Connect with us

Hi, what are you looking for?

LuduNwayOo

News

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်းအပေါ် ဝမ်းမြောက်ဟု PPST ဥက္ကဌပြော

ပြည်သူ ၇၀၀​ကျော်​သေဆုံးမှုအတွက် တာဝန်ယူရမည်ဟုဆို

အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းနိုင်ခဲ့ခြင်းကို ဝမ်းမြောက်ကြောင်း ဒီကနေ့မှာ စတင်ကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ယင်းအပြင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်းပေါ်ပေါက်လာသော နွေဦးတော်လှန်ရေးအတွင်း စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့သော အရပ်သား ၇၅၀ ကျော်အတွက် စစ်ကောင်စီခေါင်းဆောင်များက တာဝန်ယူရမည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ထပ်မံပြောကြားသည်။

Public Service Announcement

Public Service Announcement

အာဆီယံထိပ်သီးအစည်းအဝေးသဘောတူညီချက်များဖြစ်သည့် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးရေး၊တွေ့ဆုံဆွေးနွေးရေးကို အာဆီယံအထူးကိုယ်စားလှယ်က ကြားဝင်စေ့စပ်ပေးရေး၊လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေး နှင့် အာဆီယံ အထူးကိုယ်စားလှယ် မြန်မာပြည်အတွင်းသို့ဝင်ရောက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်တွေ့ဆုံခွင့်ရရေး တို့ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO)တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး /ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ပါဝင်သည်။