Connect with us

Hi, what are you looking for?

News

သော်လဲထာ စခန်းကို KNU တက်သိမ်းရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံး

မြန်မာ-ထိုင်း နယ်စပ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို KNU က ဒီမနက် တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ သေဆုံးခဲ့တယ်လို့ ထိုင်း PBS သတင်းဌာနက ဖော်ပြထားပါတယ်။

ဧပြီ ၂၇ ရက် မနက် ၄ နာရီခွဲလောက်က အကြမ်းဖက်စစ်အုပ်စုရဲ့ သော်လဲထာစစ်စခန်းကို KNU/KNLA က ဝင်ရောက် သိမ်းပိုက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

KNU ဖက်ကလည်း ဗိုလ်တစ်ဦးအပါအဝင် ၄ ဦးကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အဲ့ဒီ ထိုင်းသတင်းဌာနကဆိုပါတယ်။

အင်အား ၁၀၀ လောက်ရှိတဲ့ အဲ့ဒီ စစ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်းကို KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူက ပြောထားပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုနဲ့ ဖမ်းဆီးရရှိမှုအခြေအနေတွေကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။