Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“စကစက သူ့ဟာသူ လက်နက်မချရင် ကျနော်တို့က ဒီထက်ပိုပြင်းထန်တဲ့ ထိုးစစ် စစ်ဆင်ရေးလုပ်ဖို့တော့အများကြီးရှိပါတယ်”

ဘုံဇုံးစခန်းသိမ်းတိုက်ပွဲအခြေအနေကိုချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်မှူးတစ်ဦးကို People’s Spring က ဆက်သွယ်မေးမြန်းထားပါတယ်။

"စကစက သူ့ဟာသူ လက်နက်မချရင် ကျနော်တို့က ဒီထက်ပိုပြင်းထန်တဲ့ ထိုးစစ် စစ်ဆင်ရေးလုပ်ဖို့တော့အများကြီးရှိပါတယ်"
"စကစက သူ့ဟာသူ လက်နက်မချရင် ကျနော်တို့က ဒီထက်ပိုပြင်းထန်တဲ့ ထိုးစစ် စစ်ဆင်ရေးလုပ်ဖို့တော့အများကြီးရှိပါတယ်"

CDF ဟားခါး တပ်မှူးတစ်ဦးနှင့် မေးမြန်းခန်း

မ​ကွေး-ချင်းပြည်နယ်အစပ်မှဟားခါးမြို့နယ်ရှိအင်အား ၇၀​ကျော်ပါ​သောဘုံဇုံးစစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာ၁၇ရက်ည​နေမှာစတင်တိုက်ခိုက်ပြီ ဒီက​နေ့ (ဒီဇင်ဘာ ၁၈ ရက်)မှာသိမ်းပိုက်ခဲ့ပါတယ်။ ဘုံဇုံးစခန်းသိမ်းတိုက်ပွဲအခြေအနေကိုချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်မှူးတစ်ဦးကို People’s Spring က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ဒီနေ့မနက်မှာ ဘုံဇုံးစစ်ကောင်စီစခန်းကိုသိမ်းပိုက်ခဲ့တာကို ရှင်းပြပေးပါလား

ဖြေ။ကျနော်တို့ မနေ့ကနေစတယ်။ မနေ့ညကနေ မနက်အထိပေါ့။ ဒီနေ့မနက် ၁၁နာရီကနေ ၁၂နာရီကြားမှာ စစ်တပ် စကစဘက်က စခန်း ကျနော်တို့လက်ထဲရောက်သွားတာပေါ့နော်။ ဖြစ်စဉ်အကျဉ်းက အဲဒီလိုဟုတ်တယ်။

Public Service Announcement

Public Service Announcement

မေး။ ဘုံဇုံးစခန်းတည်နေရာ အနေအထားကစစ်​ရေးအရဘယ်​လောက်အ​ရေးပါလဲ ။

ဖြေ။ ဘုံဇုံးဆိုတာ ကျနော်တို့အတွက် အင်မတန်မှ အရေးကြီးတယ်။ဘာဖြစ်လို့လဲဆိုရင် မကွေးတိုင်းနဲ့ချင်းပြည်နယ် နယ်စပ်ကျတယ်။ ကျနော်အတွက် အင်မတန်အရေးကြီးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ ဂိတ်လည်းချထားတယ်ဆိုတော့လေ။ ဘုံဇုံးစခန်းကျနော်တို့ လက်ထဲရောက်သွားတဲ့အခါ ဂန့်ဂေါဘက်မှာကျနော်တို့ စစ်ဆင်ရေးပိုလုပ်နိုင်တာပေါ့။ ပြီးတဲ့အခါကျတော့ မြို့သိမ်းတိုက်ပွဲအတွက်‌ ပြင်ဆင်မှုတွေလုပ်ဖို့အတွက် ဗျူဟာပိုင်းစစ်ရေးပိုင်းအတွက်အင်မတန်မှအများကြီး အခွင့်အလမ်းပိုကောင်းသွားတာပေါ့။ အဲဒီ စခန်းကျနော်တို့ လက်ထဲရောက်ဖို့ မဟာဗျူဟာ စနစ်တကျဆွဲပြီးတော့ပေါ့ ၊ကျနော်တို့လက်ထဲရောက်သွားတာ အင်မတန်မှ ကောင်းပါတယ်။

မေး။ စခန်းသိမ်းတိုက်ပွဲမှာအခြားဘယ်တပ်ဖွဲ့တွေပါ​သေးလဲ

ဖြေ။ ။ ဒီစစ်ဆင်ရေးမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ပါတယ်။ ချင်းအမျိုးသားတပ်မတော်လည်းပါတယ်။ ပြီးတော့ CDF KKG လည်းပါတယ်။ CDF ထန်တလန်လည်းပါတယ်။ ဒါကျနော်တို့ နယ်မြေဆိုတော့ အဓိကက ကျနော်တို့ CDF ဟာခါးပဲ။

မေး။တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေဘယ်လိုရှိပါသလဲ။

ဖြေ။ကျနော်တို့ဘက်မှာရဲဘော် ၂ယောက်ကျဆုံးသွားတယ်။ ဒဏ်ရာရတဲ့သူ ၅ ယောက်ရှိတယ်။ စကစဘက်က အကုန်လုံး ကျနော်တို့လက်ထဲရောက်သွားတာပေါ့။ သူတို့ ဘယ်လောက်ကျဆုံးတယ်ဆိုတာထက်ပဲ ကျနော်တို့လက်ထဲရောက်သွားတယ်။ ကျနော်တို့ အရှင်ဖမ်းတာလည်းရှိတယ်။ အဲဒီအထဲမှာ ဗိုလ်ကြီးအဆင့်ရှိတဲ့သူလည်း အရှင်ဖမ်းထားတယ်။ ထွက်ပြေးတဲ့ သူတွေလည်း ကျနော်တို့ လိုက်ဖမ်းတာပေါ့နော်။ အကုန်လုံး ကျနော်တို့ လက်ထဲရောက်သွားပါတယ်။ အလင်းဝင်တယ်ဆိုတာထက်သူတို့က လက်နက်ချသွားတာပေါ့။ထွက်ပြေးတဲ့သူတွေအကုန်လုံးကျနော်တို့ လိုက်ဖမ်းပါတယ်။

မေး။စစ်​ကောင်စီတပ်အနေအထားရောဘယ်လိုရှိပါသလဲ။

ဖြေ။သူတို့တပ်အနေအထားကတော့ ကျနော်တို့ထင်သလော အင်အားက ကွက်တိအတိုင်းပါပဲ။ စကစ အင်အားတွေသိပ်မရှိတော့ဘူး။ မြို့ပေါ်လောက်ပဲအဓိက ဦးစားပေး စစ်တပ်တွေအင်အားဖြည့်ထားတယ်။ ပုံမှန်ပါပဲ။ သူတို့ စခန်းဖွဲ့စည်းပုံကလည်း အရင်ကလိုပဲ သိပ်မကွာပါဘူး။

မေး။သူတို့စစ်ကူလာသေးလား။

ဖြေ။မလာပါဘူး။ ဂျက်ဖိုက်တာတော့တက်တယ်။ မပစ်ပါဘူး။

မေး။ရှေ့ဆက်စစ်ရေးဆောင်ရွက်မယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး လူထုကိုဘာ​ပြောချင်လဲ။

ဖြေ။ရှေ့ဆက်ကတော့ ကျနော်တို့ကထိုးစစ် စစ်ဆင်ရေးလို့ ပြောရမလား အဲဒါလုပ်ဖို့ရှိပါသေးတယ်။ ဒီတော်လှန်ရေးက အမြန်ဆုံးပြီးချင်ပြီဆိုတော့လေ။ ပြည်သူလူထုကပဲဖြစ်ဖြစ် ကျနော်တို့ ရဲဘော်အကုန်လုံးကပဲဖြစ်ဖြစ်ပေါ့နော်။ ဒီတောထဲမှာ နေတာကလည်း ကြာပြီဆိုတော့လေ။ စကစက သူ့ဟာသူ လက်နက်မချရင် ကျနော်တို့က ဒီထက်ပိုပြင်းထန်တဲ့ ထိုးစစ် စစ်ဆင်ရေးလုပ်ဖို့တော့ အများကြီးရှိပါတယ်။ နောက်ထပ်နောက်ထပ်ပေါ့။

မေး။ စခန်းသိမ်းတိုက်ပွဲမှာလက်နက်ခဲယမ်းရရှိမှုကိုပြောပြပေးပါလား။

ဖြေ။ဟုတ်ကဲ့ လက်နက်ခဲယမ်းတွေတော့ အများကြီးသိမ်းထားပါတယ်။ သူတို့ဆီ ရှိသမျှ အကုန်လုံး ကျနော်တို့ လက်ထဲရောက်သွားပါတယ်။ အရေအတွက်ကတော့ ကျနော်တို့ ရှင်းလင်းရေးလုပ်တုန်း အရေအတွက်တော့ ပြောလို့မရသေးဘူး တော်တော်များများတော့ရပါတယ်။

မေး။စစ်ကောင်စီတပ်က တိုက်ပွဲတိုင်းမှာ စစ်ရှုံးနေတော့ စကစတပ်သားတွေကိုဘာပြောချင်လဲ။

ဖြေ။သူတို့ကတော့ အခုအချိန်မှာ သူတို့ အင်အားက တဖြည်းဖြည်းလျော့လာတာပေါ့။ အခုအချိန်မှာ တဖြည်းဖြည်းမဟုတ်တော့ဘူး အခုအချိန် တဖြည်းဖြည်းဆိုတာထက်စာရင် ဒီနေ့နဲ့မနက်ဖြန် သူတို့ အင်အားမတူတော့ဘူး။ သူတို့ကတော့ မကြာခင် အဆုံးသတ်သွားလိမ့်မယ်လို့ ကျနော်ထင်တယ်။ သူတို့ အင်အားလည်းသိပ်မဟုတ်တော့ပါဘူး။ အစိုးရတစ်ရပ်ကို ကိုင်နိုင်တဲ့အရည်အချင်းဆိုတာ မရှိတော့ပါဘူး။

ကျေးဇူးတင်ပါတယ်။ ။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းမှုသုံးနှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ရက်မှာCNF ကဦး​ဆောင်ပြီးချင်းပြည်အစိုးရကိုဖွဲ့စည်း​ကြောင်း​ကြေညာပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။