Connect with us

Hi, what are you looking for?

Infographics

တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ၈၆ မြို့

အာရက္ခတပ်​တော်(AA) ကရခိုင်ပြည်နယ် က ​အမ်း ၊​မောင်​တော ၊ဂွ ၊ တောင်ကုတ်မြို့သိမ်းတိုက်ပွဲ​တွေ ဆင်နွှဲ​နေသလို ၊ PDF ​တွေကလည်း အင်း​တော်မြို့သိမ်းတိုက်ပွဲဆင်နွှဲ​နေပါတယ် ။

အာရက္ခတပ်​တော်(AA) ကရခိုင်ပြည်နယ် က ​အမ်း ၊​မောင်​တော ၊ဂွ ၊ တောင်ကုတ်မြို့သိမ်းတိုက်ပွဲ​တွေ ဆင်နွှဲ​နေသလို ၊ PDF ​တွေကလည်း အင်း​တော်မြို့သိမ်းတိုက်ပွဲဆင်နွှဲ​နေပါတယ် ။

-People’s Spring

ကချင်လွတ်လပ်​ရေးတပ်မ​တော် (KIA)က မြန်မာ-တရုတ်နယ်စပ် က မြို့ငယ်​လေးဖြစ်တဲ့ဖီမော်မြို့ကို နိုဝင်ဘာ ၂ ရက်မှာ သိမ်းပိုက်ခဲ့ပါတယ် ။ဒါ​ကြောင့် ​နွေဦး​တော်လှန်​ရေးမှာ ​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ ၈၆ မြို့​မြောက်ဖြစ်လာပါတယ် ။

KIA ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်​တွေဟာ ကချင် အထူး​ဒေသ (၁) အတွင်းမှာရှိတဲ့ ချီ​ဖွေမြို့ ၊​ဆော့​လော်မြို့ ၊ ပန်ဝါမြို့ နဲ့ အခု​နောက်ဆုံး ဖီ​​မော်မြို့​တွေကို ​​တစ်လ​ကျော်အတွင်းမှာ ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့တာပါ ။ စစ်တပ်လက်​အောက်ခံဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်အထူးဒေသ(၁) ​အောက်က ဆဒုံးမြို့ကို ၂၀၂၄ ဇွန်လမှာ စတင်သိမ်းပိုက်ခဲ့သလို ​ဒေသတွင်းမှာရှိတဲ့ နယ်ခြား​စောင့်တပ်စခန်း ၊ပြည်သူ့စစ်စခန်း ၊စစ်တပ်စခန်း ​အများအပြားကိုသိမ်းပိုက်ထားတာ​ကြောင့် ဒီ​ဒေသတခုလုံးမှာ ကန်ပိုက်တီ မြို့က စစ်တပ်စခန်း နဲ့ နယ်ခြား​စောင့်တပ်စခန်း အနည်းငယ်ပဲကျန်​တော့တာဖြစ်ပါတယ် ။ ဖီ​မော်မြို့ဟာ ကချင်ပြည်နယ် မှာ KIA အပြီးသတ်သိမ်းပိုက်ထိန်းချုပ်တဲ့ ၁၃ မြို့ဖြစ်ပါတယ် ။KIA က ရှမ်းပြည်နယ် ​မြောက်ပိုင်းမှာလည်း မဘိမ်း မြို့ နဲ့ နမ့်ဖက်ကာရွာ၊ နမ့်ဖက်ကာ ​ဒေသမှာရှိတဲ့စစ်တပ် ဗျူဟာကုန်းနဲ့စခန်း​တွေကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားပါ​တယ် ။

​​တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ၈၆ မြို့ အင်ဖိုဂရပ်မှာ ​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ထိန်းချုပ်ထား​ပေမယ့် တရားဝင်မထုတ်ပြန်တာ​ကြောင့် ဒီစာရင်းမှာ မပါ​သေးတဲ့မြို့​တွေကျန်ရှိနိုင်ပါ​သေးတယ် ။ ဒါအပြင် ​တော်လှန်​​​ရေးတပ်​တွေက မသိမ်း​ပေမယ့် မြို့ပတ်ပတ်လည်ကိုဝိုင်းရံပိတ်ဆို့ထားတဲ့ မြို့များစွာလည်းရှိ​နေပါတယ် ။တချိန်တည်းမှာပဲ အာရက္ခတပ်​တော်(AA) ကရခိုင်ပြည်နယ် က ​အမ်း ၊​မောင်​တော ၊ဂွ ၊ တောင်ကုတ်မြို့သိမ်းတိုက်ပွဲ​တွေ ဆင်နွှဲ​နေသလို ၊ PDF ​တွေကလည်း အင်း​တော်မြို့သိမ်းတိုက်ပွဲဆင်နွှဲ​နေပါတယ် ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေ၊ လူငယ်​တွေနဲ့ ​တော်လှန်​ရေးကိုလမ်းမှား​ရောက်​စေမှာ မဟုတ်ပဲ ​တော်လှန်​ရေးရန်ပုံ​ငွေ ဘယ်​လောက်ခက်ခက် မူးယစ်​ဆေးဝါးနဲ့ အလုပ် လုပ်မှာမဟုတ်ဘူးလို့အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)ဝန်ကြီးချုပ်ရုံး၊ပြည်​ထောင်စုဝန်ကြီး ​ဒေါက် တာ​ဇော်​ဝေစိုးက ​NUGဖမ်းဆီးမိတဲ့မူးယစ်​ဆေးဝါး​တွေကိုဖျက်ဆီးတဲ့ပွဲမှာပြောကြားပါတယ် ။

သတင်း

မန္တ​လေးတိုင်းမှာ​သပိတ်ကျင်း နဲ့ မတ္တရာမြို့နယ်​တွေမှာတိုက်ပွဲ​တွေပြင်းထန်​နေသလို ၊ ကရင်၊ကရင်နီ ၊ပဲခူး ၊မ​ကွေး၊ တနသာ်ရီတိုင်းတို့မှာလည်း​​တိုက်ပွဲ​တွေ အကြာခဏဖြစ်ပွား​နေပါတယ်။

သတင်း

တောင်ဥက္ကလာပမြို့နယ်အတွင်း၌ ပေါက်ကွဲသံ အကျယ်ကြီး နှစ်ကြိမ်ကြားရကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့သည်ဟု Hlaing Info က သတင်းဖော်ပြထားသည်။

Infographics

နွေဦး​တော်လှန်​ရေးမှာ ​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့မြို့​ပေါင်း ၈၇ မြို့​ရှိလာပြီဖြစ်ပါတယ်။