Connect with us

Hi, what are you looking for?

Infographics

တော်လှန်​ရေးတပ်​တွေ စစ်​ကောင်စီ ​လေယာဥ်နဲ့ ရဟတ်ယာဥ် ​တွေကိုပစ်ချတာဘယ်နှစ်စီးရှိပြီလဲ

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း​ ၃ နှစ်ခွဲ​ကျော်အတွင်း တော်လှန်​ရေးတပ်ဖွဲ့​တွေ က စစ်တပ် ​လေယာဥ် နဲ့ ရဟတ်ယာဥ်​တွေကို ပစ်ချတာ အနည်းဆုံး ၈ စီးရှိပြီဖြစ်ပါတယ် ။

KIA က စစ်တပ်​လေ​ကြောင်းကိုတန်ပြန် တိုက်ခိုက်တာမှာ ရဟတ်ယာဥ် ၂ စီး နဲ့ တိုက်ခိုက်​ရေးဂျက်​လေယာဥ် ၁ စီးတို့ကို ပစ်ချပြီး အများဆုံးဖြစ်​နေပါတယ် ။KA- KNDF-ကလလတ စတဲ့ ကရင်နီတပ်​ပေါင်းစုကလည်းအ​ပေါ့စားတိုက်​လေယာဥ် ၂ စီးနဲ့ ရဟတ်ယာဥ်တစ်စီးကိုပစ်ချနိုင်ခဲ့ပါတယ် ။ အာဏာသိမ်းစစ်တပ်ရဲ့ ​လေယာဥ်နဲ့ ရဟတ်ယာဥ်​​တွေကို ​တော်လှန်​ရေးတပ်ဖွဲ့​တွေက ပစ်ချနိုင်ခဲ့တဲ့အ​ခြေအ​နေကို People’s Spring အင်ဖိုဂရပ်မှာ​လေ့လာနိုင်ပါတယ် ။ဒါ​ပေမယ့် အာရက္ခတပ်တော်(AA)ကလည်း စစ်ကောင်စီ ရဟတ်ယာဉ်ကို ပစ်ချပြီး AA တပ်ဖွဲ့ဝင်​တွေက အောင်ပွဲခံနေတဲ့သတင်း ဓာတ်ပုံကို၁၀၂၇ စစ်ဆင်​ရေးအတွင်းမှာ ထုတ်ပြန်ခဲ့ဖူး​​ပေမယ့် ဘယ်တိုက်ပွဲမှာ ၊ဘယ်ဒေသမှာ စတဲ့အချက်အလက်အ​သေးစိပ်ကိုမူ မထုတ်ပြန်​သေးတာ​ကြောင့် ယခုအင်ဖိုဂရပ်မှာ မထည့်သွင်းရ​သေး​ပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ အဝေးပြေး လမ်းပေါ်မှာ အရေးပေါ် ဆင်းသက်ရင်း လမ်းဘေးကို ထိုးဆင်းသွားတာကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

လဆန်းပိုင်းတုန်းက အမေရိကန် သမ္မတ စီးတော် ရဟတ်ယာဉ်ဖြစ်တဲ့ Marine Oneက ခရီးသည်တင် ဂျက်လေယာဉ် တစ်စီးနဲ့ နီးနီးကပ်ကပ် ပျံသန်းမိခဲ့တဲ့ ဖြစ်စဉ်ဟာ ဆက်သွယ်ရေးဆိုင်ရာ လစ်ဟာမှု တစ်ခုကြောင့်လို့ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

နိုင်ငံတကာ

မလေးရှားက လေဆိပ်တစ်ခုကို ဆင်းသက်လာတဲ့ ခရီးသည်တင် လေယာဉ်ရဲ့ ဘီးအိမ်ထဲမှာ အမည်မသိ အလောင်းတစ်လောင်းကို ရှာတွေ့ခဲ့ပါတယ်။