အာဏာသိမ်းစစ်ကောင်စီက အင်တာနက်အားလုံးဖြတ်တောက်ရန် စီစဥ်နေတယ်ဆိုတဲ့ ညွန်ကြားစာတစ်ရွက်ဒီနေ့ညမှာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒီစာက မှန်၊ မမှန် People’s Spring က အတည်ပြုလို့မရသေးပါဘူး။
စစ်ကောင်စီက မိုဘိုင်းအင်တာနက် ၊ ဝိုင်ဖိုင်အင်တာနက်တွေကို ဖျက်တောက်ထားတာမှာ ယခုနောက်ဆုံးတစ်ခုတည်းသာကျန်တော့တဲ့ ဖိုက်ဘာအင်တာနက်ကိုပါဖျက်တောက်ဖို့ စီစဥ်နေကြောင်း စာမှာတွေ့ရပါတယ်။ အင်ထရာနက် (Intranet)ဆိုပြီး အွန်လိုင်းပေါ်တက်မရဘဲ နက်ဝပ်ချိတ်ထားတဲ့ စက်တွေအတွင်းမှာပဲ အချက်အလက်တွေ ဖလှယ်ရတဲ့မြန်မာနိုင်ငံမှာ ၂၀၀၀ ပြည်နှစ်ဝန်းကျင်က သုံးခဲ့တဲ့ဝန်ဆောင်မှုကို ပြန်သုံးဖို့စစ်ကောင်စီကစီစဥ်နေတဲ့ပုံစံပါ ။ အင်တာနက်တွေဖြတ်တောက်မှုကြောင့် ကုန်သွယ်ရေး ၊ဘဏ်လုပ်ငန်း၊အွန်လိုင်းအခြေပြု ရောင်ဝယ်ချင်းလုပ်ငန်းတွေအားလုံးအကြီးအကျယ် ထိ့ခိုက်ခဲ့ရပါတယ်။
ပြည်သူတွေကတော့ ဒီလိုလုပ်ရင် ဘက်ပေါင်းစုံပိတ်ဆို့ခံထားရပြီး အာဏာရှင်နိုင်ငံဖြစ်ပြီးဆင်းရဲလှတဲ့မြောက်ကိုရီးယားလိုဖြစ်တော့မယ်လို့ပြောနေကြပါတယ်။
