Connect with us

Hi, what are you looking for?

Infographics

တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း ၈၂ မြို့

PDF ​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ ၈ မြို့ရှိလာ

ဒီပ/ People’s Spring

ပင်လည်ဘူးမြို့ကို PDF ​တွေနဲ့ ပူး​ပေါင်းတပ်​တွေက ​အောက်တိုဘာ ၈ ရက်မှာ အပြီးသတ်ထိုးစစ်ဆင်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်တဲ့အတွက် ​နွေဦး​တော်လှန်​ရေးမှာ ​တော်လှန်​ရေးတပ်​တွေသိမ်းပိုက် ထိန်းချုပ်ထားတဲ့မြို့ ၈၂ မြို့ရှိလာပြီဖြစ်ပါတယ်။

NUG ကာကွယ်​ရေးဝန်ကြီးဌာန နဲ့ အမှတ် (၁) စစ်​ဒေသ ကွပ်ကဲမှု နဲ့ PDF ​တွေနဲ့ပူး​ပေါင်းတပ်​တွေဟာ စစ်တပ်ရဲ့​လေ​ကြောင်းတိုက်ခိုက်မှု ၊ ​လေ​ကြောင်းက​နေစစ်ကူအကြိမ်ကြိမ်ပို့မှုတွေကြားက​နေ ၅၃ ရက်ကြာထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ် ။

ဒါ​ကြောင့် စစ်ကိုင်းတိုင်းမှာ PDF တွေတိုက်ခိုက်သိမ်းပိုက်တဲ့မြို့​ပေါင်း ၅ မြို့ရှိလာပြီဖြစ်ပါတယ် ။ခမ်းပါတ် ၊​ရွှေပြည်​အေး ၊ ​မော်လူး ၊မြို့သစ်မြို့​တွေနဲ့ အခု​နောက်ဆုံးပင်လည်ဘူးမြို့တို့ဖြစ်ပါတယ် ။

Public Service Announcement

Public Service Announcement

ဒါအပြင်မန္တ​လေးတိုင်းမှာလည်း စဥ့်ကူးမြို့နယ် ၊သပိတ်ကျင်းမြို့နယ်နဲ့တ​ကောင်းမြို့​တွေကို ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်မန္တ​လေး နဲ့ ​​ဒေသခံPDF ခရိုင်တပ်ရင်း​တွေ ၊ပကဖ ​တွေအပါအဝင် ပူး​ပေါင်းတပ်​တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

ဒါ​ကြောင့် PDF ​တွေအဓိကတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်တဲ့မြို့​ပေါင်း ၈ မြို့အထိရှိလာတာပါ။

စစ်​ကောင်စီအတွက်​တော့ ​တော်လှန်​ရေးတပ်​တွေသိမ်းသွားတဲ့မြို့​တွေ ကိုပြန်ထိုးစစ်ဆင်သိမ်းပိုက်မယ် ကြုံးဝါး​နေတဲ့ကြားက မြို့တမြို့ ထပ်သိမ်းခံရတာလည်းဖြစ်ပါတယ် ။စစ်​ကောင်စီကတန်ပြန်

ထိုးစစ်လုပ်မယ့် ဆို​ပေမယ့်​နေ့စဥ် နိုင်ငံတဝန်း ​ပြည်သူ​တွေကိုလေ​ကြောင်းက​နေ ဗုံးကြဲ သတ်ဖြတ်မှု​တွေကိုသာလုပ်​နေတာဖြစ်ပါတယ် ။ တချိန်တည်းမှာ အာရက္ခတပ်​တော် (AA) ရဲ့​မောင်​တော၊အမ်း ၊ ​တောင်ကုတ်မြို့သိမ်းတိုက်ပွဲ ၊TNLA ဦး​ဆောင်တဲ့ ​တော်လှန်​ရေးတပ်တွေရဲ့ သီ​ပေါမြို့ပြင်ကလက်ကျန်စခန်းဖြစ်တဲ့ ခလရ ၂၃ စခန်းသိမ်းတိုက်ပွဲ နဲ့ ​တောင်ခမ်းတိုက်ပွဲ​တွေဟာပြင်းထန်​နေပါတယ် ။​

တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ထိန်းချုပ်ထား​ပေမယ့် သတင်းမထုတ်ပြန်​သေးတာ​ကြောင့် People’s Spring ရဲ့အခုအင်ဖိုဂရပ်ဖစ်မှာ မပါ​သေးတဲ့မြို့​တွေလည်း ကျန်ရှိနိုင်ပါ​သေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့ပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းပြန်ထိုးလာကာ မြို့ထဲကို စစ်ကြောင်းပြန်ရောက်လာတယ်လို့ ​ဒေသတွင်းစစ်​ရေးသတင်းရင်းမြစ် တွေကပြောပါတယ်။

ဆောင်းပါး

ဖိုးသား/People’s Spring အာဏာသိမ်းစစ်တပ်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေတိတ်ဆိတ်သွားပြီး​နောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေ အပေါ်ကြီးမားတဲ့သက်ရောက်မှု နဲ့ အချိုးအကွေ့ ကာလတစ်ခု​ရောက်ပါတယ်။ အာဏာသိမ်းစစ်တပ်က ရှမ်းပြည်နယ်​မြောက်ပိုင်းမှာတရုတ်အကူအညီနဲ့ အပစ်ရပ်​အောင်လုပ်ပြီး​နောက် ပြုန်းတီးခဲ့တဲ့အင်အားတွေအတွက်စစ်မှုထမ်းတပ်သားသစ်တွေကိုစစ်တပ်ထိန်းချုပ်​ဒေသ​တွေက​နေ ပုံစံအမျိုးမျိုးနဲ့ စုဆောင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ‌တော်လှန်ရေးအမာခံနယ်‌မြေတွေ ဖြစ်တဲ့ မန္တလေး၊စစ်ကိုင်း၊မကွေး၊ ချင်း ၊ကချင် ၊ရခိုင်ပြည်နယ်အစပ်အစရှိတဲ့...

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။