Connect with us

Hi, what are you looking for?

သတင်း

ခလရ(၁၀၃)တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ခန့် KNU တပ်မဟာ(၄)ထံ လက်နက်ချ

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

(ခလရ(၁၀၃)တပ်ရင်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - တပ်မဟာ(၄))
(ခလရ(၁၀၃)တပ်ရင်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - တပ်မဟာ(၄))

တိုက်ပွဲအတွင်းလည်း စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး လက်နက်မျိုးစုံ ၆၇လက်ရရှိ

ဟန်နွေ၊သရဖူ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေတွင် ခလရ(၁၀၃)တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ဦး လက်နက်ချခဲ့ကြောင်း ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

မြန်မာ – ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းကို ရုတ်သိမ်းထွက်ခွာလာစဉ် ဧပြီ ၁၅ရက် ယနေ့တွင် မောထာဒေသနှင့် ထီးထာကြား၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

(ခလရ(၁၀၃)တပ်ရင်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - တပ်မဟာ(၄))
(ခလရ(၁၀၃)တပ်ရင်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – တပ်မဟာ(၄))

” သူ့စခန်းကို ရုတ်သိမ်းပြီးတော့ ထီးထာ့ဗျူဟာကို ပြန်လာမယ်။ ပြန်လာမယ့် အချိန်မှာ ကျနော်တို့ KNLA တပ်မဟာ(၄)က သူတို့ကတိုက်တယ်။ သူတို့က တိုက်မနိုင်တဲ့အတွက်ကြောင့် လက်နက်ချတယ်။ အားလုံး တပ်ရင်းမှူး အပါ ၄၈ယောက်ပေါ့နော်။ လက်နက် ၆၇ လက် ၊ လက်နက်ကြီး အပါ”ဟု ပဒိုစောအယ်နားက ပြောသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၄) ထားဝယ်ခရိုင်အတွင်း တပ်ရင်းအလိုက် လက်နက်ချသည့်ဖြစ်စဉ် ယခင်က မရှိခဲ့ဟုလည်း ၎င်းက ပြောသည်။

ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးခဲ့ကြောင်း၊ အကယ်၍ တိုက်ပွဲမဖြစ်ဘဲလက်နက်ချပါက အသက်ဆုံးရှုံးမည်မဟုတ်ကြောင်း ပဒိုစောအယ်နားက ပြောသည်။

” ဘာသတင်းစကား ပေးလိုလဲဆိုတော့ အရင်က လက်နက်ချမယ်ဆို သူတို့က အသက်ဆုံးရှုံးမှုမရှိဘူးပေါ့နော်။ တိုက်မနိုင်တော့မှ လက်နက်ချတယ်ဆိုရင် ဆုံးရှုံးမှုရှိတာပေါ့”ဟု ထားဝယ်ခရိုင်အတွင်းရေးမှူးက ပြောသည်။

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများနှင့် တော်လှန်ရေးရဲဘော်များ အောင်ပွဲ ခံနေသည့် ဓာတ်ပုံမှတ်တမ်းကိုလည်း KNU တပ်မဟာ(၄)က ထုတ်ပြန်ခဲ့သည်။

“KNUက ဖြတ်လေးဖြတ်လုပ်ထားတဲ့ ရှေ့တန်းတပ်ရင်း။တပ်မဟာ(၄)မှာ တိုက်ရိုက်အလင်းဝင်လာတာလို့ သိရတယ်”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

အာဏာသိမ်းစစ်အုပ်စုဟာ အာဏာတည်မြဲရေး ၊ဆက်နွယ်နေသူတွေရဲ့အကျိုးစီးပွားအတွက်သာ ကြည့်ရှုတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း ကရင်အမျိုးသားအစည်အးရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပြီး အာဏာရှင်စနစ်နဲ့ အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ နည်းလမ်းမျိုးစုံသုံး ဆန့်ကျင်ကြရန် တိုက်တွန်းလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သား ၁ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်နြပ်ပါတယ်။