◉ မြစ်အနီး၊ ကမ်းနားတလျှောက်နှင့် မြေနိမ့်ပိုင်းဒေသတွင်နေထိုင်ပါက ဘေးကင်းရာသို့ ပြောင်းရွှေ့ရန် ကြိုတင်စီစဉ်ပါ။
◉ အရေးကြီးသော စာရွက်စာတမ်းများ၊ အစားအစာနှင့်အဝတ်အစားတို့ကို ရေစိုခံအိတ်နှင့် ထုပ်ပိုး၍ယူဆောင်ပါ။
◉ လျှပ်စစ်မိန်းခလုတ်များကို ပိတ်ပါ။
◉ ရေကိုကြိုချက်သောက်ပါ။ (သို့မဟုတ်)ရေသန့်ဆေးခတ်၍သောက်ပါ။
အစားအစာများကို ကျက်အောင်ချက်ပြုတ်ပါ။အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ပါ။
◉ ရေနှင့်အတူပါလာနိုင်သော မြွေအပါအဝင် အဆိပ်ရှိသောသတ္တဝါများ၏ အန္တရာယ်ကို သတိပြုပါ။
◉ မတော်တဆထိခိုက်မှုများနှင့် ရေကြောင့် ဖြစ်ပွားနိုင်သည့်ကူးစက်တတ်သော ရောဂါများကို သတိပြုပါ။
◉ ရေခြောက်အောင်သုတ်ပြီး အမိုးအကာအောက်တွင်နွေးနွေးထွေးထွေးနေပါ။
◉ ရေထဲတွင် မမြင်နိုင်သည့် အန္တရာယ်များရှိနေနိုင်သဖြင့်မလိုအပ်ဘဲ ရေထဲသို့ မဆင်းပါနှင့်။
◉ မိသားစုများ၊ မိတ်ဆွေများနှင့် ပုံမှန်ဆက်သွယ်ပြီးအခြေအနေကို အကြောင်းကြားပါ။အရေးပေါ်အခြေအနေတွင် စိတ်ကိုတည်ငြိမ်စွာထားပြီးဘေးကင်းဖို့ရာ ဦးစားပေးဆောင်ရွက်ပါ။
◉ ၂ ပေခန့် ရေစီးအားဟာ ကားငယ်တွေကို မျောပါစေနိုင်တာမို့ရေကြီးနေချိန်မှာ ကားအသုံးမပြုသင့်ပါ။
◉ ရေတက်နေချိန် ကလေးငယ်နဲ့အိမ်မွေးတိရစ္ဆာန်တွေကိုအလေးထားစောင့်ရှောက်ပါ။ကလေးငယ်တွေ ရေထဲမဆော့ကစားရပါ။
◉ ပြည်သူအချင်းချင်းရိုင်းပင်းကူညီပါ။
ကိုးကား — ICRC ၊ NUG