Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တော်လှန်ညီနောင်တွေရဲ့နှင်းဆီလှုပ်ရှားမှု

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

ဓါတ်ပုံ-Yangon 4 Brothers

ဇွန်-၁၉၊၂၀၂၆။သတိုး/People’s Spring

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

“ဤလှုပ်ရှားမှုအတွက် ပြည်သူအားလုံး၏ဆန္ဒမှာ အမေစုသက်ရှိထင်ရှားကျန်းမာစွာရှိကြောင်းသက်သေခိုင်လုံစွာပြသပေးဖို့နှင့်အမေဒေါ်အောင်ဆန်းစုကြည်၏သားကင်နှင့် အမေစုအား အဆက်သွယ်လုပ်ပေးရန် ပြည်သူလူထုတစ်ရပ်လုံးကိုယ်စားတောင်းဆိုအပ်ပါသည်။”လို့ရန်ကုန်တော်လှန်ညီနောင်၄ဖွဲ့က ‌ထုတ်ပြန်ထားပါတယ်။

ဒီလှုပ်ရှားမှုကို ရန်ကုန်မြို့တစ်နေရာက ကားမှတ်တိုင်တစ်ခုမှာ နှင်းဆီပန်းတွေပန်ထားတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခဲပန်းချီပုံမှာ ‌မွေးနေ့ဆုတောင်းစကား နဲ့ Proof Of Life စာသားတွေရေးထားတဲ့ ပုံကို ကပ်ထားခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒီနေ့(ဇွန်၁၉) မှာကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ နှင်းဆီလှုပ်ရှားပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပြီး စစ်တပ်ရဲ့မတရားဖမ်းဆီးမှုတွေကြုံရနိုင်တာကြောင့် လုံခြုံရေးအခြေအနေပေါ်မူတည်ကာ လုပ်ဆောင်ကြဖို့ သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

Facebook