Connect with us

Hi, what are you looking for?

News

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်းအပေါ် ဝမ်းမြောက်ဟု PPST ဥက္ကဌပြော

ပြည်သူ ၇၀၀​ကျော်​သေဆုံးမှုအတွက် တာဝန်ယူရမည်ဟုဆို

အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းနိုင်ခဲ့ခြင်းကို ဝမ်းမြောက်ကြောင်း ဒီကနေ့မှာ စတင်ကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ယင်းအပြင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်းပေါ်ပေါက်လာသော နွေဦးတော်လှန်ရေးအတွင်း စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့သော အရပ်သား ၇၅၀ ကျော်အတွက် စစ်ကောင်စီခေါင်းဆောင်များက တာဝန်ယူရမည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ထပ်မံပြောကြားသည်။

အာဆီယံထိပ်သီးအစည်းအဝေးသဘောတူညီချက်များဖြစ်သည့် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးရေး၊တွေ့ဆုံဆွေးနွေးရေးကို အာဆီယံအထူးကိုယ်စားလှယ်က ကြားဝင်စေ့စပ်ပေးရေး၊လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေး နှင့် အာဆီယံ အထူးကိုယ်စားလှယ် မြန်မာပြည်အတွင်းသို့ဝင်ရောက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်တွေ့ဆုံခွင့်ရရေး တို့ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO)တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး /ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ပါဝင်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို