Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီကို ထိုးစစ်ဆင်သည့် စစ်​ကောင်စီတပ်ရာချီသေဆုံးကာ ရှေ့မတိုးနိုင်ဟု KNU ထုတ်ပြန်

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

(စစ်​ကောင်စီတပ်ယာဥ်တန်းအား KNLA နှင့်​တော်လှန်​ရေးတပ်များကတိုက်ခိုက်၍ ယာဥ်တစ်စီးမီး​လောင်​နေစဥ်။ ဓါတ်ပုံ-KNU)
(စစ်​ကောင်စီတပ်ယာဥ်တန်းအား KNLA နှင့်​တော်လှန်​ရေးတပ်များကတိုက်ခိုက်၍ ယာဥ်တစ်စီးမီး​လောင်​နေစဥ်။ ဓါတ်ပုံ-KNU)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် ကရင်ပြည်နယ် မြ၀တီမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များအား ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) မှ ဦးဆောင်ပြီး ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီသေဆုံးခဲ့ဟု KNU ဗဟိုက ယနေ့မနက်တွင် ထုတ်ပြန်သည်။

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခလရ(၂၇၅) တပ်အား ဧပြီ ၁၁ရက်တွင် KNLA၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကသိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက မြဝတီမြို့အား ပြန်လည်ရရှိရန် “အောင်ဇေယျ” အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်အားဖော်ဆောင်နေခြင်းဖြစ်သည်။

ထိုးစစ်ဆင်လာသော အာဏာသိမ်းစစ်ကောင်စီတပ်များအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့မှ ၎င်းတို့လာရာလမ်းတစ်လျှောက်တွင် အဆတ်မပြတ် ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ သံချပ်ကာယာဉ်အပါအဝင် စစ်သုံးကားအချို့ ပျက်စီးခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်ဖွဲဝင်ရာကျော် ထိခိုက်သေးဆုံးခဲ့ရသောကြောင့် ရှေ့သို့ဆက်မတက်နိုင်ဘဲ ဒေါန တောင်တန်း အနောက်ဖက် တောင်ခြေ တွင်သာ ရပ်တန့် နေခဲ့ရကြောင်း အသိပေးသည်။

“စကစစစ်ကြောင်းက တောင်ခြေနားမှာပဲ ရပ်တန့်နေတယ်။ ကျွန်တော်တို့ သေချာပြင်ဆင်ပြီး လုပ်နေပါတယ်။ အများကြီးရှေ့မတိုးနိုင်ဘူး။ ဒီတစ်ပတ်လောက်အတွင်းမှာ ဧပြီ ၁၅ရက်နေ့အထိ ၁၀၀လောက်သေတယ်ပြောတယ်။ ၁၅ရက်နောက်ပိုင်းမှာ ၃၀၊၄၀လောက် ထပ်သေတယ်”ဟု ကျားဖြူစစ်ကြောင်းမှဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့တိုက်ပွဲနှင့်ပတ်သက်ပြီး “ကော့ကရိတ်ကို ကျွန်တော်တို့ ထိန်းထားနိုင်အောင်ကြိုးပမ်းနေပါတယ်။ စစ်ကူလာတဲ့စစ်ကြောင်းလည်း ဖြတ်တောက်ထားနိုင်တယ်။ ကော့ကရိတ်မှာက တိုက်ပွဲက နေ့တိုင်းဖြစ်နေတာ။ မြို့ထဲမှာရော၊မြို့ပြင်မှာရောပဲ”ဟု ၎င်းက ပြောသည်။

ထို့အပြင် တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ဖျက်စီးခဲ့သောစစ်ကောင်စီတပ်၏ ယာဉ်များ၏ ဓာတ်ပုံမှတ်တမ်းကိုလည်း ဖော်ပြသည်။

ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များသည် ၎င်းတို့ လာရာလမ်း တစ်လျှောက်တွင် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ နေရာဒေသများအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့အား လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

ထိုသို့ တိုက်ခိုက်ခဲ့ခြင်းကြောင်း အပြစ်မဲ့ အရပ်သားပြည်သူလူထုများ ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့ခြင်းများရှိသည့်အပြင် ပြည်သူ လူထုများ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများလည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။