Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“လေးယောက်ကတော့ မီးထဲမှာတင် သေဆုံးသွားတာပါ။ တချို့က ရုပ်မပီသတော့အောင်ဖြစ်ပြီး သေဆုံးတာပါ။ သုံးနှစ်သားကလေးတစ်ယောက်ဆိုရင် မီးလောင်နေတဲ့ အမေရဲ့ရင်ခွင်ထဲကနေ သွေးတွေနဲ့ ထွက်ပြေးလာခဲ့တာပါ”

ရွာအတွင်း​လေ​ကြောင်းမှ ဗုံးကျဲမှုကြောင့် ဒေသခံပြည်သူ ၇ဦးသေဆုံးပြီး ၃၀ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။​

(ရွာထဲဗုံးကျဲခံရမှု​ကြောင့် ​သေဆုံးခဲ့သူတစ်ဦးအနီးမှ ​ဒေသခံတစ်ဦး နှင့် ရွာအတွင်းပျက်စီးမှု။ဓါတ်ပုံ-CJ)
(ရွာထဲဗုံးကျဲခံရမှု​ကြောင့် ​သေဆုံးခဲ့သူတစ်ဦးအနီးမှ ​ဒေသခံတစ်ဦး နှင့် ရွာအတွင်းပျက်စီးမှု။ဓါတ်ပုံ-CJ)

▪︎စစ်​ကောင်စီတပ်​လေ​ကြောင်းကဗုံးကျဲခဲ့တဲ့မိုးတား​ရွာမှ​​​​ဒေသခံတစ်ဦးနှင့် ​မေးမြန်းခန်း

စစ်ကောင်စီသည် ကသာမြို့နယ် မိုးတားရွာကို ဇန်နဝါရီ ၁၈ရက်ညနေကလေကြောင်းမှ ဗုံးကြဲခဲ့သည်။ရွာအတွင်း တိုက်ပွဲလုံးဝ မဖြစ်ဘဲ အလှူတစ်ခုလုပ်ျနချိန်တွင် ဗုံးကျဲခဲ့ခြင်းဖြစ်​ကြောင်းဒေသခံများကပြောသည်။ ရွာအတွင်း​လေ​ကြောင်းမှ ဗုံးကျဲမှုကြောင့် ဒေသခံပြည်သူ ၇ဦးသေဆုံးပြီး ၃၀ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။​သေဆုံးသူများတွင် ကနဦး စုံစမ်းသိရသည်မှာ ​ဒေါ်ညို ၊ ​ဒေါ်တင်ငြိမ်း ၊မစန်း ၊မ​အေးခိုင် ၊ ​ဒေါ်ခင်မာကြည် ၊ ဦး​မောင်လွင် တို့ဖြစ်ပြီး တစ်ဦး၏ အမည်ကိုမူမသိရ​သေး​ပေ။မိုးတားကျေးရွာဗုံးကျဲခံရမှုကို ကိုယ်တိုင်ကြုံခဲ့​သောဒေသခံတစ်ဦးအား People’s Spring က ဆက်သွယ်မေးမြန်းထားပါသည်။

(ရွာထဲဗုံးကျဲခံရမှု​ကြောင့် ​သေဆုံးခဲ့သူတစ်ဦးအနီးမှ ​ဒေသခံတစ်ဦး နှင့် ရွာအတွင်းပျက်စီးမှု။ဓါတ်ပုံ-CJ)
(ရွာထဲဗုံးကျဲခံရမှု​ကြောင့် ​သေဆုံးခဲ့သူတစ်ဦးအနီးမှ ​ဒေသခံတစ်ဦး နှင့် ရွာအတွင်းပျက်စီးမှု။ဓါတ်ပုံ-CJ)

မေး- မနေ့က ဘာတွေဖြစ်ခဲ့လဲ သိပါရစေ။

ဖြေ- မနက် ၁၁ နာရီ ၁၅ မိနစ်လောက်မှာ တိုက်ပွဲဖြစ်တဲ့အသံတွေကျွန်တော်တို့ကြားပါတယ်။ တိုက်ပွဲက လေကြောင်းကျဲချခံရတဲ့နေရာကနေ ၅ မိုင်ကျော်ကျော်လောက်ဝေးပါတယ်။ ဝေးတဲ့အခါကျတော့ ပြည်သူတွေက ခါတိုင်းနေသလိုပဲနေနေကြတာပါ။ ညနေ ၄ နာရီကျော်လောက်မှာ လေယာဉ် ၂ စီးဝဲလာတာတွေ့လို့ မော့ကြည့်နေကြတာပါ။ အဲဒီအချိန်မှာပဲ လေယဉ်နဲ့ဗုံးကျဲချတာပါ။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့မဆိုင်ဘဲ ပစ်ချသွားတာ။

မေး- ဘယ်အဖွဲ့တွေနဲ့တိုက်ပွဲဖြစ်တယ်လို့ ကြားလဲ

Public Service Announcement

Public Service Announcement

ဖြေ- တိုက်ပွဲက ABSDFရယ် ၊KIA ရယ် ၊PDF ရယ်ပေါင်းပြီးတိုက်တာလို့ကြားပါတယ်။ စစ်ကောင်စီဘက်က အကျအရှုံးများပြီး လာပစ်တာမှာ ရွာကိုချသွားတာ။

မေး- အဲဘက်မှာတိုက်ပွဲက ဘယ်နေ့ကစဖြစ်တာလဲ။

ဖြေ- မနေ့က မနက်ဆယ်နာရီကျော်လောက်ကစပြီး ပစ်ခတ်သံတွေကြားနေရတာ။ ရွာနဲ့က ဝေးတော့ ခပ်သဲ့သဲ့ပဲ ကြားရတာပါ။

မေး- ရွာထဲဘဗုံးကျဲခံရ​တဲ့အတွက်ထိခိုက်သေဆုံးမှုတွေသိပါရစေ။

ဖြေ- ဒေသခံ ၇ ဦးသေဆုံးသွားပါတယ်။ ၄ ဦးကဒဏ်ရာအပြင်းအထန်ရထားပါတယ်။ အသေးစားဒဏ်ရာရတဲ့သူက ၃၀ ‌ကျော်ပါတယ်။ သေဆုံးတာက အမျိုးသမီး ၆ယောက်၊အမျိုးသား၁ယောက်ပါ။

(ရွာထဲဗုံးကျဲခံရမှု​ကြောင့် ​သေဆုံးခဲ့သူတစ်ဦးအနီးမှ ​ဒေသခံတစ်ဦး နှင့် ရွာအတွင်းပျက်စီးမှု။ဓါတ်ပုံ-CJ)
(ရွာထဲဗုံးကျဲခံရမှု​ကြောင့် ​သေဆုံးခဲ့သူတစ်ဦးအနီးမှ ​ဒေသခံတစ်ဦး နှင့် ရွာအတွင်းပျက်စီးမှု။ဓါတ်ပုံ-CJ)

မေး- လတ်တလောရွာအခြေအနေက ဘယ်လိုဖြစ်​နေလဲ။

ဖြေ- နောက်ထပ် လေကြောင်း တိုက်ခိုက်မှုတွေလာမယ်ဆိုလို့ ဒေသခံတွေ မနေရဲကြဘဲ ထွက်ပြေးနေကြရပါတယ်။

မေး – မိုးတားရွာကို စစ်ကောင်စီက အရင်တုန်းက ဝင်ခဲ့ဖူးလား။

ဖြေ- အရင်တုန်းကလည်း ဝင်မွှေဖူးပါတယ်။ အိမ်တစ်ချို့ကိုလည်းမီးရှို့ဖျက်ဆီးသွားဖူးပါတယ်။

မေး- ရွာမှာဗုံးခိုကျင်းတွေ တူးထားကြလား။

ဖြေ – ရွာမှာ တိုက်ပွဲဖြစ်တာမရှိခဲ့တော့ ဗုံးခိုကျင်းလည်းမတူးထားမိကြပါဘူး။ ဗုံးခိုကျင်းမရှိပါဘူး။

မေး- မိုးတားရွာ တည်ရှိတဲ့ပုံစံကိုပြောပြပေးပါလား။

ဖြေ- ရွာက ပြည်သူတွေဒီအတိုင်းသီးသန့်နေတဲ့ရွာကြီးပါ။ ရွာမှာတင်ရပ်ကွက် ငါးခုရှိပါတယ်။ အိမ်ခြေထောင့်နှစ်ရာနဲ့ လျှပ်စစ်မီးတွေရှိတဲ့ရွာကြီးပါ။

မေး- တိုက်ပွဲဖြစ်တဲ့နေရာနဲ့ မှားနိုင်တဲ့အနေအထားမျိုးရှိလား။

ဖြေ- ဘာမှမမှားနိုင်ဘူး။ တောတောင်လည်းမထူတတ်ဘူး။ ရှေ့ဘက်မှာဆိုဧရာဝတီ မြစ်ကြီးရှိတယ်။ ဘုရားစေတီတွေလည်းရှိတယ်။ ဘုရားကုန်းတွေလည်းရှိတယ်။ မိုးတားကျေးရွာကဘုရားကြီးဆိုရင် အထက်ဗမာပြည်မှာ ဉာဏ်တော်အမြင့်ဆုံးလို့ပြောလို့ရပါတယ်။ ဒါကြောင့်ဘုရားကြီးလိုအမည်ပေးထားတာပါ။ ရှင်းရှင်းလင်းလင်းကြီးပါ။ အိမ်ခြေတွေလည်းအရမ်းစိပ်ပါတယ်။ ကျယ်ပြန့်တဲ့စိုက်ခင်းတွေလည်း အများကြီးရှိပါတယ်။ တမင်သက်သက်ကို ချသွားတာပါ။

မေး- လေယာဉ်ဘယ်နှစ်စီးနဲ့ လာပစ်တာလဲ။

ဖြေ- နှစ်စီးနဲ့လာပစ်တာ။ ဗုံးကြီးတွေ ချသွားတာ။မိုးတားရွာရဲ့နေရာလေးခုကို ဗုံးကျဲချသွားတာပါ။

မေး- လေကြောင်းကနေ လာမတိုက်ခင် ရွာထဲကအခြေအနေကို ပြောပြ​ပေးပါလား။

ဖြေ- ရွာထဲမှာ ဒေသအလှူတစ်ခု လုပ်နေတာပါ။ လူတွေက အလှူကိုရောက်နေတာ။ အဲဒီအလှူကိုကြည့်ခြင်းအားဖြင့်လည်း ကျနော်တို့ရွာမှာတိုက်ပွဲမဖြစ်ဘူးဆိုတာလုံးဝပေါ်လွင်ပါတယ်။ လေယာဉ်တွေပျံလာတော့ ငေးကြည့်သူကြည့်၊ ကိုယ့်အိမ်ကိုယ်ပြန်သူပြန်နဲ့ အဲဒီလိုအခြေအနေမှာ ပစ်ချသွားတာပါ။

မေး- သေဆုံးတဲ့သူတွေ၊ဒဏ်ရာရတဲ့သူတွေ အနေအထားကရော။

ဖြေ – လေးယောက်ကတော့ မီးထဲမှာတင် သေဆုံးသွားတာပါ။ တချို့က ရုပ်မပီသတော့အောင်ဖြစ်ပြီး သေဆုံးတာပါ။ သုံးနှစ်သားကလေးတစ်ယောက်ဆိုရင် မီးလောင်နေတဲ့ အမေရဲ့ရင်ခွင်ထဲကနေ သွေးတွေနဲ့ ထွက်ပြေးလာခဲ့တာပါ။

မေး- အခုလို လေကြောင်းကနေပစ်တဲ့အပေါ် ဘာပြောချင်လဲ။

မေး – တိုက်ပွဲဆိုတာက‌တော့ဖြစ်လို့ရတယ်။ ဒါပေမယ့် ပြည်သူတွေကို အခုလို လုပ်တဲ့အပေါ် တစ်ရွာလုံးက စက်ဆုပ်ရွံရှာနေပြီ။

မေး- လေကြောင်းကနေ လာတိုက်ဦးမယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်နေတယ်ကြားတယ်။

ဖြေ-ဟုတ်ပါတယ်။ မနေ့ညကလည်း တံတားဦးကနေ တက်လာပြီတို့၊ ဒီမနက်လည်း လာအုံးမှာဆိုပြီး လူတွေက ကြောက်လန့်ပြီး ထွက်ပြေးနေကြရတယ်။ တချို့ဆို ငါတို့က မပုန်းတတ်ဘူး။ သွားစရာနေရလည်းမရှိဘူး။ လာပစ်လည်း ခံလိုက်‌တော့မယ်ဆိုပြီးဒီအတိုင်း ငိုယိုနေသူတချို့လည်းရှိနေပါတယ်။

မေး – ဒီဖြစ်ရပ်တခုလုံးပေါ်မှာ ခြုံပြီးတော့ဒေသခံတစ်ယောက်နေနဲ့ဘာပြောချင်လဲ။

ဖြေ- ပြည်သူတွေကို လေကြောင်းကနေ တိုက်နေတဲ့ အသံတွေလည်း ကျနော်တို့ကြားခဲ့ဖူးပါတယ်။အခုလည်း ကျွန်တော်တို့ရွာကို ပစ်ချသွားပြီ။ ထပ်လာပစ်မှာကိုလည်း စိုးရိမ်ထိန့်လန့်နေကြရတယ်။ ဒီလို ပြည်သူတွေအပေါ် လေကြောင်းကနေဗုံးကြဲချတဲ့လုပ်ရပ်တွေကို ရပ်တန့်အောင်လုပ်နိုင်တဲ့အဖွဲ့အစည်းတွေရှိရင် ရပ်တန့်အောင်လုပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်။

မေး- ပစ်တဲ့စစ်​ကောင်စီတပ်​လေယာဥ်မှူး​တွေကိုရော ဘာပြောချင်လဲ။

ဖြေ- သိပ်ပြောချင်ပါတယ်။ သူတို့ပစ်လို့ ပြည်သူတွေထိခိုက်တဲ့ သတင်းတွေကို သတင်းမီဒီယာတွေ ပေါ်မှာတက်လာတဲ့ ပုံတွေကိုတဆိတ်‌လောက်ကြည့်ပေးပါ။ ဒါတွေဟာ ငါတို့ရဲ့ပြည်သူပြည်သားတွေပါလား။ ငါတို့တတ်မြောက်ထားတဲ့ပညာတွေက ပြည်သူတွေထောက်ပံ့ထားတဲ့ ပိုက်ဆံတွေနဲ့ သင်ယူတတ်မြောက်ထားတာ။ ဒါပေမယ့် ပြည်သူတွေကိုကာကွယ်ရမယ့်အစား ဗုံးကြဲချမိပြီဆိုပြီး နောင်တတရားရပြီး အမြန်ဆုံးအလင်းဝင်နိုင်ပါစေ။ နောက်နောင်လည်း ရွာတွေအပေါ်ကို အခုလိုမလုပ်ဖို့ ကျနော်တို့တောင်းဆိုချင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။