Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွှေတိဂုံဘုရားအ​ရှေ့ဘက်မုခ်အနီး​ပေါ်လာတဲ့ ပျောက်ကြားသပိတ်

လူငယ်များ နေ့စဉ်ရက်ဆက် ပျောက်ကြားစနစ် ပုံစံဖြင့် ဆန္ဒပြပွဲများပြုလုပ်

ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ဗဟန်းစျေးအနီးတွင် လူငယ်များ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြစဉ် (ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗဟန်းစျေးအနီးတွင် ယနေ့ (မေလ ၉ ရက်) နံနက်ပိုင်း၌ လူငယ်များ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြကြခဲ့သည်။

ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ဗဟန်းစျေးအနီးတွင် လူငယ်များ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြစဉ် (ဓာတ်ပုံ – CJ)

ယင်းသပိတ်စစ်ကြောင်းတွင် ဗဟန်း၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင် စသည့် မြို့နယ်အသီးသီးမှ လူငယ်များနှင့် အလွှာလွှာ အသီးသီးမှ ပြည်သူများ တစ်ရာ ဝန်းကျင် ပါဝင်သည်။

ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ဗဟန်းစျေးအနီးတွင် လူငယ်များ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြစဉ် (ဓာတ်ပုံ – CJ)

လူငယ်များသည် “အပီကြမ်းမယ့် ဒီဗဟန်းပြန်လာပြီ”၊ ” ဂျပုမပိုင်တဲ့ ငါတို့လှိုင်” စ​သောစာတမ်းကိုင်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီ ရရှိရေး ဆန္ဒပြကြွေးကြော်၍ ဗဟန်းစျေးမှတစ်ဆင့် ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် စျေးတန်းနားအထိ ချီတက် ဆန္ဒပြခဲ့သည်။

ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ဗဟန်းစျေးအနီးတွင် လူငယ်များ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြစဉ် (ဓာတ်ပုံ – CJ)

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသည့် လူငယ်များကို စစ်ကောင်စီက အကြမ်းဖက် ဖြိုခွင်း ပစ်ခတ်မှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပျောက်ကြားစနစ် ပုံစံဖြင့် ဆန္ဒပြပွဲ ပြုလုပ်ခဲ့သလို ယခုရက်ပိုင်းအတွင်း လမ်းမကြီးများပေါ်အထိ ဆန္ဒပြပွဲများ အရှိန်အဟုန်မြှင့် အားကောင်းလာသည်။

Public Service Announcement

Public Service Announcement

ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ဗဟန်းစျေးအနီးတွင် လူငယ်များ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြစဉ် (ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

ရွှေတိဂုံဘုရားသို့ မကြာခဏသွား​ရောက်ဘုရာဖူး​လေ့ရှိ​သောပြည်သူတစ်ဦးကလည်း "အနောက်ဘက်စောင်းတန်းက အိမ်သာတွေဆို ညနေဘက်သွားရင် ပေါ်တင်လုပ်နေတာ ဆေးနံ့တွေ မွှန်ထူနေတာပဲ။ " ဟုပြောသည်။

သတင်း

ကားလမ်းများပါ ရေကြီးရေလျှံမှု​ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဆိုးဆိုးရွားရွားဖြစ်ခဲ့ကြောင်း ခရီးသွားများကပြောသည်။

ဗီဒီယို

ရွေတိဂုံဘုရား၌ ယနေ့နံနက်ကတည်းက ဘုရားဖူးလာရောက်သူများပြားခဲ့ပြီး ည ၇နာရီအချိန်ခန့်အထိ ရင်ပြင်တော်၌ ဘုရားဖူးတော်တော်များများတွေ့ခဲ့ရသည်။

သတင်း

လိင်ဖျော်ဖြေရေးအရုပ်နှစ်ရုပ်ကိုရန်ကုန်မြို့၊ ရွှေတိဂုံဘုရား သိင်္ဂုတ္တရကုန်းသို့ယူ​ဆောင်လာ၍ မယ်တော်အဖြစ်ရင်​ငွေ့ခိုလှုံစည်ဆိုကာအသက်သွင်းပွဲပြုလုပ် ခြင်းအ​ပေါ် ပြည်သူများက အပြင်းအထန်​ဝေဖန်​နေကြသည်။ နိူင်ငံတကာတွင်လိင်​ဖျော်​ဖြေ​ရေးအရုပ်အဖြစ်အသုံးပြု​နေ​​သောအရုပ်နှစ်ရုပ်ကိုလောကီဝိဇ္ဇာဓိုရ် မိန်းမလှဒေဝီအထက်ဂိုဏ်းချုပ်ကြီးဆိုသူက တစ်ရုပ်လျှင် ဒေါ်လာ၂၄၀ဝ ဖြင့် ဝယ်ယူခဲ့ကြောင်း၊ လူအစစ်နှင့်တူ၍ နည်းပညာကိုကြည့်ကာ မှာယူခဲ့ခြင်းဖြစ်ကြောင်း၎င်း၏ ​ဖေစ်ဘွခ်တွင်​ရေးသားထားသည်။ ထိုသူကဦး​ဆောင်၍ ယနေ့ (အောက်တိုဘာ၂၂ ရက်)နံနက်ပိုင်းက ရွှေတိဂုံဘုရား၊ သိင်္ဂုတ္တရကုန်း၌ အဆိုပါလိင်ဖျော်ဖြေရေးအရုပ်နှစ်ရုပ်အား...