Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကုလရဲ့ မြန်မာအထူးကိုယ်စားလှယ် အာဆီယံ ဆက်စပ် အစည်းအဝေးတွေ တက်ဖို့ စီစဉ်ထား

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရာနာ ဘာဂျနာ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရာနာ ဘာဂျနာဟာ အာဆီယံက ဆက်စပ် အစည်းအဝေးတွေကို တက်ရောက်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဧပြီ ၂၂ ရက်မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်ကို ရောက်ရှိလာမယ့် ဘာဂျနာဟာ မြန်မာနိုင်ငံအရေး ဆွေးနွေးမယ့် အာဆီယံ ညီလာခံကိုတော့ တက်ရောက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ညီလာခံနဲ့ ဆက်စပ် အစည်းအဝေးတွေမှာ ပါဝင် ဆွေးနွေးသွားမယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုအပြီး ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းမှုကြောင့် လူ ၈၀၀ နီးပါး သေဆုံးခဲ့တဲ့နောက် မြန်မာ့အရေးကို အာဆီယံ အသိုက်အဝန်းက ပူးပေါင်း ဖြေရှင်းဖို့ ပိုမို အားထုတ်လာတာ ဖြစ်ပါတယ်။ ဧပြီ ၂၄ ရက်ကျရင် ဂျကာတာမှာ ကျင်းပမယ့် အာဆီယံ ညီလာခံကို အာဏာသိမ်း မြန်မာစစ်တပ် အကြီးအကဲ မင်းအောင်လှိုင်နဲ့ အာဆီယံ နိုင်ငံတချို့ရဲ့ ခေါင်းဆောင်တွေ တက်ရောက်ကြမှာပါ။

ဧပြီ ၁ ရက်က ကုလသမဂ္ဂ လုံခြုံရေး ညီလာခံမှာ ပြုလုပ်တဲ့ တံခါးပိတ် အစည်းအဝေးမှာ ဘာဂျနာက တကယ်လို့ စုပေါင်း ဆောင်ရွက် တုံ့ပြန်မှုတွေ မရှိဘူးဆိုရင် မြန်မာနိုင်ငံမှာ နောက်ထပ် သွေးချောင်းစီးမှုတွေ မလွဲမသွေ ကြုံလာမယ်လို့ သတိပေးထားဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဂျကာတာကို ရောက်ရှိနေချိန် အတောအတွင်း ဘာဂျနာဟာ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဘရူနိုင်း နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အစည်းအဝေး ပြုလုပ်မယ်လို့ ကုလသမဂ္ဂ အရာရှိ တစ်ဦးက ပြောပါတယ်။ ပြီးတော့ မင်းအောင်လှိုင်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့လည်း တောင်းဆိုထားကြောင်း ဂျပန် အခြေစိုက် Nikkei Asia သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဘာဂျနာဟာ လွန်ခဲ့တဲ့ ၁၂ ရက်အတွင်း ထိုင်းနိုင်ငံကို ရောက်ရှိနေပြီး မြန်မာနိုင်ငံကို ဝင်ရောက်ခွင့်ရဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် အာဏာသိမ်း စစ်တပ်က အစဉ်တစိုက် ငြင်းပယ်ခဲ့ပါတယ်။ အခုလည်း ဘာဂျနာနဲ့ မင်းအောင်လှိုင် တွေ့ဆုံရေး ကိစ္စဟာ အထမြောက်ဖို့ ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့ ကုလသမဂ္ဂ အရာရှိ တစ်ဦးက သုံးသပ် ပြောကြားသွားပါတယ်။

အင်ဒိုနီးရှား အစိုးရဖက်ကတော့ ဘာဂျနာနဲ့ တွေ့ဆုံဖို့ နိုင်ငံခြားရေး ဝန်ကြီး ရက်တ်နို မာဆူဒီက လိုလိုလားလား ရှိနေကြောင်း ကြေညာခဲ့ပြီး စင်ကာပူနဲ့ ဘရူနိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လတ်တလော ဘာမှတ်ချက်မှ မပေးသေးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာပြည်သူများအတွက် ဂျပန်အစိုးရ ပေးအပ်မည့် ဒေါ်လာ ၄၇ သန်းကျော်မှာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် NGO များမှတဆင့် ပြည်သူများထံ တိုက်ရိုက်အကျိိုးရှိိရန် ဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

ယနေ့လှုပ်ရှားမှုပြုလုပ်သည့်အချိန်ထိ မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် အပြစ်မဲ့ပြည်သူ ၃,၀၀၀နီးပါးကို သတ်ဖြတ်ပြီးခဲ့ပြီဖြစ်ပြီး အိမ်ပေါင်း ၂၈,၀၀၀ကျော်ကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။

သတင်း

ယင်းဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ၂၀၀ ကျော် ပူးပေါင်း ပါဝင်ခဲ့ကြပြီး UN မှတာဝန်ရှိသူများထံသို့ မြန်မာပြည်သူများ၏ သဘောထား ဆန္ဒ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

News

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရဖို့ NUG နဲ့ စစ်ကောင်စီက အပြိုင်တင်သွင်းထားတာကြောင့်ကိုယ်စားလှယ် စိစစ်ရေးကော်မတီက ဆုံးဖြတ်ရွေးချယ်ရမှာဖြစ်ပါတယ်။