Hi, what are you looking for?
ကဖေး/People’s Spring သန့်ရှင်းသော ထိုဝန်းကျင်တွင် ပန်းရနံ့တို့ပိုသင်းပျံ့နေသည်။ ရွာဦးထိပ်က ယာယီစာသင်ကျောင်းဆီလှမ်းလာနေသော ကျောင်းဆရာမလေး၏ ဦးခေါင်းထက်မှာ နှင်းဆီပန်းနီနီရဲရဲက ဟန်ကျပန်ကျ လှပနေသည်။ ရွာလမ်းတလျှောက်တွေ့မြင်နေရသူတိုင်း၏ ဦးခေါင်းထက်မှာလည်း နှင်းဆီပန်းနှင့်အခြားသော အလျဉ်းသင့်ရာပန်းတွေ ပန်ဆင်ထားကြသည်။ ကြိုးသိုင်းလွယ်အိပ်လေးတွေ အဆင်ပြေသလိုလွယ်ထားကြသောကျောင်းသားကျောင်းသူလေးတွေလက်ထဲမှာလည်း နှင်းဆီပန်းလေးတွေ ကိုင်ထားကြပြန်သည်။ ပန်းရနံ့တို့သင်းထုံနေသောရွာလမ်းလေးအတိုင်းကျောင်းဆရာမလေး ဒေါ်နှင်းဆီ(အမည်လွှဲ)က ကျောင်း...
ဆလိုင်းမာန်အောင်/People’s Spring အဲ့ဒီနေ့ကမိုးတွေကသူတို့ရဲ့အသက်ကိုကယ်တင်ပေးခဲ့တာပါ။ဟုတ်ပါတယ်။ အဲဒီနေ့က အရင်နေ့တွေလို့မဟုတ်ဘဲ မိုးတွေသဲသဲမဲမဲ ရွာနေတာကပဲ သူတို့ရွာကို ကြမ္မာဆိုး မဝင်စေခဲ့တာလို့ ရေမျက်ရွာသားတွေက ပြန်ပြောင်းပြောဆိုပါတယ်။ တစ်ကယ်လို့အရင်နေ့တွေလိုနေလည်းပူနေမယ်။ ကျောင်းဖွင့်ရက်တနလာ်နေ့ဖြစ်လို့ကျောင်းသားတွေလည်း ပုံမှန်အတိုင်း ကျောင်းတက်နေကြမယ်ဆိုရင် စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားတွေအစုလိုက် အပြုံလိုက်သေဆုံးမှုသတင်းဆိုးကို မြန်မာပြည်သူတွေနဲ့ ကမ္ဘာကြီးက သေချာပေါက် ထပ်ကြားရမှာလို့ဆိုကြပါတယ်။ စစ်ကိုင်းတိုင်း၊...