟိတ အသင်းတွေအတွက် အမာခံ အလှူရှင် တစ်ဦးအဖြစ် ဖော်ပြခံရလေ့ ရှိသူပါ။

နောက်ပြီး တရုတ် အာဏာပိုင်တွေဟာ ကိုးကန့် မိသားစု ၅ ခုရဲ့ ပြည်တွင်းရောက် အဆွယ်အပွားတွေကို ပစ်မှတ်ထားလာနိုင်ပါတယ်။ ဖူကျန်းဒေသထဲမှာ လှုပ်ရှားနေတဲ့ ဆိုက်ဘာ ရာဇဝတ် အဖွဲ့မျိုးတွေကို ဥပမာ အနေနဲ့ Beijing News သတင်းဌာနက ထောက်ပြထားပါတယ်။ အဲဒီ အဖွဲ့အစည်းဟာ Crouching Tiger Villaနဲ့ အဆက်အစပ်တွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်ဟာ ရွှေကြတိဂံ ဒေသမှာ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကို ချိုးနှိမ် တိုက်ဖျက်ဖို့ ထိုင်းရဲတပ်ဖွဲ့၊ ကုလသမဂ္ဂတို့နဲ့အတူ တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်မှုတွေကို အရှိန်မြှင့်တင်လာခဲ့ပါတယ်။ ဒါပေမဲ့ အခုနောက်ဆုံး ကိုးကန့်မှာ တရုတ်ရဲ့ အောင်မြင်မှုတွေကို ကြည့်ရင် မျှော်လင့်ထားတာတွေထက် တရုတ်ဖက်က ရည်မှန်းချက် ပိုအထမြောက်အောင် စွမ်းဆောင်နိုင်တယ် ဆိုတာကို ပေါ်လွင်စေပါတယ်။ နောက်တစ်ချက်က မြန်မာဟာ တရုတ်ရဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (BRI) စီမံကိန်းကြီးမှာ အချက်အခြာကျကျ ပါဝင်နေတယ်ဆိုတာကို သတိပြုဖို့ပါပဲ။

(SCMP၏ How the Chinese authorities can build on the crackdown on the Golden Triangle’s five families ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။