Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ကော်စနစ်ဟာ ကောင်းမွန်တဲ့ တောတောင်ရေမြေတွေကို ထိန်းသိမ်းတဲ့ ဓလေ့တွေကို ပြန်ပြီးတော့ ဖော်ထုတ်ချင်တာပါပဲ”

ဌာနေ ကရင် လူမျိုးစုတို့၏ ကော်နယ်မြေ ဒေသ ၅ခုအား အသိအမှတ်ပြုပြီး တရားဝင် ပိုင်ဆိုင် စီမံခန့်ခွဲခွင့် လက်မှတ်အပ်နှင်းသည့် အခမ်းအနားကို ဧပြီ ၁၂ရက်မှ ၁၃ရက် အထိ ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေ သောသီတောအူး ဌာနေ တိုင်းရင်းသားများဥယာဉ် တွင် ပြုလုပ်ခဲ့သည်။ ဌာနေလူမျိုးစုတို့၏ ‘ကော်’ အား အတည်ပြုခြင်းနှင့် ပိုင်ဆိုင်ခွင့် အသိအမှတ်ပြု လက်မှတ်အပ်နှံခြင်း နှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုမြေယာကော်မတီဥက္ကဋ္ဌ ပဒိုမန်းဘထွန်းအား ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

KNU ဗဟို သစ်တောဌာနတာဝန်ခံ ပဒိုမန်းဘထွန်း ဓါတ်ပုံ-KNU

■KNU ဗဟို သစ်တောဌာနတာဝန်ခံ ပဒိုမန်းဘထွန်းနှင့်မေးမြန်းခြင်း

ဌာနေ ကရင် လူမျိုးစုတို့၏ ကော်နယ်မြေ ဒေသ ၅ခုအား အသိအမှတ်ပြုပြီး တရားဝင် ပိုင်ဆိုင် စီမံခန့်ခွဲခွင့် လက်မှတ်အပ်နှင်းသည့် အခမ်းအနားကို ဧပြီ ၁၂ရက်မှ ၁၃ရက် အထိ ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေ သောသီတောအူး ဌာနေ တိုင်းရင်းသားများဥယာဉ် တွင် ပြုလုပ်ခဲ့သည်။ ဌာနေလူမျိုးစုတို့၏ ‘ကော်’ အား အတည်ပြုခြင်းနှင့် ပိုင်ဆိုင်ခွင့် အသိအမှတ်ပြု လက်မှတ်အပ်နှံခြင်း နှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုမြေယာကော်မတီဥက္ကဋ္ဌ ပဒိုမန်းဘထွန်းအား ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

KNU ကပြန်လည်သတ်မှခဲ့​သော ​ကော​​ဒေသငါးခုမှ တစ်ခု ဓါတ်ပုံ-KNU

​မေး-ဧပြီ ၁၄ရက် နေ့က ထုတ်ပြန်ထားတဲ့ ဌာနေလူမျိုးစုတွေရဲ့ ကော် နယ်မြေ တာနဲ့ပတ်သက်ပြီး ရှင်းပြပေးပါလား ။

​ဖြေ-ကော်ဆိုတာက နယ်မြေတစ်ခုပဲပေါ့။ နယ်နိမိတ်သတ်မှတ်ချက်ရှိတဲ့နယ်မြေတစ်ခုပေါ့။ အဲဒီ နယ်မြေထဲမှာ သစ်တောတွေရှိမယ်။ ချောင်းတွေ၊မြောင်းတွေ အင်းအိုင်တွေရှိမယ်။ ကျေးရွာတွေရှိမယ် လယ်တွေတောင်ယာတွေရှိမယ် အများပိုင်မြေတွေရှိမယ်ပေါ့။ အများပိုင်မြေဆိုတာ သင်္ချိုင်းတို့ အထွဋ်အမြတ်ထားတဲ့မြေတို့ ရှိမယ်ပေါ့။အဲဒီမြေကို ကော်ခို၊ ကော်ခိုဆိုတာ အကြီးအကဲကို ပြောတာ ၊ ကော်ခို ကော်ခါဆိုတဲ့ အကြီးအကဲတွေက သားစဉ်မြေးဆက် နယ်မြေကို အုပ်ချုပ်တာပေါ့။ အဲဒီ အကြီးအကဲတွေက ကရင့် ဓလေ့ထုံးတမ်း၊ ယုံကြည်မှုကို ဦးဆောင်တယ်။ နတ်ဆရာပုံစံမျိုးပဲပေါ့။ ဓလေ့ထုံးတမ်းအရ နယ်မြေကို စီမံအုပ်ချုပ်တယ်။ နောက် ရိုးရာဓလေ့ထုံးတမ်းစည်းမျဉ်းဥပဒေအရ တရားစီရင်ရေးကို ဆောင်ရွက်တယ်။ ကော်ခို၊ ကော်ခါတွေဟာ ရိုးရာဓလေ့ထုံးတမ်းအရ နေထိုင်တဲ့သူတွေပေါ့။ အဲဒါ ကော်ရဲ့ အဓိပ္ပါယ်လို့ပဲပြောရမှာပေါ့။

Public Service Announcement

Public Service Announcement

​မေး-တောင်ငူခရိုင်မှာ ဧပြီ ၁၂၊ ၁၃ကလုပ်ခဲ့တဲ့အစည်းအဝေးမှာ​ကော် နယ်မြေ ၅ခုကို အသိအမှတ်ပြုတယ်ဆိုတာကို​ရော​ပြောပြပေးပါလား။

​ဖြေ-ကော်နယ်မြေ ၅ခုကတော့ KNU ရဲ့အောက်ချုပ်မှုအောက်မှာ လွတ်လွတ်လပ်လပ်ရှိတဲ့နယ်မြေတွေလေ။ ကော်ဓလေ့ထုံးစံ တွေကလည်းပေါ်ပေါ်လွင်လွင်ရှိနေတဲ့ကော်တွေပေါ့။

​မေး-KNUမှာ ခရိုင် ၇ခုရှိတော့ အဲဒီခရိုင်တွေမှာလည်း KNU ကလွတ်လွတ်လပ်လပ် အုပ်ချုပ်နိုင်တဲ့ အခြားဒေသတွေရှိတော့အဲဒီဒေသတွေမှာ သတ်မှတ်နိုင်တာမျိုးမရှိသေးတာက ဘာကြောင့်ပါလဲ။

​ဖြေ-ကော်ကတော့ အခုက ၅ခုပေါ့။ ကော်ပေါင်းက ၂၀၀ ကျော်ရှိတယ်။ ပြန်အတည်ပြုပေးဖို့ သတ်မှတ်ထားတဲ့ ဆောင်ရွက်ရမယ့် အချက်အလက်တွေရှိတယ် ဥပမာ နယ်မြေဆိုရင် သတ်သတ်မှတ်မှတ်နယ်မြေတွေကို တိုင်းထွာတာ မြေပုံထုတ်တာ သီးသန့်ရှိရမယ်။နောက် ကော်စနစ်ဆိုတာကလည်း ပေါ်ပေါ်လွင်လွင်ရှိထားရမယ်။ ဓလေ့ထုံးတမ်းတွေလည်း ရှိနေရမယ်။အခြားနယ်မြေတွေကအချက်အလက်မပြည့်စုံသေးလို့ အတည်ပြုပေးလို့မရသေးဘူး။

​မေး-အခုက တောင်ငူခရိုင်က ၄ခု၊ တပ်မဟာ(၅)နယ်မြေမူတြော်ခရိုင်မှာ ၁ခု ဆိုတော့ နယ်မြေသတ်မှတ်တာ ဆက်လုပ်သွားမယ့်အခြေအနေ ရှိပါသလား။

​ဖြေ-ဆက်လက်ဆောင်ရွက်ဖို့ရှိတယ်။ လောလောဆယ်က ကော်က ၂၀၀ ကျော်လောက်ရှိနေတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ အချက်အလက်နဲ့ အပြည့်အစုံ ဆောင်ရွက်ပြီးစီးမှု မရှိသေးတော့ သတ်မှတ်လို့ မရသေးဘူး။ ဆောင်ရွက်ပြီးစီးတဲ့ ဒီ ၅ခုပဲ အစဦးဆုံးသတ်မှတ်တာဖြစ်တယ်။

​မေး-ကော်တစ်ခု သတ်မှတ်မယ်ဆိုရင် ဘယ်လိုအချက်အလက်တွေလိုပါသလဲ၊ ပြီးတော့ ဧရိယာ အကျယ်အဝန်းက ဘယ်လိုမျိုးလိုအပ်ပါသလဲ။

​​ဖြေ-သူတို့က ဧရိယာ အကျယ်အဝန်းရယ်လို့မရှိဘူး။ ရှေးအစဉ်အဆက်က သူတို့ သတ်မှတ်ချက်တွေက ရှိထားပြီးသား။ တောင်ဘက်မှာ ဘယ်နယ်နိမိတ်၊ မြောက်ဘက်မှာ ဘယ်နယ်နိမိတ်ဆိုတာ။ဓလေ့ထုံးတမ်းအရ သတ်မှတ်ချက်ရှိထားပြီးသား။ ကော်နယ်မြေထဲမှာ တစ်ရွာရှိရင်ရှိမယ် လေးငါးရွာဖြစ်ရင်လည်းဖြစ်မယ်။ နောက်ပိုင်းမှာ ရွာတွေ များသွားတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဟိုးရှေးဘောင်စဉ်ဘောင်ဆက်က ရှိထားတဲ့ သတ်မှတ်ထားတာတွေပဲ။

​မေး-အခုသတ်မှတ်တာက KNU အုပ်ချုပ်ရေးနယ်မြေနဲ့ ကော်နယ်မြေနဲ့က သဘောသဘော၀ မတူဘူးပေါ့နော်။

​ဖြေ-KNU ကတော့ အစိုးရ တစ်ရပ်ရဲ့အုပ်ချုပ်မှုရှိတာပေါ့။ ကော်ကျတော့ KNUရဲ့အုပ်ချုပ်မှု အောက်မှာရှိနေတဲ့ ဓလေ့ထုံးတမ်း ရိုးရာဓလေ့၊ ဌာနေတိုင်းရင်းသားတွေရဲ့ စီမံအုပ်ချုပ်တဲ့နယ်မြေပေါ့ အဲဒီလိုမျိုး။ ကော်စနစ်က တိုင်းရင်းသားတွေရဲ့ မြေစီမံအုပ်ချုပ်မှုမြေဖြစ်တယ် ကမ္ဘာကလည်း ဌာနေတိုင်းရင်းသား တွေရဲ့ ဓလေ့နဲ့ပတ်သက်ပြီး အခွင့်အရေးရှိတယ် ဒီအခွင့်အရေးကို အလေးထားတယ်။ နောက်ပြီး ကော်စနစ်မှာ နယ်မြေတောတောင်နဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ သက်ဝင်ယုံကြည်မှုတွေရှိ တယ်။ နယ်မြေတောတောင်နဲ့ ပတ်သက်ပြီး ရှောင်ရန်ဆောင်ရန်၊ ထိန်းသိမ်းကာကွယ်ခြင်းနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ ရိုးရာဓလေ့တွေရှိတယ်။ ကောင်းမွန်တဲ့ သစ်တောရေမြေပေါ်မှာ စုပေါင်းကာကွယ်ခြင်း၊ စုပေါင်းသုံးစွဲခြင်း ဓလေ့တွေရှိတယ်။ ကော်စနစ်ဖြစ်တဲ့ နေရာတွေက နယ်မြေတွေမှာ သဘာ၀ ပတ်ဝန်းကျင်တောတောင်အနေအထား တခြား ကော်စနစ် မရှိပေမယ့် မှေးမှိန်သွားတဲ့နေရာထက် ပိုပြီးတော့ ကောင်းမွန်တာတွေ့ရတယ်။ ဒါကိုလည်းဖော်ထုတ်မြှင့်တင်ချင်တာလည်းပါတာပေါ့။

​မေး-ဒါဆို လက်ရှိ KNU အုပ်ချုပ်ရေးနယ်မြေ ဒါမှမဟုတ် နှစ်ဖက် ဆက်စပ် အုပ်ချုပ်တဲ့နယ်မြေတွေမှာ ရှိတဲ့ မြို့ပြတွေက ကော်စနစ်သတ်မှတ်လို့မရဘူးလားခင်ဗျ။

​ဖြေ-မရဘူး။ခုဏပြောသလို သူ့သတ်မှတ်ချက် တွေရှိရမယ် နောက် ကော်ခို အစဉ်အလာကြီးတဲ့အကြီးအကဲတစ်ယောက်ရှိရအုံးမယ်။ မြေပြန့်ဘက်မှာလည်းရှိပါတယ်။ ကော်စနစ်ကတော့ စီမံအုပ်ချုပ်မှူမရှိတော့ဘူး၊ ဓလေ့ထုံးတမ်းအရ တရားစီရင်မှုတွေမရှိတော့ဘူး ဒါပေမဲ့ တစ်ခုရှိသေးတယ် ဓလေ့ထုံးတမ်းယုံကြည်မှုပေါ့ ။ ဓလေ့ထုံးတမ်း ယုံကြည်မှုဆိုတာ တို့ကရင်တွေက တောစောင့်နတ် တောင်စောင့်နတ် ကို ယုံကြည်တယ် တစ်နှစ်တစ်ခါသွားပြီးတော့ ပူဇော်ပသတယ် အဲဒါ တစ်ခုပဲကျန်တော့တယ် မြေပြန့်ဘက်မှာ။ တောင်ပေါ်မှာကျတော့ ဓလေ့ထုံးတမ်းတရားစီရင်မှုတွေရှိတယ်။ စီမံအုပ်ခုပ်မှုတွေရှိတယ်။ နောက် သူ့ရွာသားတွေကလည်း အသိအမှတ်ပြုမှုရှိနေတယ်။ ဒီကော်စနစ်ကို ဟိုး ၂၀၁၅ ကနေ စပြီးတော့ ရှိနေတဲ့နေရာကိုတော့ ထိန်းသိမ်းမြင့်တင်ရမယ် နည်းနည်း မှေးမှိန်တဲ့နေရာတွေကိုတော့ ဖော်ထုတ်ပြီး ထိန်းသိမ်းမြှင့်တင်ဖို့လိုတယ်။ အဲဒီ ပေါ်လစီ ချတဲ့နောက်ပိုင်း ခုနစ်နှစ်လောက်ရှိပြီ။ အခု အာဏာသိမ်းတာနဲ့ဘာမှမဆိုင်ဘူး။

​မေး-ရှင်းပြပေးတာ ကျေးဇူးပါ။ အခြားဘာတွေ ဖြည့်စွက်ပြောလိုပါသလဲ။

​ဖြေ-ဒီကော်စနစ်ဟာ ကောင်းမွန်တဲ့ တောတောင်ရေမြေတွေကို ထိန်းသိမ်းတဲ့ ဓလေ့တွေကို ပြန်ပြီးတော့ ဖော်ထုတ်ချင်တာပါပဲ။ ကျွန်တော်တို့ ဒီ စနစ်က မှေးမှိန်ပျောက်ကွယ်လု ရှိတယ်။တချို့နေရာမှာ ပေါ်ပေါ်ထင်ထင်ကြီးကို ရှိတယ် ဒါလည်းထူးခြားမှုတစ်ခုပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကော်စနစ်ဆိုတာ ဟိုး ရှေးအဆက်ဆက်က ရှိနေတာ ဒီနေ့အထိ ရှိနေတော့ ကရင်လူမျိုးဆိုတာ ဌာနေတိုင်းရင်းသား ဖြစ်တယ်တယ်ဆိုတာ အဲဒီမှာပေါ်လွင်တယ်။ ကော်စနစ်ကိုဖော်ထုတ်တယ်ဆိုတာ ကရင်လူမျိုးဟာ ဌာနေတိုင်းရင်းသား ဖြစ်တယ်ဆိုတာကိုလည်း ဖော်ပြချင်တာ ပါတယ်။

ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။