Connect with us

Hi, what are you looking for?

Infographics

❖ စိတ်ကျန်းမာ​ရေး ဂရုစိုက်​ပေးပါ

ကိုယ့်ရဲ့ စိတ်အခြေအနေ၊ စိတ်ခံစားချက်တွေက ဘာတွေ ဖြစ်နေသလဲ ဆိုတာ သိပ်အရေးကြီးပါတယ်။ မျက်ကွယ် ပြုထားမိတာမျိုး ဘယ်တော့မှ မဖြစ်ပါစေနဲ့။

❖ စိတ်ကျန်းမာ​ရေး ဂရုစိုက်​ပေးပါ
❖ စိတ်ကျန်းမာ​ရေး ဂရုစိုက်​ပေးပါ
❖ စိတ်ကျန်းမာ​ရေး ဂရုစိုက်​ပေးပါ
❖ စိတ်ကျန်းမာ​ရေး ဂရုစိုက်​ပေးပါ

ပဋိပက္ခအကြောင်း သတင်းတွေနဲ့ အဆက်မပြတ် ထိတွေ့မိနေပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ဆေးဖို့ လိုပါတယ်။ အစိုးရိမ်ကြီးလာသလား၊ စိတ်ပူပန်မှုတွေ များနေသလား၊ ဒေါသကြီးလာသလား၊ ဒါမှမဟုတ် ဝမ်းနည်းပူဆွေးလွယ်နေသလား၊ ဒါမှမဟုတ် တခြားဘာတွေ ဖြစ်နေသလဲ ဆိုတာမျိုးပေါ့။ ကိုယ့်ရဲ့ အပြုအမူတွေ ပြောင်းလာသလား၊ မျက်ရည်လွယ်လာသလား၊ ခေါင်းကိုက်တာတွေ၊ ဗိုက်နာတာတွေ၊ အိပ်မက်ဆိုးမက်တာတွေ၊ အိပ်ပျော်ဖို့ ခက်ခဲတာတွေကအစ လက္ခဏာတိုင်းက အရေးကြီးပါတယ်။

❖ စိတ်ကျန်းမာ​ရေး ဂရုစိုက်​ပေးပါ
❖ စိတ်ကျန်းမာ​ရေး ဂရုစိုက်​ပေးပါ

ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်တာတွေကို ၅ စက္ကန့်လောက်ခြားတဲ့ အသက်ရှူ လေ့ကျင့်ခန်းမျိုး လုပ်တာ၊ လက်ရှိ ခံစားနေရတာတွေကို စာစီပြီး ချရေးထားတာတွေ ဖြစ်သင့်ပါတယ်။

❖ စိတ်ကျန်းမာ​ရေး ဂရုစိုက်​ပေးပါ
❖ စိတ်ကျန်းမာ​ရေး ဂရုစိုက်​ပေးပါ

ကိုယ့်ကိုယ်ကိုယ် ပျော်အောင်နေမယ်၊ အကောင်းမြင်မယ် ဆိုတာမျိုးတွေ အတင်းအကျပ် လုပ်ယူတာဟာ အခြေအနေကို ပိုဆိုးသွားစေတတ်တယ် ဆိုတာကို သတိပြုသင့်ပါတယ်။ ကိုယ်တိုင်က ခက်ခဲတဲ့ စိတ်ခံစားချက်တွေ ကြုံနေရပြီ ဆိုတာကို သတိပြုမိရင် ‘ငါစိုးရိမ်နေတယ်၊ ငါကြောက်နေတယ်၊ ဒါပေမဲ့ ဒါတွေက ငါမကျော်လွှားနိုင်တဲ့ အရာတွေ မဟုတ်ဘူး။ ဒါဟာ ခက်ခဲတဲ့ ကာလဖြစ်တယ်။ ငါစိတ်ထိခိုက်တယ် ဆိုတာက အမှားမဟုတ်ဘူး’ ဆိုတာမျိုး တွေးတောသင့်ပါတယ်။

❖ စိတ်ကျန်းမာ​ရေး ဂရုစိုက်​ပေးပါ
❖ စိတ်ကျန်းမာ​ရေး ဂရုစိုက်​ပေးပါ

ပြီးတော့ ကိုယ်ယုံကြည်ရတဲ့သူ တစ်ဦးဦးနဲ့ ရင်ဖွင့် ဆွေးနွေးပါ။ ဒေါသတွေ၊ စိုးရိမ်စိတ်တွေ၊ ဝမ်းနည်းကြေကွဲမှုတွေကို တစ်ယောက်တည်း မျိုသိပ်ထားပြီး ကိုင်တွယ်နေဖို့ ဆိုတာက လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ မိတ်ဆွေ သူငယ်ချင်း၊ မိဘ၊ ဆရာသမား၊ ဒါမှမဟုတ် စိတ်ချရတဲ့ တခြားအရွယ်ရောက်ပြီးသူ တစ်ယောက်ယောက်ကို ကိုယ့်ခံစားချက်တွေ မျှဝေ ပြောပြသင့်ပါတယ်။ သူတို့က ကိုယ့်အတွက် အကူအညီတချို့ ပေးနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

❖ စိတ်ကျန်းမာ​ရေး ဂရုစိုက်​ပေးပါ
❖ စိတ်ကျန်းမာ​ရေး ဂရုစိုက်​ပေးပါ

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေဟာ စိတ်ခံစားချက်တွေကို အစီအစဉ်တကျ ကိုင်တွယ်ရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ အိမ်ပြင်ထွက်ပြီး လမ်းလျှောက်တာ၊ ကိုယ်နှစ်သက်တဲ့ သီချင်းဖွင့်ပြီး ကခုန်တာ၊ သူငယ်ချင်းတွေနဲ့အတူတူ အားကစားနည်း တစ်ခုခု ကစားတာ၊ ဒါမှမဟုတ်လည်း တခြားပုံစံနဲ့ ကိုယ်လက်လှုပ်ရှား တစ်ခုခု လုပ်တာမျိုးက စိတ်ခံစားချက်တွေကို ထိန်းညှိပေးရာမှာ အထောက်အကူ ဖြစ်စေသလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင်လည်း ကူညီပေးပါတယ်။

❖ စိတ်ကျန်းမာ​ရေး ဂရုစိုက်​ပေးပါ
❖ စိတ်ကျန်းမာ​ရေး ဂရုစိုက်​ပေးပါ

ဆက်စပ်သတင်းများ

ဆောင်းပါး

"စိတ်ကျန်းမာရေးအတွက် မမြင်ရတဲ့ ဆေးတစ်ခွက်"

ဆောင်းပါး

ဖုန်းတစ်ဖက်က အမျိုးသမီးကတော့ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံအောက်မှာ ကျန်နေခဲ့တဲ့ သူ့မိသားစုဝင်တွေရဲ့ အလောင်းကို ပြန်မရသေးကြောင်း တည်ငြိမ်စွာ ပြောပြနေသည်။ဖုန်းရဲ့တဖက်ခြမ်းမှာတော့ နားထောင်ပေးနေသူ မမေတစ်ယောက် စိတ်ထိန်းမရတော့ဘဲ ငိုနေမိသည်။

ဆောင်းပါး

“မြန်မာနိုင်ငံကပြည်သူ ၇ဦးမှာ ၁ဦးက တစ်ကိုယ်ရည်စိတ်လုံခြုံမှုမရှိဘဲစိုးထိတ်နေရတယ်”

ဆောင်းပါး

"အိမ်ပြန်ချင်တာပေါ့။ ဒါပေမယ့် ကျွန်တော်တိုက်ပွဲကနားပြီး တခြားမှာတာဝန်ကျရင်တောင် အိမ်ပြန်ဖို့ကတော့မဖြစ်နိုင်သေးဘူး။ ဒီတော်လှန်ရေးမြန်မြန်ပြီးမှပဲ အဆင်ပြေမယ်"လို့ ကိုသူက သူဆန္ဒကိုပြောပါတယ်။