Connect with us

Hi, what are you looking for?

Infographics

လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှကာကွယ်နိုင်ရန်အရေးပေါ်ဗုံးခိုကျင်းတူးရန် အကြံပြုချက်

KNU ၊ KIA နှင့် KSCC တို့၏ အကြံပြုချက်များဖြင့် စုစည်း​ဖော်ပြထားခြင်းဖြစ်ပါသည်။

(၁) မြေကျင်းတူးရန်
❖ အနက် ၄ ပေ ဝန်းကျင်၊ မိသားစုပုန်းခိုရန် သင့်တော်သည့်အကျယ်
❖ ထိုင်နေလျင် ခေါင်းလုံရန် အရေးကြီး
❖ လိုအပ်ပါက အလွယ်တကူနေရာရွှေ့နိုင်ရန်လိုအပ်
❖ မြေကျင်းပေါ် အမိုးမိုးမည်ဆိုပါက ခိုင်ခန့်သည့် တန်းဖြစ်ရန်လို
❖ လေဝင်လေထွက်ကောင်းအောင်စီမံရန်လိုအပ်
❖ အဝင်ပေါက်ကို တစ်ဆစ်ချိုးမြောင်းပုံစံတူးဖောက်ရန်

◉ လေကြောင်းတိုက်ခိုက်မှုရန်မှကာကွယ်ရန်​ ဗုံးခိုကျင်းတူပါက
❖ စစ်ရှောင်ရာနေရာ (သို့မဟုတ်) မြင်ကွင်းကွယ်သည့် တောင်​စောင်းများ၊
❖ ကမ်းပါးယံများတွင် အမြန်ဆုံးတူးထားကြရန်

​​◉ ဗုံးခိုကျင်းများကို မြေပြန့်မြေညီမှာ တူးပါက
❖ အနည်းဆုံး အနက် ၅ပေ
❖ အကျယ်မှာ မိသားစုဦးရေအတိုင်းတူးရန်

​◉ လုံခြုံကောင်းမွန်ပြီး ခိုင်ခံ့သည့် အဖုံးတစ်ခုရနိုင်ရန်အတွက်
❖ အချင်းတစ်ပေခန့် လုံးပတ်ရှိသည့် သစ်လုံး/ သစ်တုံးများကို တစ်တုံးနှင့်တစ်တုံး နေရာမရွေ့စေရန်
❖ သံကြိုး/သွပ်နန်းကြိုး(မရှိပါက ဆိုင်ကယ်ချိန်းကြိုးများ)ဖြင့် သံရိုက်ချိတ်တွဲရန်
❖ သစ်တုံးများအပေါ် မိုးကာ၊ ပျဉ်ပြား၊ သံပြားတို့ဖြင့် ထပ်ပြီး မြေဖို့ရန်
❖ မြေထု အနည်းဆုံး ၂ ပေနှင့်အထက် ထူထူဖို့ရန်
❖ တွင်းထဲသို့ အသင့်ပြေးဝင် ပုန်းခိုနိုင်ရန်နှင့် အဝင်အထွက် တည့်တိုးမဖြစ်စေရေးအတွက် တဆစ်ချိုးမြောင်း တူးဖောက်ရန်

Public Service Announcement

Public Service Announcement

(၂) သဲအိတ်စီရန်
❖ မြေကျင်းတူးရန် ခက်ခဲပါက သဲအိတ်စီပြီး ပုန်းခိုရန်နေရာ စီစဉ်နိုင်
❖ ဆာလာအိတ်ထဲသို့ သဲ၊ မြေကြီးထည့်ပြီး ထိုင်နေပါက ဦးခေါင်းလုံသည့် အမြင့်ဖြစ်ရန်လိုအပ်
❖ သဲအိတ်အကာအပေါ် ခိုင်ခန့်သည့်တန်းတင်းပြီး သဲအိတ်ထားထားရန်

(၃) ခိုင်ခံ့သည့် အိမ်နံရံကို သုံး၍ ယာယီခိုကျင်းပြုလုပ်နိုင်
❖ အုတ်တိုက်အိမ်ဆိုပါက အကာအကွယ်ရှိသော အခန်းထဲ၌ သဲအိတ်ကာပေါ် တန်းပစ်ပြီး သဲအိတ်တင်ပြီး ဗုံးဒဏ်ကာကွယ်နိုင်၊ ထိုသို့ ပြုလုပ်ရာတွင် သက်ကယ်တြိဂံနေရာများ (နံရံထောင့်နေရာများ)ကို ရွေးချယ်ရန်
❖ သဲအိတ် မရှိပါက ဝါးကပ် နှစ်ခုကြား မြေကြီးထည့်၍ နံရံပြုလုပ်နိုင်၊ နံရံ အထူသည် အနည်းဆုံး ၁ပေခွဲ ခန့်ထူရန်
❖ သဲအိတ်နှင့် ဝါးကပ်မရှိပါကလည်း သံဇကာ၊ မိုးကာ အပါ၀အဝင် မြေ၊ သဲထည့်ပြီး အရံအတား ပြုလုပ်ရန်သင့်တော်သည့် ပစ္စည်းများသုံး၍ နံရံပြုလုပ်နိုင်၊
❖ နံရံအထူသည် အနည်းဆုံး ၁ပေခွဲခန့်ရှိရမည်၊ လူထိုင်နေပါက ဦးခေါင်းလုံရန်

(၄) အခြားပြင်ဆင်ရမည့်အချက်များ
❖ ပုန်းခိုစဉ်အသုံးပြုနိုင်ရေး မုန့်ခြောက်၊ သောက်သုံးရေ၊ အကိုက်အခဲပျောက်ဆေး၊
❖ ဓာတ်မီး၊ ဖုန်း၊ ရေဒီယို၊ ပါဝါဘန့်၊ ဓား၊ အဝတ်အထည်၊ စောင် တို့ကို တစ်ပါတည်း ပြင်ဆင်ထားရန်
❖ တိုက်လေယာဉ်များ ပျံသန်းသည့် အရေးပေါ်သတိပေးချက်များကို အလေးထားရန်
❖ လေကြောင်းတိုက်ခိုက်မှုမှ ကာကွယ်နိုင်ရန်အတွက် တိုက်လေယာဉ်များ တွေ့ပါက ချက်ချင်း ဗုံးခိုကျင်းများအတွင်း ပုန်းရှောင်ကြရန်၊
❖ လမ်းပေါ် ဟင်းလင်းပြင်များ အကာအကွယ်မဲ့သည့် မြင်ကွင်းထင်ရှားသည့်နေရာများသို့ ထွက်ကြည့်ခြင်းများကို ရှောင်ကြဉ်ရန်၊
❖ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကာလအတွင်း မလိုအပ်ဘဲ သွားလာလှုပ်ရှားမှုများ မပြုလုပ်ကြရန်နှင့် ဘေးကင်းလုံခြုံရာနေရာများသို့ လုံခြုံရေးအသိသတိဖြင့် ရွှေ့ပြောင်းနေထိုင်ရန်
❖ မိမိတို့နေထိုင်ရာ နီးစပ်ရာ ကျေးရွာအုပ်စုများ၊ ရပ်ကွက်များ၊ မြို့နယ်များအတွင်း ပိတ်မိနေသူများကို တွေ့ရှိပါက လူသားချင်းစာနာမှုဖြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် အသင်းအဖွဲ့များသို့ ချက်ချင်းဆက်သွယ် အသိပေးရန်

⚠️ အထက်ပါအချက်များထဲမှ သင့်​တော်ရာအား ကိုးကား၍ မိမိ​နေထိုင်ရာ​ဒေသ၊​ မြေပြင်အ​ခြေအ​နေနှင့်လိုက်​လျောညီ​ထွေစွာ ပြုလုပ်နိုင်ရန်ရည်ရွယ်ပါသည်။

ပုံအကြီးရယူရန် > https://bit.ly/3GV2Wr1

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အကျဉ်းသားတွေ လွှတ်ပေးတာအပါအဝင် ဟန်ပြလုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေလို့ ဧပြီအတွင်းမှာ အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းကျေးရွာတွေက စစ်ရှောင်တွေ အကူအညီလိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

သတင်း

မြောက်ဦးမြို့နယ် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်ကလေကြောင်းကနေဗုံးကြဲလို့ နေအိမ်တွေမီးလောင်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့သတင်းရရှိပါတယ်။