Connect with us

Hi, what are you looking for?

LuduNwayOo

News

သော်လဲထာ စခန်းကို KNU တက်သိမ်းရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံး

မြန်မာ-ထိုင်း နယ်စပ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို KNU က ဒီမနက် တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ သေဆုံးခဲ့တယ်လို့ ထိုင်း PBS သတင်းဌာနက ဖော်ပြထားပါတယ်။

ဧပြီ ၂၇ ရက် မနက် ၄ နာရီခွဲလောက်က အကြမ်းဖက်စစ်အုပ်စုရဲ့ သော်လဲထာစစ်စခန်းကို KNU/KNLA က ဝင်ရောက် သိမ်းပိုက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

KNU ဖက်ကလည်း ဗိုလ်တစ်ဦးအပါအဝင် ၄ ဦးကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အဲ့ဒီ ထိုင်းသတင်းဌာနကဆိုပါတယ်။

အင်အား ၁၀၀ လောက်ရှိတဲ့ အဲ့ဒီ စစ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်းကို KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူက ပြောထားပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုနဲ့ ဖမ်းဆီးရရှိမှုအခြေအနေတွေကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။