ဒီညကစလို့ ဖိုက်ဘာအင်တာနက်လိုင်းတွေ ညသန်းခေါင်ယံ အင်တာနက်ဖြတ်တောက်မှု မလုပ်တော့ဘူးလို့ သတင်းရရှိပါတယ်။
Broadband နဲ့ Mobile အင်တာနက်တွေကတော့ ဆက်လက်ပိတ်ထားဦးမှာဖြစ်ပြီး အခုရနေတဲ့ ဖိုက်ဘာလိုင်းတစ်မျိုးတည်းကိုပဲ အချိန်ပြည့် ပေးသွားမှာဖြစ်ပါတယ်။
အခုလက်ရှိမှာတော့ မနက် ၁ နာရီကနေ ၉ နာရီအထိ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတာဖြစ်ပါတယ်။
အခုဆိုရင် ညဖက်တွေ အင်တာနက်ဖြတ်တောက်တာ ၇၃ ရက်ရှိပြီဖြစ်ပြီး မိုဘိုင်းအင်တာနက်တွေ လုံးဝဖြတ်တောက်ထားတာကတော့ ၄၄ ရက်ရှိပြီဖြစ်ပါတယ်။

Public Service Announcement
