Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူများ အကြမ်းဖက်ခံရမှု တားဆီးပေးရန် ဂျိုးဘိုင်ဒင်ကို အောင်လတောင်းဆို

စစ်ကောင်စီ၏ မြန်မာပြည်သူများအပေါ် အကြမ်းဖက် တိုက်ခိုက်ခံနေရသည့် အခြေအနေကို တားဆီးပေးရန် အောင်လအန်ဆန်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ထံသို့ တောင်းဆိုလိုက်ကြောင်း နိုင်ငံတကာအခြေစိုက် MMA Junkie Radio မီဒီယာက ဖော်ပြသည်။

” မြန်မာနိုင်ငံမှာ နေ့စဥ် ဆန္ဒပြ ပြည်သူတွေကို စစ်အစိုးရက အကြမ်းဖက်နှိပ်စက်သတ်ဖြတ်နေတာကို သိမြင်နေရပါတယ်။ ကလေးငယ်တွေကို သတ်ဖြတ်နေတဲ့ ရုပ်သံဖိုင်ကို ကြည့်ရတဲ့ ရက်ကဆို လေ့ကျင့်မှုတောင် အာရုံစိုက်ဖို့ ခဲယဥ်းလောက်အောင် ဝမ်းနည်းမိပါတယ်။ ဒါ့ကြောင့် အမေရိကန် သမ္မတကြီး ဘိုင်ဒင်အနေနဲ့ မြန်မာစစ်အစိုးရကို တားဆီးပေးနိုင်မယ် ဆိုရင် မြန်မာပြည်သူတွေအတွက် အကူအညီဖြစ်စေနိုင်ပါလိမ့်မယ် ” ဟု အောင်လက MMA Junkie Radio နှင့် မေးမြန်းမှု၌ ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် သတင်းမိဒီယာများ ပိတ်ဆို့ခံနေရကြောင်း၊ ပြည်သူများကို အိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးခံနေရကြောင်းတို့ကို သမ္မကြီး ဘိုင်ဒင်အနေဖြင့် မြန်မာစစ်အစိုးရကို ဆက်သွယ်တားဆီးပေးပါက မြန်မာပြည်သူများ အားလုံးက ကျေးဇူးတင်မည် ဖြစ်ကြောင်း အောင်လက တိုက်တွန်းပြောကြားခဲ့သည်။

စစ်အာဏာသိမ်းပြီး ရက်ပေါင်း ၈၀ အတွင်း မြန်မာနိုင်ငံ၌ သေဆုံးသူ ၇၃၉ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဧပြီ ၂၁ ရက်က ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အောင်လအန်ဆန်သည် လာမည့် ဧပြီ ၂၈ ရက်တွင် အမေရိကန်နိုင်ငံ၌ ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်နှင့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံကာကွယ်ပွဲ ယှဥ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သားဖြစ်သူကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က စွဲချက်တွေကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်လာတဲ့နောက် အိမ်ဖြူတော်က အကြောင်းပြချက်ပေး ဖြေရှင်းခဲ့ရပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ သားဖြစ်သူ ဟန်တာ ဘိုင်ဒန်အတွက် တရားဝင် လွတ်ငြိမ်းချမ်းသာခွင့်ကို လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်ပါတယ်။

သတင်း

အမေရိကန်နိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၇) နံနက်က ကျင်းပသည့် One Championship MMA ပြိုင်ပွဲတွင် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် တူရကီဖိုက်တာ အာဒိုဂန်ကို ရှုံးနိမ့်ခဲ့သည်။

သတင်း

မနက်ဖြန်တွင် ထိုးသတ်မည့် MMA One Championship ပြိုင်ပွဲတွင် ပြိုင်ဘက် ကစားသမား အာဒိုဂန်ကို တတိယအချီတွင် အလဲထိုးအနိုင်ယူမည်ဟု MMA ဖိုက်တာ အောင်လအန်ဆန်က ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ကြုံးဝါးခဲ့သည်။