Connect with us

Hi, what are you looking for?

Infographics

တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့​ပေါင်း ၈၀ ရှိလာ

KIA နဲ့ မဟာမိတ်တပ်​တွေက ကချင်ပြည်နယ်မှာ ခရိုင်မြို့တစ်မြို့ဖြစ်တဲ့ ချီ​ဖွေမြို့ က စစ်​ကောင်စီတပ်နဲ့ ပြည်သူ့စစ်စခန်း​တွေကို စက်တင်ဘာ ၂၉ ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့ကိုသိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။

KIA နဲ့ မဟာမိတ်တပ်​တွေက ကချင်ပြည်နယ်မှာ ခရိုင်မြို့တစ်မြို့ဖြစ်တဲ့ ချီ​ဖွေမြို့ က စစ်​ကောင်စီတပ်နဲ့ ပြည်သူ့စစ်စခန်း​တွေကို စက်တင်ဘာ ၂၉ ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့ကိုသိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။

တရုတ်နယ်စပ်မှာရှိတဲ့ ချီ​ဖွေခရိုင်မှာ ချီ​ဖွေမြို့ နဲ့ ပန်ဝါမြို့တို့ ပါဝင်ပါတယ်။တိုက်ပွဲမှာ စစ်​ကောင်စီဘက်က ​သေဆုံးထိခိုက်မှုများသလို အရာရှိ​တွေအပါအဝင် စစ်သုံ့ပန်း​တွေလည်း ဖမ်းဆီးရရှိတယ်လို့သိရပါတယ်။

ဒါကြောင့်စက်တင်ဘာလကုန်ပိုင်းအထိ ​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့​ပေါင်း ၈၀ ရှိလာပြီဖြစ်ပါတယ် ။

စစ်​ကောင်စီက ​တော်လှန်​ရေးတပ်​တွေသိမ်းသွားတဲ့မြို့​တွေ ကိုပြန်ထိုးစစ်ဆင်သိမ်းပိုက်မယ် ကြုံးဝါး​နေတဲ့ကြားက မြို့တမြို့ ထပ်သိမ်းခံရတာဖြစ်ပါတယ် ။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီကတန်ပြန်ထိုးစစ်လုပ်မယ့် ဆို​ပေမယ့်​နေ့စဥ် နိုင်ငံတဝန်း ​လေ​ကြောင်းက​နေ ဗုံးကြဲ သတ်ဖြတ်မှု​တွေကိုသာလုပ်​နေတာဖြစ်ပါတယ် ။

တချိန်တည်းမှာ အာရက္ခတပ်​တော် (AA) ရဲ့​မောင်​တောမြို့သိမ်းတိုက်ပွဲ ၊ PDF ​တွေရဲ့ ပင်လည်ဘူး ၊အင်း​တော်၊ ထီးချိုင့် မြို့သိမ်းတိုက်ပွဲ​တွေနဲ့ TNLA ဦး​ဆောင်တဲ့ ​တော်လှန်​ရေးတပ်တွေရဲ့ သီ​ပေါမြို့အပြင်ကလက်ကျန်စခန်းသိမ်းတိုက်ပွဲ နဲ့ ​တောင်ခမ်းတိုက်ပွဲ​တွေဟာပြင်းထန်​နေပါတယ် ။​

တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ထိန်းချုပ်ထား​ပေမယ့် သတင်းမထုတ်ပြန်​သေးတာ​ကြောင့် People’s Spring ရဲ့အခုအင်ဖိုဂရပ်ဖစ်မှာ မပါ​သေးတဲ့မြို့​တွေလည်း ကျန်ရှိနိုင်ပါ​သေးတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

သင်္ဘောစောင့်စစ်သားတွေ ထွက်ပြေး၊ ၁၀၇ မမ လက်နက်ကြီးကြောင့် သင်္ဘောရေဝင်နေ

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်က စစ်တပ်စခန်းကုန်းတစ်ခုကို ပြန်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)တာ၀န်ရှိသူက ပြောပါတယ်။