Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“တခါတလေထိုင်းအာဏာပိုင်တွေကကရင်နီတတပ်မတော်ကို ဖိအားပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ရိက္ခာတင်ပို့ခွင့် မပြုတော့တာတွေ လုပ်တတ်ပါတယ်။ ခုတကြိမ်သူတို့ ရိက္ခာတင်ပို့လမ်းပိတ်တားတာတစ်လလောက်ရှိပါပြီ။ခုထိလည်း ပြန်မဖွင့်သေးဘူး”

လက်ရှိ ကရင်နီ(ကယား)ပြည်နယ်၏ စစ် ဘေးရှောင်ပြည်သူများရင်ဆိုင်​နေရ​သော အခက်အခဲများကို မြေပြင်တွင် စာရင်းပြုစု ကူညီ​ပေးနေသော ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက် မှ တာဝန်ရှိသူ ခွန်းရူဘီ ကိုPeople’s spring က ဆက်သွယ်မေးမြန်းထားပါသည်။

(တိုက်ပွဲကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရသော မယ်စဲ့မြို့နယ်ရှိ ဒေသခံပြည်သူများနှင့် မယ်စဲ့မြို့တည်​နေရာကိုတွေ့ရစဥ်။ ဓာတ်ပုံ - Kantarawaddy Times)
(တိုက်ပွဲကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရသော မယ်စဲ့မြို့နယ်ရှိ ဒေသခံပြည်သူများနှင့် မယ်စဲ့မြို့တည်​နေရာကိုတွေ့ရစဥ်။ ဓာတ်ပုံ - Kantarawaddy Times)

▪︎ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက် မှ တာဝန်ရှိသူ ခွန်းရူဘီ နဲ့​မေးမြန်းခန်း

ကရင်နီ(ကယား)ပြည်နယ်တွင်စစ်​ဘေး​ရှောင်ပြည်သူများမှာနေအိမ်စွန့်ခွာထွက်​ပြေး​နေရမှုမှာ ၂ နှစ်​ကျော်လာပြီးအကူအညီ​လျော့နည်းလာသဖြင့်အခက်အခဲမျိုးစုံ ရင်ဆိုင်နေရသည်။အထူးသဖြင့် စစ်ရှောင်စခန်းများ၌ရိက္ခာ ပြတ်လပ်မှု မှာ ယခုကာလတွင်ပိုမိုဆိုးဝါးလာသည်။ထို့အပြင် တိုက်ပွဲများပိုမို ကျယ်ပြန့်လာနေပြီး စစ်ရှောင်စခန်းများနှင့် ပြည်သူများမှာလည်း ထပ်ခါထပ်ခါပြောင်း​ရွေ့မှုများရှိလာသည်။ ဇွန်လဆန်းကစတင်ခဲ့သော မယ်စဲ့ မြို့တိုက်ပွဲ နှင့် ဖားဆောင်းတိုက်ပွဲများကြောင့်လည်း ဒေသခံများမှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်​ပြေးတိမ်း​ရှောင်ရသူများလည်းရှိ​နေသည်။ လက်ရှိ ကရင်နီ(ကယား)ပြည်နယ်၏ စစ် ဘေးရှောင်ပြည်သူများရင်ဆိုင်​နေရ​သော အခက်အခဲများကို မြေပြင်တွင် စာရင်းပြုစု ကူညီ​ပေးနေသော ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက် မှ တာဝန်ရှိသူ ခွန်းရူဘီ ကိုPeople’s spring က ဆက်သွယ်မေးမြန်းထားပါသည်။

(တိုက်ပွဲကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရသော မယ်စဲ့မြို့နယ်ရှိ ဒေသခံပြည်သူများနှင့် မယ်စဲ့မြို့တည်​နေရာကိုတွေ့ရစဥ်။ ဓာတ်ပုံ - Kantarawaddy Times)
(တိုက်ပွဲကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရသော မယ်စဲ့မြို့နယ်ရှိ ဒေသခံပြည်သူများနှင့် မယ်စဲ့မြို့တည်​နေရာကိုတွေ့ရစဥ်။ ဓာတ်ပုံ – Kantarawaddy Times)

မေး- အခု ကရင်နီဒေသ(ဖယ်ခုံ၊မိုးဗြဲ)အပါအဝင် စစ်ရှောင်အရေအတွက် ဘယ်လောက်ထိရှိနေပြီလဲခင်ဗျ။

ဖြေ- ဖယ်ခုံ၊ မိုးဗြဲ အပါအဝင် ပျမ်းမျှ စစ်ရှောင်ဦးရေ ၂၁၀,၀၀၀ ကျော်ပါပြီ။

မေး-မယ်စဲ့၊ဖားဆောင်း မှာ အခုချိန်ထိ တိုက်ပွဲ​တွေ ဖြစ်နေတာဆိုတော့ စစ်ဘေးရှောင် ပြည်သူအရေ အတွက် ဘယ်လောက်ထပ်တိုးလာလဲ။

ဖြေ-နဂိုက ကရင်နီပြည်မှာ စစ်ရှောင်အများဆုံးဟာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ဒီးမော့ဆိုမြို့ဖြစ်ပါတယ်။ ဖားဆောင်း၊ မယ်စဲ့တို့ဟာ စစ်ရေးတင်းမာမှုသိပ်မဖြစ်သေးတဲ့ မြို့များဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ပွဲကြောင့် ပျမ်းမျှ မယ်စဲ့ ရှိ လူဦးရေ ၄၀၀၀-၅၀၀၀ ကြား ဟာ နယ်ချင်းထိစပ်တဲ့ ထိုင်းနိုင်ငံထဲကို ထွက် ပြေးခိုလှုံကြပါတယ်။အဲဒီအထဲမှာ ဖရူဆို၊ဘောလခဲ ဘက်က နေ နဂိုစစ်ရှောင်ပြည်သူတွေလည်း ပါပါတယ်။

မေး- ထိုင်းဘက်ကို စစ်​ဘေးရှောင်ရတဲ့ပြည်သူ​တွေအတွက် တစ်ဖက်နိုင်ငံရဲ့ အကူအညီပံ့ပိုးမှုကရော ဘယ်လိုရှိပါသလဲ။

ဖြေ-ထိုင်းအာဏာပိုင်တွေကလည်း ဒီစစ်ရှောင်တွေကို တစ်ပတ်၊ နှစ်ပတ်လောက်သာ လက်ခံထားပြီး ပြန်ပို့မယ်လို့ ကြားသိရပါတယ်။ ဒါကလည်း ဖြစ်နိုင်ခြေရှိပါတယ်။ ထိုင်းက ဒုက္ခသည်တွေကို လက်ခံဖို့ သူတို့ ပေါ်လစီမရှိလို့ပါ။ ၁၉၉၆ ဖြတ် ၄ ဖြတ်ခေတ်က ရှိထားပြီးသား ဒုက္ခသည်များကိုတောင် သူတိူ့ နိုင်ငံထဲ မရှိတော့အောင် လုပ်ချင်နေပါတယ်။

မေး-အထူးသဖြင့် ကရင်နီ ဒေသ မှာ စစ်ရှောင်ပြည်သူ တွေအတွက် လုံလောက်မျှတတဲ့ စားနပ်ရိက္ခာ ဖြန့်ဝေနိုင်မှု လျော့ကျလာနေတယ်၊ပြတ်လပ်တာတွေ ရှိနေတယ်လို့လဲ သိရပါ​တော့ နည်းနည်းအ​သေးစိပ်ရှင်းပြ​ပေးပါလား။

ဖြေ-အဲဒါက အကြောင်းအမျိုးမျိုးကြောင့် လျော့ကျနေတာဖြစ်ပါတယ်။ တခါတလေ လမ်းပမ်းဆက်သွယ်ရေး၊ လုံခြုံရေးအခက်အခဲတွေ၊ ကားဆီစျေးတွေ အဆမတန်စျေးတက်နေတာတွေကြောင့်ပါ။ စစ်ရှောင်တွေကို အနီးကပ်ကူညီပေးလေ့ရှိတဲ့ သူတစ်ဦးက ရှိတဲ့ဘတ်ဂျက်နဲ့ ဆန်ပဲဝယ်ရမလား ကားခပဲပေးရမလား ပြသနာဖြစ်နေတယ် တဲ့။ ဆန်စျေးက ၂ ဆတက်နေတဲ့အပြင် သွားလာရေးမလုံခြုံမှု၊ ဆီစျေးအဆမတန်မြင့်တက်နေမှု(ခုဆို ကားဆီကို လိုသလောက် မဝယ်ရတော့ပဲ အကန့်အသန့်နဲ့သာ ဆိုင်က ရောင်းပေးပါတော့တယ်)တွေကြောင့် ကားသမားတွေလည်း စွန့်စားသွားရတဲ့အခြေအနေတွေကြောင့် အကူအညီက ရသင့်သလောက်မရဖြစ်နေတာပါ။

(တိုက်ပွဲကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရသော မယ်စဲ့မြို့နယ်ရှိ ဒေသခံပြည်သူများနှင့် မယ်စဲ့မြို့တည်​နေရာကိုတွေ့ရစဥ်။ ဓာတ်ပုံ - Kantarawaddy Times)
(တိုက်ပွဲကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရသော မယ်စဲ့မြို့နယ်ရှိ ဒေသခံပြည်သူများနှင့် မယ်စဲ့မြို့တည်​နေရာကိုတွေ့ရစဥ်။ ဓာတ်ပုံ – Kantarawaddy Times)

မေး-WFP ရဲ့ စားနပ်ရိက္ခာ ဖြန့်​ဝေတာ​တွေက​ရော ဘယ်​လောက်ထိရောက်မှုရှိတယ်လိုမြင်လဲ။

ဖြေ-WFPလည်း ရိက္ခာ‌​ဝေတာတွေရှိပါတယ်။ သူတို့က စစ်ကောင်စီနဲ့သာ ပူးပေါင်းလုပ်ဆောင်ရတဲ့ အခြေ အနေတွေနဲ့မလို့ မထိရောက်ပါဘူး။ ထိုင်းနယ်စပ်နားက စစ်ရှောင်စခန်းတွေဆိုရင် ရိက္ခာအားလုံးက ထိုင်းနိုင်ငံကနေပဲ မှာယူပြီး တင်ပို့ရတာဖြစ်ပါတယ်။ တခါတလေ ထိုင်းအာဏာပိုင်တွေက ကရင်နီတတပ်မတော်ကို ဖိအားပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ရိက္ခာတင်ပို့ခွင့် မပြုတော့တာတွေ လုပ်တတ်ပါတယ်။ ခုတကြိမ်သူတို့ ရိက္ခာတင်ပို့လမ်းပိတ်တားတာတစ်လလောက်ရှိပါပြီ။ခုထိလည်း ပြန်မဖွင့်သေးဘူး။

မေး-ဒါဆို စစ်ရှောင်ပြည်သူတွေနဲ့ပက်သတ်လို့ နိုင်ငံတကာ အကူအညီ​တွေက မျှော်မှန်းသ​​လောက်ရပါသလား။

ဖြေ-နိုင်ငံတကာအကူအညီနဲ့ပါတ်သက်လို့ မျှော်မှန်းထားသလောက်တော့ ဖြစ်မလာဘူးလို့ ပြောနိုင်ပါတယ်။ Humanitarian aid လုပ်ဆောင်နေတဲ့ နိုင်ငံ တကာအဖွဲ့တွေရှိပေမယ့် သူတို့လည်း သူတို့ အကန့်အသန့်နဲ့ ရှိနေလားတော့မသိပါဘူး။ ဥပမာ cross- border ပေးဖို့ဆို အခက်အခဲရှိတဲ့ အနေအထားမှာ ရှိနေပါတယ်။

မေး- အခု ရက်ပိုင်း မိုးဗြဲမှာစစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသလို အရပ်သားတွေကိုသတ်ဖြတ်တာနဲ့ ပတ်သက်လို့ရောဘယ်လိုမြင်ပါလဲ။

ဖြေ-ပြည်သူ့နေအိမ်တွေ၊ ဘာသာရေးအဆောက်အအုံတွေမှာ တပ်စွဲထားခြင်းတွေဟာ စစ်ကျင့်ဝတ်နဲ့မညီတဲ့ အပြုအမူတွေပါ။ ပဋိပက္ခမှာ မပါတဲ့ အရပ်သားပြည်သူတွေကို အကြောင်းမဲ့သတ်ဖြတ်ခြင်းတွေဟာလည်း လက်နက်ကိုင်အချင်းချင်း မနိုင်လို့ လက်နက်မဲ့တွေကို တဖက်သတ်အနိုင်ကျင့်နေတာလို့ပဲ သုံးသပ်ပါတယ်။ အဲလို သတ်ဖြတ်ခြင်းဟာလည်း စစ်ကောင်စီကနိုင်ငံ တကာဥပဒေကိုလည်း ပြောင်ပြောင်တင်းတင်း ကျူးလွန်တယ်လို့ပဲ ပြောချင်ပါတယ်။

မေး-နောက်ဆုံး​မေးခွန်းအနေနဲ့ စစ်ရှောင်ပြည်သူတွေနဲ့ ဒေသခံပြည်သူအတွက် ဘာ​တွေတောင်းဆိုချင်ပါလဲ။

ဖြေ-စစ်ရေးနိုင်ငံရေးအခြေအနေအရ ရှေ့ဆက် စစ်‌‌ ရှောင်ပြည်သူတွေ ပိုမိုများပြားလာမယ့် အနေအထားမျိုးမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေအနေနဲ့ ပိုပြီး အား စိုက်ထုတ် ကူညီဖို့ လိုအပ်နေပါပြီ။

​ဖြေ​ကြားပေးတာကျေးဇူးတင်ပါတယ်။ ။