Connect with us

Hi, what are you looking for?

Infographics

လေကြောင်းတိုက်ခိုက်မှုများအတွင်း ဘေးအန္တရာယ်ကင်းရှင်းအောင် ကာကွယ်ခြင်း

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အကြံပြု လမ်းညွှန်ချက်များ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အကြံပြု လမ်းညွှန်ချက်များ

◉ ပုန်းခိုစရာနေရာ ရှာပါ

၁။ ပုန်းခိုနေနိုင်ရန် ရွေးချယ်သင့်သော နေရာအချို့ ရှိပါသည်။ ဗုံးခိုကျင်း၊ မြေအောက်ခန်း၊ မြေအောက်ရထားဥမင်စသည့် နေရာများက သင့်တော်ပါသည်။

Public Service Announcement

Public Service Announcement

၂။ မှန်မပါသော နံရံများအနီး ကပ်နေသင့်သော်လည်း နံရံများပေါ် မှီမထားသင့်ပါ။

၃။ မာကျောသော နံရံမျက်နှာပြင်များနှင့် ဖိကပ်မထားသင့်ပါ။ မြေပြင် တုန်ခါသွားသည့် အချိန်၌ ဖြစ်ပေါ်လာသော ရိုက်ခတ်မှုကြောင့် ကိုယ်တိုင် ဒဏ်ရာအနာတရ ဖြစ်နိုင်ပါသည်။

၄။ လမ်းပေါ်၊ ကွင်းပြင်ပေါ် ရောက်နေသည် ဆိုပါက နီးစပ်ရာ အဆောက်အအုံသို့ ဦးတည်၍ အပြေးသွားပါ။

၅။ မြေအောက် ဗုံးခိုကျင်း ရှာမတွေ့ပါက အဆောက်အအုံ တစ်ခု၏ အနိမ့်ဆုံး အပိုင်းတွင် ခိုအောင်းနေပါ။

၆။ မှန်ပြတင်းပေါက်များနှင့် ဝေးဝေးနေပါ။ ဖြစ်နိုင်ပါက ပြတင်းပေါက်များကို တိပ်ကပ်ပြီး ပလပ်စတစ် အစဖြင့် ကာထားပါ။

◉ ခိုလှုံစရာနေရာ ရှာမတွေ့လျှင်

၁။ အကယ်၍ ဟင်းလင်းပြင် နေရာမျိုးသို့ ရောက်နေပြီး ရုတ်တရက် ခိုအောင်းစရာ အဆောက်အအုံမျိုး ရှာမတွေ့ခဲ့လျှင် မြေပြင်၏ အနိမ့်ဆုံး အပိုင်းကို ရွေးချယ်ပါ။ ဥပမာ လျှိုကဲ့သို့ နေရာမျိုးထဲ ဝင်ပြီး မှောက်နေပါ။

၂။ ပေါက်ကွဲ လွင့်စဉ်လာသော ဗုံးအစအနများသည် အထက်ပိုင်းသို့ ပျံတက်လာလေ့ ရှိသောကြောင့် မြေပြင်နှင့် ကပ်နေသော ဇုန်သည် အန္တရာယ် အကင်းဆုံးဟု သတ်မှတ်နိုင်ပါသည်။

၃။ ဝပ်နေသည့် အချိန်၌ မျက်နှာကို မြေကြီးနှင့် ကပ်ထားပြီး ခေါင်းအနောက်ဖက်ကို လက်ဖြင့် ယှက်၍ ကာထားပါ။

◉ အခြားသော လုံခြုံရေး အစီအမံများ

၁။ ဖြစ်နိုင်မည် ဆိုပါက ခန္ဓာကိုယ် အနှံ့ကို မီးလောင်မလွယ်သည့် ပစ္စည်းများဖြင့် ဖုံးလွှမ်း ကာကွယ်ထားပါ။ ထိုပစ္စည်းမျိုး ရှာမရလျှင်လည်း ကုတ်အင်္ကျီ၊ ဂျာကင်၊ ရေဆွတ်ထားသည့် သတင်းစာ စသည်တို့က လူ့ခန္ဓာကိုယ် အရေပြားပေါ်တွင် အပြင်းအထန် လောင်ကျွမ်းမှုမျိုး မဖြစ်အောင် အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါသည်။

၂။ မျက်လုံးကို မှိတ်ထားပါ။ အပျက်အစီး အစအနများ မျက်လုံးထဲ လွင့်စဉ်မလာစေရန် ဖြစ်ပါသည်။

၃။ ပေါက်ကွဲမှု အရှိန်ကြောင့် အဆုတ် ထိခိုက်နိုင်ခြေမှ ကာကွယ်ရန်အတွက် ပါးစပ်ကို အနည်းငယ် ဟထားပါ။

◉ လိုက်နာရန် အချက်များ

၁။ နေအိမ်၏ အလုံခြုံဆုံး အခန်းကို ကြိုတင် စဉ်းစား ရွေးချယ်ထားပါ။

၂။ မြေအောက်ခန်း မရှိလျှင် ရေချိုးခန်းသည် ပုံမှန်အားဖြင့် အကျစ်လစ်ဆုံးနှင့် ပြတင်းပေါက် တပ်ဆင်ထားနိုင်ခြေ အနည်းဆုံး ဖြစ်ပါသည်။

၃။ ပြတင်းပေါက်များကို တိပ်ကပ်ပြီး ပလပ်စတစ်အလွှာဖြင့် ကာထားရန် ကြိုတင် စီမံထားသင့်ပါသည်။ ယင်းသို့ လုပ်ဆောင်ထားခြင်းက ပေါက်ကွဲမှု အရှိန်ကြောင့် မှန်များ တုန်ခါ ကွဲကြေခြင်းကို လျှော့ချပေးနိုင်သည်။

၄။ အိမ်ထဲတွင် ဖျာများ၊ မွေ့ရာများ၊ စားပွဲများကို အသုံးပြုပြီး ယာယီ ရွက်ဖျင်တဲသဖွယ် ဗုံးခိုနေရာငယ်တစ်ခု ပြုလုပ်ထားပါ။

၅။ ခေါင်းအနောက်ဖက်တွင် လက်နှစ်ဖက် ယှက်တင်ပြီး မြေပြင်ပေါ် မှောက်လျက် လှဲလျောင်းနေပါ။ ပါးစပ်ကို အနည်းငယ် ဟထားပါ။

၆။ သောက်သုံးရေနှင့် အစားအသောက် ရရှိနိုင်အောင် ကြိုတင် စီမံထားပါ။ ဥပမာအားဖြင့် ရေချိုးကန်ကို ရေဖြည့်ထားခြင်းမျိုး ဆောင်ရွက်ထားသင့်ပါသည်။

၇။ လျှပ်စစ်မီးနှင့် ဂတ်စ်ပိုက်လိုင်းများကို ပိတ်ထားပါ။

◉ ရှောင်ရှားရမည့် အချက်များ

၁။ လေကြောင်းတိုက်ခိုက်မှုကို ထွက်ကြည့်ခြင်း

၂။ အိမ်အပြင်ထွက်၍ လေကြောင်းတိုက်ခိုက်မှုကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း

၃။ ပြတင်းပေါက်နှင့် နီးကပ်သော နေရာများတွင် ဗုံးခိုနေခြင်း

၄။ နံရံပေါ် မှီထားခြင်း

၅။ လူဦးရေ အများအပြားဖြင့် (အထူးသဖြင့် ဟင်းလင်းပြင် ဧရိယာမျိုးတွင်) စုဝေးနေကြခြင်း

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။