Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခလရ(၁၀၃)တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ခန့် KNU တပ်မဟာ(၄)ထံ လက်နက်ချ

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

(ခလရ(၁၀၃)တပ်ရင်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - တပ်မဟာ(၄))
(ခလရ(၁၀၃)တပ်ရင်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - တပ်မဟာ(၄))

တိုက်ပွဲအတွင်းလည်း စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး လက်နက်မျိုးစုံ ၆၇လက်ရရှိ

ဟန်နွေ၊သရဖူ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေတွင် ခလရ(၁၀၃)တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ဦး လက်နက်ချခဲ့ကြောင်း ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

မြန်မာ – ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းကို ရုတ်သိမ်းထွက်ခွာလာစဉ် ဧပြီ ၁၅ရက် ယနေ့တွင် မောထာဒေသနှင့် ထီးထာကြား၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

(ခလရ(၁၀၃)တပ်ရင်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - တပ်မဟာ(၄))
(ခလရ(၁၀၃)တပ်ရင်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – တပ်မဟာ(၄))

” သူ့စခန်းကို ရုတ်သိမ်းပြီးတော့ ထီးထာ့ဗျူဟာကို ပြန်လာမယ်။ ပြန်လာမယ့် အချိန်မှာ ကျနော်တို့ KNLA တပ်မဟာ(၄)က သူတို့ကတိုက်တယ်။ သူတို့က တိုက်မနိုင်တဲ့အတွက်ကြောင့် လက်နက်ချတယ်။ အားလုံး တပ်ရင်းမှူး အပါ ၄၈ယောက်ပေါ့နော်။ လက်နက် ၆၇ လက် ၊ လက်နက်ကြီး အပါ”ဟု ပဒိုစောအယ်နားက ပြောသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၄) ထားဝယ်ခရိုင်အတွင်း တပ်ရင်းအလိုက် လက်နက်ချသည့်ဖြစ်စဉ် ယခင်က မရှိခဲ့ဟုလည်း ၎င်းက ပြောသည်။

ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးခဲ့ကြောင်း၊ အကယ်၍ တိုက်ပွဲမဖြစ်ဘဲလက်နက်ချပါက အသက်ဆုံးရှုံးမည်မဟုတ်ကြောင်း ပဒိုစောအယ်နားက ပြောသည်။

” ဘာသတင်းစကား ပေးလိုလဲဆိုတော့ အရင်က လက်နက်ချမယ်ဆို သူတို့က အသက်ဆုံးရှုံးမှုမရှိဘူးပေါ့နော်။ တိုက်မနိုင်တော့မှ လက်နက်ချတယ်ဆိုရင် ဆုံးရှုံးမှုရှိတာပေါ့”ဟု ထားဝယ်ခရိုင်အတွင်းရေးမှူးက ပြောသည်။

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများနှင့် တော်လှန်ရေးရဲဘော်များ အောင်ပွဲ ခံနေသည့် ဓာတ်ပုံမှတ်တမ်းကိုလည်း KNU တပ်မဟာ(၄)က ထုတ်ပြန်ခဲ့သည်။

“KNUက ဖြတ်လေးဖြတ်လုပ်ထားတဲ့ ရှေ့တန်းတပ်ရင်း။တပ်မဟာ(၄)မှာ တိုက်ရိုက်အလင်းဝင်လာတာလို့ သိရတယ်”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။